▶▶▶ အခွင့်အရေး ◀◀◀
ကျန်းချီကျင်မှာ ကြားလိုက်သည်နှင့် အလန့်တကြားဖြစ်သွားရသည်။ ဦးစွာ တုံ့ပြန်လိုက်မိသည်က မယုံကြည်နိုင်ဟန်ပင်။
သူက အခိုင်အမာပင်
"မဖြစ်နိုင်တာ၊ ရွှီရှန်းက ဒီမှာရှိနေတာ ဆယ်စုနှစ်တခုတောင် ကျော်နေပြီ၊ သူက ဘာလို့ ထောင်ဖောက်ပြေးမှာလဲ?"
ထိုအခိုက် သူ တစုံတရာအားတွေးမိပြီး အလျင်စလို မေးလိုက်သည်။
"မဟုတ်သေးပါဘူး၊ ခင်ဗျားက သူနဲ့မှ မရင်းနှီးတာ သူ ထောက်ဖောက်ပြေးမယ်ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ?"
"သူနဲ့မရင်းနှီးတာတော့ ဟုတ်ပါတယ်"
ကျန်းချီကျင်က အလျင်စလိုမေးလိုက်ပေမယ့် ကျန့်မင်ယိက ခပ်အေးအေးပင် ပြန်ဖြေပေးသည်။
"ဒါပေမယ့် သူတို့အုပ်စု အခုတလော မူမမှန်ကြဘူး"
"ဘယ်လိုမျိုးလဲ?"
"အဆောက်အဦတွေ ပြန်လည်ပြင်ဆင်နေတာကြောင့် Block A က အကျဉ်းသားတွေကို Block B ကို ရွှေ့ပြောင်းတာ သိတယ်မလား?"
ကျန်းချီကျင် ပြန်လည်ပြင်ဆင်မည့်အကြောင်း ကြားမိပေမယ့် မည်သည့်အချိန်လုပ်မည်ဆိုသည်ကို အာရုံမထားမိပေ။
"ပြန်လည်ပြင်ဆင်နေစဉ်အတွင်းမှာ နေရာတော်တော်များများကို ဆေးပြန်သုတ်တာတွေလုပ်လိမ့်မယ်၊ အဲ့ဒီအတွက် ဆေးသုတ်အဖွဲ့က တာဝန်ကျတယ်"
ဆေးသုတ်အဖွဲ့ဟုဆိုရာတွင် လောင်ကျို့အပါအဝင် ရွှီရှန်းရဲ့လူတော်တော်များများက ထိုအလုပ်ရုံတွင် အလုပ်လုပ်ကြသည်။
"ဆေးသုတ်တာနဲ့ ထောင်ဖောက်တာနဲ့ ဘာဆိုင်လို့လဲ?"
ကျန်းချီကျင်က နားမလည်နိုင်စွာမေးသည်။
"ပြောရမှာတော့ ရှုပ်တယ်၊ အဲ့ဒီဆေးသုတ်အဖွဲ့က လူတွေကို နှစ်သုတ်ခွဲပြီး Block A မှာ ညပိုင်း အချိန်ပိုလုပ်ခိုင်းတယ်၊ အချိန်ပိုကြေးပေးတာတောင်မှ အများစုက ညဘက်ဆက်လုပ်ဖို့ကို မလုပ်ချင်ကြဘူး"
"အချိန်ပိုမလုပ်တဲ့သူတွေက ညရှစ်နာရီမတိုင်ခင် တကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ တခြားသူတွေနဲ့လာကြတယ်၊ ဒါပေမယ့် ရက်ပေါင်းများစွာ ဆက်တိုက် ရွှီရှန်း ရေလာချိုးတာကို မတွေ့တာနဲ့ ကိုယ် စောင့်ကြည့်တော့ သူက ညတိုင်း Block A မှာ အချိန်ပိုလုပ်နေတာ၊ ကိုးနာရီကျော်မှ Block B ကို ပြန်လာတယ်"
YOU ARE READING
ကန့်သတ်နယ်မြေ (ဘာသာပြန်)
RomanceI do not own anything. Translate from English to Myanmar. Original Title: Restricted Area Original Author: Kong Ju 空菊 Status: Completed (62 chapters + 4 extras) Eng Translation: Novle Updates Enjoy (>‿◠)