Chapter 27

128 7 0
                                    

Unicode

ညဉ့်နက်သန်းခေါင်အချိန်တွင်ပင် အခန်းတွင်းမှ လှုပ်ရှားမှုများက မရပ်တန့်သေးပါ။

ညစောင့်အစေခံက အခန်းထဲမှ ငိုသံကို နားထောင်နေခဲ့ရသည်။ သူမ၏ မျက်နှာကနီရဲနေပြီး သူမ၏သခင် မဖြစ်သူကို စာနာမိပေမဲ့ အနည်း ငယ်လည်း မနာလိုဖြစ်မိသည်။ သခင်လေးက ပြင်းပြင်းထန်ထန် လူးလှိမ့်နိုင်တဲ့ လူတစ်ယောက်နဲ့ မတူပါဘူး။ သေချာတာတော့ လူတစ်ယောက်ကို သူတို့ရဲ့အသွင်အပြင်ကို ကြည့်ပြီးအကဲဖြတ်လို့မရနိုင်ပေ။

စုန့်လွမ်သည် သူမသေတော့မည်ဟု ခံစားနေမိသည်။ သူမကသေခြင်းတရားနှင့် မဝေးတော့ပေ။ နောက် ဆုံးတော့ သူမ ရှက်ရွံ့စွာအော်ဟစ်လိုက်မိသည်။ သူမသည် မျက်ရည်များဖြင့် အော်ဟစ်ငိုယိုကာ တောင်း ပန်နေရသည်။ သူ့ကိုတောင်းပန်တိုင်း ကျောက်နန်ယွီကပိုပိုပြီးတက် ကြွလာတယ်ဆိုတာကို စုန့်လွမ်က တဖြည်းဖြည်း သိလာခဲ့သည်။ ထိုလူသည် သူမ၏နားရွက်ကိုကိုက်ကာ သူမ၏မသိနားမလည်မှုကို ရယ်မောနေသကဲ့သို့ နူးညံ့စွာပြုံးပြလာသည်။

သူမသည် စဥ့်နှီတုံးပေါ်က ငါးတစ်ကောင်လိုဖြစ်နေပြီး ပြန်မတွန်းလှန်နိုင်ပေ။ ညသန်းခေါင်မှာ နှစ်ဦးသား သွေးပူလေ့ကျင့်ခန်းလုပ်၍ပြီးသည့်အခါ စုန့်လွမ်က သူမလက်ကိုပင် မပင့်နိုင်လောက်အောင် ပင်ပန်းလွန်းနေခဲ့သည်။ ခံစားချက်က ကျောက်တုံးကိုမြှောက်ပြီး ခြေထောက်ကို ထုလိုက်သလိုပင်။ သူမသည် မော ပန်းနွမ်းနယ်နေသော်လည်း အိပ်မပျော်နိုင်ပေ။ သူမ မျက်လုံးများကို အားစိုက်ကာ ဖွင့်လိုက်သည်။ ကျောက်နန်ယွီကစောင်ကို သူမခန္ဓာကိုယ်ပေါ် ဆွဲတင်ပေးလိုက်ပြီး သူမကိုနွေးထွေးမှုနှင့် နူးညံ့သိမ်မွေ့စွာ ကြည့်နေသည်။ "ဘာလို့မအိပ်တာလဲ?"

စုန့်လွမ်လည်း အရမ်းအိပ်ချင်နေပေမဲ့ မအိပ်နိုင်ဘဲ မေးလိုက်သည်။ "ရှင် ကျွန်မကို ချူကျိုးကိုခေါ်သွားပေးမှာလား?"

"မင်း အိမ်မှာပဲနေခဲ့ပါ "

စုန့်လွမ်က စောင်ကိုခေါင်းမြှီးခြုံပြီး သူမမျက်နှာကိုအုပ်လိုက်သည်။ သူမ အရမ်းပဲမပျော်တော့ဘူး။ ခွေးကောင်က သူမအပေါ်ကိုအခွင့် ကောင်းယူတုန်းပဲ။

မလွတ်မြောက်နိုင်သော ဇနီးသည်Wo Geschichten leben. Entdecke jetzt