Chapter 18

126 6 0
                                    

Unicode

သူတကယ်ဗိုက်မဆာပါဘူး။ သူကသူ့အမေကို အဒေါ်ဖြစ်သူနဲ့ စကား မပြောစေချင်ရုံသာဖြစ်သည်။

စုန့်ယုသည် သူမတူလေး၏ ငြင်း ပယ်ခြင်းကို မမြင်ဟန်ဆောင်နေလေသည်။ သူမက ကလေးအနီးသို့ ငုံ့ကာ တိုးတိုးလေးပြောသည်။ "ဒေါ်လေးမှာ အရသာရှိတဲ့စားစရာရှိတယ်၊ စားချင်လား။ "

ကလေးက စုန့်လွမ် လည်ပင်းကို ဖက်ထားပြီး မျက်လုံးမဖွင့်ပေ။
စုန့်ယု၏ကြင်နာသောအပြုံးကို သူ ဂရုမစိုက်ပါ။ "မေမေလုပ်ပေးတဲ့ ကိတ်မုန့်စားချင်တယ်။ "

စုန့်လွမ် အနည်းငယ် ရယ်မောလိုက်ပြီးခဏကြာတော့ သူမပုံမှန်ပြန်ဖြစ် သွားသည်။ သူမသည် စုန့်မိသားစုရှေ့တွင် မောက်မာမှု (၃) ချက်ကို အမြဲထိန်းသိမ်းထားသည်။ "စတုတ္တညီမလေး၊ နင့်မှာ ဘာမှလုပ်စရာမရှိရင် ပြန်သွားလိုက်ပါ။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို ရယ်စရာဖြစ်အောင်မလုပ်ပါနဲ့။"

ဒါက နားထောင်ရတာ မကောင်းပေမယ့် မူလကိုယ်ပိုင်ရှင်က ပြောမည့်စကားမျိုးသာဖြစ်သည်။

စုန့်ယုသည် တတိယအစ်မဖြစ်သူ၏ဒေါသက ယခင်ကထက် အနည်းငယ်ပိုကောင်းလာသည်ဟု ထင်ခဲ့သော်လည်း ယခုတွင် သူမထင်သလိုမဟုတ်ခဲ့ပေ။ သူမသည်အရင်ကကဲ့သို့ လျှာစောင်းထက်ပြီး သူမရဲ့ခါးသီးသည့်စရိုက်က တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

သူမ(စုန့်ယု) ဒေါသအရမ်းထွက်ပြီး သွားတွေကျိုးလုနီးပါး ဒေါသအားဗိုက်ထဲ မျိုချခဲ့ရသည်။ သူမသည် စုန့်လွမ်ထံမှဝေဒနာကို များစွာခံစားခဲ့ရသည်။ ဒီအစ်မသည် မသနားတတ်ရုံတင်မကဘူး၊ ဒေါသဖြစ်တဲ့အခါ သူမ(စုန့်ယု)မျက်နှာကိုရိုက်ပြီး ဆံပင်များအားဆွဲသည်။ ၎င်းသည် နှိုးဆော်ဖို့ကို တကယ်ပင် မလွယ်ကူပါ။

သူမစုံစမ်းရန်ရည်ရွယ်ချက်ကြောင့်မဟုတ်ပါက စုန့်ယုသည် သူမကိုလာတွေ့မည်မဟုတ်ပါ။ သူမ(စုန့်လွမ်)က တိတ်ဆိတ်တာကို သူမ(စုန့်ယု) ဘယ်တုန်းကမြင်ဖူးလို့လဲ?။

သူမ အားတင်းပြုံးလိုက်သည်။ "ဒီညီမပ စိတ်မဆိုးပါဘူး။ "

စုန်ယု ထွက်သွားပြီးနောက် စုန့်လွမ် သည် သူမသားကိုပွေ့ချီပြီး    အန့်လင်းထံသို့သွားသည်။ လမ်း လျှောက်လာရင်းနဲ့သူမပြောသည်။  "သားလေး၊ အိမ်ပြန်ရောက်တာနဲ့ မုန့်လုပ်ပေးမယ်၊ ဟုတ်ပြီလား။ "

မလွတ်မြောက်နိုင်သော ဇနီးသည်Where stories live. Discover now