Chapter 16

119 7 0
                                    

Unicode

ဟောရွန်က သူမစကားကြားတော့ မျက်နှာက ဖြူဖျော့လာသည်။ ပြီးတော့ သူကဒူးထောက်ပြီး "ငါ..ငါ.. ငါ့မှာပိုက်ဆံရှိတယ်။ ငါ့အဒေါ်က ငါ့ကိုချစ်တယ်။ မင်းအနိုင်ကျင့်ခံရမှာကို စိတ်ပူနေစရာမလိုပါဘူး။

စုန့်လွမ်သည် သူမ၏နှလုံးသားထဲမှ သက်ပြင်းကြီးကြီးချလိုက်သည်။ သူမအကုန်ပြောခဲ့တာတောင် သူလက်မလျှော့သေးပေ။ သူမကို ပေးဆပ်မြုပ်နှံစေပြီး သစ္စာရှိစေရန် မူလပိုင်ရှင်က ဒီလူကိုဘာဆေးကျွေးခဲ့မှန်း သူမမသိခဲ့ပါ။ သူသည် သူမ(မူလကိုယ်)ကို လေးလေးနက်နက် ချစ်ခဲ့ပြီး ဘယ်သောအခါမှနောင်တမရခဲ့။

သူမက သူ့လက်ကိုခါလိုက်ပြီး ဒီအကြောင်းကြောင့် စုန့်လွမ်သည် သူက ရှင်းရှင်းလင်းလင်းမရှင်းပြနိုင်ဘူးဆိုတာ သိနေသည်။ သူမက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ "သခင်လေးဟော၊ ကျွန်မလုပ်စရာရှိသေးလို့ အရင်သွားလိုက် ပါအုံးမယ်။ "

ဟောရွန်က သူမကိုတုံ့ဆိုင်းစွာကြည့်ကာ သူမကိုတောင် ဖမ်းဆုပ်ထားချင်နေခဲ့သည်။ "အားလွမ်၊ ငါ...ငါ မင်းကိုစောင့်နေမယ်"

ကံကောင်းထောက်မစွာ၊ စုန့်လွမ် သည် လျင်မြန်စွာထွက်ပြေးသွားသောကြောင့် သူမသည် သူနှင့် အဆုံးမဲ့ဆက်လက်ရုန်းကန်နေစရာ မလိုတော့ပေ။ သူမသည် အသက်တစ်ရှုစာအတွင်း ဥယျာဉ်ထဲက ပြေးထွက်လာကာ အစေခံမိန်းက လေးကိုတွေ့တော့ ရပ်လိုက်ပြီးမေးလသည်။ "ငါ့ခင်ပွန်း ဘယ်မှာလဲ?"

အစေခံမိန်းကလေးသည် သူမကအလွန်ကံဆိုးနေကြောင်း ခံစားခဲ့ရသည်။ တတိယသခင်မလေးကတစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ် ပြန်လာ၍ သူမနှင့်ဆုံခဲ့ဖူးသည်။ သူမသည် ဤဆိုးသွမ်းသော တတိ ယသခင်မလေးကို အမှန်တကယ်ကြောက်ရွံ့ခဲ့ပြီး သူမကိုစိတ်မချမ်း မသာဖြစ်စေကာ စကားမှား၍ အရိုက်ခံရမည်ကို ကြောက်နေခဲ့သည်။

သူမက ဘယ်ဘက်အခန်းတစ်ခန်းကို ညွန်ပြကာဖြေသည်။"သခင်မလေးရဲ့ခင်ပွန်းက သခင်မလေးအခန်းထဲမှာပါ။ "

စုန်လွမ်က စိတ်မရှည်ယောင်ဆောင်ကာ လက်ဝှေ့ယမ်းလိုက်သည်။ "ကောင်းပြီ၊ ငါသိတယ်။ "

မလွတ်မြောက်နိုင်သော ဇနီးသည်Where stories live. Discover now