Unicode
(ဟွမ်ဟွမ် - ဤသည်မှာ စုန့်လွမ်၏ အစ်ကိုက သူမအား ပေးခဲ့သော ကာမအားဆေးအမည်ဖြစ်သည်။)
စုန့်လွမ်မှာ အိပ်မက်ရှည်ကြီးတစ်ခုမက်နေခဲ့သည်။ အိပ်မက်ထဲတွင် သူမသည် မြင်ကွင်းအပြင်ဘက်မှ ကြည့်ရှုသူဖြစ်သည်။ ထိုအိပ်မက်ထဲတွင် လှပပြီးအနီရောင်တောက် တောက်၀တ်စုံကို ၀တ်ဆင်လေ့ရှိသော အမျိုးသမီးတစ်ဦးရှိသည်။ သူမ၏မျက်နှာသည် အလွန်လှပကာ သူမ၏စရိုက်က အထက်စီးဆန်နေသော်လည်း သူမ၏စကား လုံးများသည် ထက်ရှပြီး ခါးသီးလှသည်။
စာအုပ်ထဲမှာ ရေးထားသည့်ဇာတ် ကွက်တွေ အကုန်လုံးဖြစ်ပျက်နေ ၏။ သူမသားက ခြေထောက်ကျိုးသွားပြီး အသံတိတ်ကလေးက အဲဒီအချိန်ကစပြီး ချိုင်းထောက်ကို အားကိုးနေရသည်။ အိပ်မက်ထဲတွင် သူမနှင့် ကျောက်နန်ယွီသည် သူစိမ်းများနီးပါးဖြစ်နေခဲ့သည်။ သူမသည် သူ့(နန်ယွီ)အား ကဲ့ရဲ့ရှုံ့ချပြီး စော်ကားပြောဆိုနေသည်။
ကျောက်နန်ယွီသည် ကျောက်တုံးကဲ့သို့ အေးစက်နေသည်။ သူ့မျက် ခုံးကြားမှ အကြမ်းဖက်မှုတွေက အခုထက် အဆပေါင်းထောင်နဲ့ချီပြီး ပြင်းထန်၏။ သူ၏မျက်လုံးများသည် တောက်ပပြီး မည်းမှောင်နေကာ သူ့နှလုံးသားထဲတွင် ပြင်း ထန်သည့် သတ်ဖြတ်လိုသော ရောင်ဝါတစ်ခု ရှိနေသည်။ ရက်များကြာလာသည်နှင့်အမျှ သူမ၏ အခြေအနေသည် ပို၍ပို၍ဝမ်းနည်းဖွယ်ကောင်းလာသည်။ ပထမတွင်၊ စုန့်မိသားစုပြိုကွဲပြီး စုန့်လွမ်ဖျားသွားသည်။
သူမသည် ကုတင်ပေါ်ကနေတောင် မထနိုင်တော့ပေ။ အခန်းထဲတွင်ပြင်းပြသောဆေးနံ့တစ်မျိုးရှိနေပြီး ပြတင်းပေါက်ဖွင့်ထားလျှင်ပင် ထို ဆေးနံ့ကိုမဖယ်ရှားနိုင်ပေ။ သူမက ပိန်ပါးသောအရိုးများဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်နှာကဖြူဖျော့ကာ နှုတ်ခမ်းတွင်သွေးများပင် မရှိတော့သလောက်ပင်။ နောက်တစ်စက္ကန့်တွင် သူမသေတော့မည့်သကဲ့သို့ ဖြစ်နေသည်။
သူမ၏အတွင်းအင်္ဂါများသည် အစားခံနေရသကဲ့သို့ ခံစားရခြင်း၊ သို့မဟုတ် အတွင်းပိုင်းကို ဓားဖြင့် မွှေနေခြင်းကဲ့သို့ခံစားရပြီး အသက် ရှုခြင်းကပင် နှိပ်စက်ခံနေရသလိုပင်။ သူမသည် ချက်ခြင်းသာသေသွားချင်သည်။ အကယ်၍ ဆေးတွေသောက်ရရင်တော့ မကောင်းတော့ပါ။ သူမသည်နေ့တိုင်းနာကျင် ခြင်းများနှင့်သာ အိပ်စက်နေရသည်။
YOU ARE READING
မလွတ်မြောက်နိုင်သော ဇနီးသည်
Historical Fictionစုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကို စွန့်ပစ်ပြီး နောက်ဆုံးမှာတော့ မီးလောင်ပြီး သေဆုံးသွားခဲ့သည်။ စာအုပ်ကိုဖတ်ဖူးသော စုန့်လွမ်သည် ထိတ်...