(၄၁)

458 82 10
                                    

▶▶▶မမြင်ကွယ်ရာ◀◀◀

ရက်သတ္တပတ်ကုန်ဆုံးသွားပြီးနောက် ပူအိုက်တဲ့နွေရာသီဟာ မိုးသည်းထန်စွာရွာခဲ့ပြီး ကာလတာရှည်ပူလောင်အိုက်စပ်မှုကို နှင်ထုတ်လိုက်တော့သည်။

တဖျောက်ဖျောက်မိုးသံတွေဟာ သူ စာဖတ်နေခိုက် နောက်ခံဂီတသံကဲ့သို့ ဖြစ်နေလေသည်။ ကျန်းချီကျင်သည် 'ဝေးချီ၏အခြေခံအချက်အလက်များ' ဆိုသည့်စာအုပ်ကို လက်ထဲမှချကာ မျက်လုံးအညောင်းအညာပြေစေရန် ဂန္ဓမာလက်ဖက်ရည်တခွက်လောက်သောက်ဖို့ မီးဖိုခန်းဆီသွားလိုက်သည်။

(TN/// ဝေးချီ = တရုတ်ချက်စ်ထိုးခြင်း)

ကျန်းချီကျင်က စာကြည့်တိုက်ဝန်ထမ်းဖြစ်သော်လည်း စာအုပ်ဖတ်လေ့ဖတ်ထသိပ်မရှိပေ။ ယခုမူ သူ စိတ်ဝင်စားစရာတခုရှိနေ၍ဖြစ်ပြီး ကျောင်းနေစဉ်ခါကလို လွယ်လွယ်မဖတ်နိုင် မမှတ်နိုင်တော့ကြောင်း သိလိုက်ရသည်။

ဝေးချီ၏စည်းမျဉ်းတွေက ရိုးရှင်းသော်လည်း များပြားလှသောနည်းနိသယတွေက သူ့ဦးနှောက်ကို အရည်ပျော်စေမတတ်ပင်။ ကျန်းချီကျင် ဖတ်လေလေ ဒီလိုအရာတွေက ကျန့်မင်ယိလိုလူမျိုးနှင့် ပိုလိုက်ဖက်ကြောင်း ခံစားရလေလေဖြစ်သည်။

စာဖတ်လိုက်၊ အနားယူလိုက်နှင့် သူ့ရဲ့ပိတ်ရက်တဝက်က မိုးတဖွဲဖွဲကြား အေးအေးလူလူကုန်ဆုံးသွားခဲ့သည်။ ကျန်းချီကျင်သည် အိမ်အပြင်ကို ခြေတလှမ်းပင် မချဘဲ နှစ်ရက်လုံး အိမ်မှာနေဖို့ တွေးထားခဲ့သော်လည်း တနင်္ဂနွေနေ့လယ်ခင်းတွင် ကွမ်ဝေ့၏ဖုန်းခေါ်ဆိုမှုက သူ့အစီအစဉ်ကို ပျက်စေခဲ့သည်။

"ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းအကျဉ်းထောင်မှာဖြစ်တဲ့ကိစ္စက တော်တော်ဆိုးလား?"

ရပ်ကွက်အပြင်ဘက်ရှိ ကော်ဖီဆိုင်လေးထဲတွင် ကွမ်ဝေ့က အကျဉ်းထောင်အကြောင်းမေးလာပြီး ၎င်းမျက်နှာတွင်လည်း အလွန်အမင်းသိချင်နေသည်ဟု စာလုံးထွင်းထားသကဲ့သို့။

"ဆိုးတာထက်ကို ပိုတယ်၊ အကျဉ်းသားတယောက်က ရုတ်ရင်းဆန်ခတ်ဖြစ်အောင်လို့ မီးရှို့လိုက်တာ၊ ထောင်အာဏာပိုင်တွေက စာပေးစာယူတွေနဲ့ ထောင်ဝင်စာတွေ့တာတွေကို တားမြစ်ပြီး တပတ်လောက်လော့ဒေါင်းချထားဖို့ ဆုံးဖြတ်လိုက်တယ်"

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now