Unicode
နွေဦးပေါက်ပြီးနောက် ရာသီဥတုက တဖြည်းဖြည်း ပူလာသည်။ ခြံဝန်းထဲမှာ စိုက်ထားသည့် ပန်းမျိုးစုံ ပွင့်နေပြီး ခြံထဲတွင်မွှေးရနံ့များဖြင့် ပြည့်နေသည်။
ကျောက်နန်ယွီသည် အင်ပါယာတော်ဝင်ကျောင်းတော်မှ တလီဘုရားကျောင်းသို့ တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခံခဲ့ရပြီး အားလပ်ချိန်များစွာမရှိသော်လည်း အလုပ်များလွန်းသည်။ သူနှင့်အတူ အင်ပါယာတော်ဝင်စာမေးပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသားများ သည် ယခုအခါတရားရုံးတွင် နေ ထိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်က သူသည်ယခုလောက်ရေပန်းစားခဲ့ပုံမရပေ။
တရားရုံးတွင် ဘဝင်မြင့်နေကြသည့် မျက်လုံးများစွာရှိသည်။ သူသည် ဧကရာဇ်မင်း၏ မျက်နှာသာမပေး၊ နှစ်သက်ခြင်းမရှိသည်ကို မြင်လျှင် ထိုသူတို့သည် သူနှင့်စကားပြောရန်မှာ ရှားပါးလှသည်။ မိသားစုတွင်း မှူးမတ်အချို့က သူ့ကိုဟာသအဖြစ် မကြာခဏ သဘောထားကြသည်။
ကျောက်နန်ယွီသည် လူများကဲ့ရဲ့လှောင်ပြောင်သည်ကို မကြာခဏကြားရသည်။ ကြည့်ရတာ သူဂရု စိုက်ပုံပင် မပေါ်ပေ။
ကျောက်နန်ယွီ မနက်အစောကြီး အိမ်ပြန်ရောက်တော့ ရှီကောက စာအုပ်နှစ်မျက်နှာပဲ ဖတ်ရသေးသည်။ သူ့ကိုမြင်တော့ ကလေးက "အဖေ" ဟု အော်သည်။
ကျောက်နန်ယွီက ရှေ့ကိုတိုးလာပြီး သူ့ခေါင်းကို ထိလိုက်သည်။ "သားနားလည်လား?"
ကလေးက ခေါင်းညိတ်ပြပြီး "သားနားလည်ပါတယ် ဦးလေးကသင်ပေးတယ်"
"မင်းဦးလေး လာပြီလား"
"အင်း၊ ငါမင်းကိုစောင့်နေတယ်။"
ကျောက်နန်ယွီ၏ညီသည် သူနှင့်ဆက်ဆံရေးကောင်းမွန်သော တစ်ဦးတည်းသောသူဖြစ်သည်။ ကျောက်ချောင်ကို အဒေါ် ကျောက်အားယယ်မှ မွေးဖွားခဲ့သည်။ သူသည် ကျောက်မိသားစုတွင် သာမန်လူတစ်ဦးဖြစ်သော်လည်း ကျောက်အားယယ်က သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။(Zhao Erye ကိုဖတ်ရအဆင်ပြေအောင် အားယယ်လို့ပဲပြန်ပါ့မယ်နော် google ကနေအသံ ထွက်ရှာပေမဲ့ vd ရဲ့အသံကိုမကွဲလို့ပါ)
YOU ARE READING
မလွတ်မြောက်နိုင်သော ဇနီးသည်
Historical Fictionစုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကို စွန့်ပစ်ပြီး နောက်ဆုံးမှာတော့ မီးလောင်ပြီး သေဆုံးသွားခဲ့သည်။ စာအုပ်ကိုဖတ်ဖူးသော စုန့်လွမ်သည် ထိတ်...