(၂၉)

1.7K 156 19
                                    

▶▶▶ လောင်ရှီး◀◀◀

တခဏအကြာတွင် လက်ကို ချလိုက်ပြီး ကျန်းချီကျင်ကို ကြည့်ကာ

"အရသာခံမရတော့ဘူး"

အဲ့ဒါက အဓိကမဟုတ်ဘူးလေ။

ကျန်းချီကျင်သည် သူ့စိတ်ထဲမှ အဝါရောင်အတွေးများကို ဖော်ပြမိမည်စိုးသဖြင့် စိုက်ကြည့်နေမိသည့် အကြည့်တို့ကို ခပ်မြန်မြန်ရုတ်သိမ်းလိုက်သည်။ ထိုအချိန်တွင် ကျန့်မင်ယိ၏အကြည့်တို့က မူမမှန်နေဘဲ သူ့နှုတ်ခမ်းကို စိုက်ကြည့်နေကာ 'လက်မကနေ အရသာခံ မရမှတော့ မင်းနှုတ်ခမ်းကနေ အရသာခံပါရစေ' ဟု ပြောနေသယောင်။

ကျန်းချီကျင်စိတ်ထဲတွင် ထူးထူးဆန်းဆန်းအတွေးတခု ဝင်လာရသည်။ ကျန့်မင်ယိရဲ့စိတ်ထဲမှာရော အဝါရောင်ညစ်ညမ်းအတွေးတွေ အပြည့်ဖြစ်နေတာလား?

"ခင်ဗျား ဘာကြည့်နေတာလဲ?"

ကျန်းချီကျင်သည် ပြတင်းပေါက်ဘောင်ကို ခပ်သာသာမှီလိုက်ပြီး

"နောက်တခါဆိုတာ ရှိမှာမဟုတ်ဘူး၊ နောက်တခါဆို supermarket ကနေ ကိုယ့်ဘာသာ သွားဝယ်မှာ"

"ဘာလို့ အလုပ်ရှုပ်ခံမလဲ?"

ကျန့်မင်ယိသည် ကျန်းချီကျင်၏နှုတ်ခမ်းဆီမှ အကြည့်တို့ကို မျက်ဝန်းများဆီ ပြောင်းလိုက်ပြီး

"ကိုယ် မင်းအတွက် လုပ်ပေးနိုင်ပါတယ်"

"ခင်ဗျားမှာ တခြား ဘာမှလုပ်စရာမရှိဘူးလား?"

ကျန်းချီကျင်က သိချင်စိတ်ဖြင့်မေးလိုက်သည်။

"မရှိဘူး၊ ကိုယ်က အရမ်းကို အားနေတာလေ"

ယခင် ထောင်မကျခင်က ဂုဏ်သရေရှိ ကျန့်မင်ယိနှင့်ယှဥ်လျှင် ယခု ကျန့်မင်ယိက အရမ်းကိုမှ အားနေခြင်း ဖြစ်သည်။ ည ဆယ်နာရီ မီးပိတ်ပြီး မနက် ခြောက်နာရီထကာ နေ့လယ်ခင်း ထမင်းစားနားကြာချိန် သုံးနာရီမှ လွဲ၍ ကျန်အချိန် စတော်ဘယ်ရီပဲ စိုက်နေရခြင်းပင်။

ဤကာလသည် တောင်ပိုင်းအကျဥ်းထောင်တွင် စတော်ဘယ်ရီ သီးသည့်ကာလလည်း ဖြစ်နေသဖြင့် ကျန်းချီကျင်သာဆိုလျှင်လည်း လုပ်စရာတခုခု ရှာလုပ်နေမည်ဖြစ်သည်။

"ဒါဆိုလည်း နောက်တခါကျ အချိုတွေအရမ်းမထည့်နဲ့" ဟု ကျန်းချီကျင်က ပြောလိုက်သည်။

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now