Chapter 30

135 7 0
                                    

စုန့်လွမ်သည် ကြောင်တက်တက်ဖြင့် အိပ်ရာပေါ်သို့ ဆွဲခေါ်သွားခံခဲ့ရသည်။ သူမအဝတ်အစားတွေကို သူကချွတ်လိုက်ချိန်မှာတော့ ထိုယောက်ျားက တိတ်ဆိတ်နေ၏။ သူ၏အေးစက်သော လက်ချောင်းများသည် ယခင်ကထက် ပိုမိုလေးလံနေပြီး သူမ၏ခါးတစ်ဝိုက်အား ဆုပ်ကိုင်ထားသည်။

စုန့်လွမ်ရဲ့ခွန်အားက သူ့လောက်ပင်
မရှိသောကြောင့် သူမ မခုခံနိုင်ပေ။ သူမသည် ယခုတစ်ကြိမ်တွင် သူက နူးညံ့သိမ် မွေ့ပေးနိုင်မည်ဟု မျှော်လင့်ထားသော် လည်း ကျောက်နန်ယွီ သည် မည်မျှပင် ချစ်စရာကောင်းနေပါစေ အိပ်ယာပေါ်၌ လုံးဝခြားနားသော လူတစ်ယောက်ဖြစ်နေခဲ့သည်။

စုန့်လွမ်ဟာ မကြာခင်မှာပဲ သူ့အား နည်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျောက်
နန်ယွီသည်  သနားညှာတာပါရန် တောင်းဆိုရာတွင် သူမမျက်ရည်များထွက်မလာမချင်း ရပ်တန့်သွားမည်မဟုတ်ပေ။ အဆုံးတွင် စုန့်လွမ်သည် သည်းမခံနိုင်တော့ဘဲ သူမ၏ လက်သည်းများဖြင့် သူ့ကျောကိုကုတ် ခြစ်ကာ ငိုယိုပြီး ရပ်ခိုင်း လိုက်ရသည်။

ကျောက်နန်ယွီက ပြုံးပြီး စိတ်ကောင်းဝင်နေခဲ့သည်။ သူကခေါင်းငုံ့ကာ သူမပါးပြင်ပေါ်မှ မျက်ရည်စများကို နမ်းရင်း သက်ပြင်းချကာ "မင်းငါ့ကိုကြိုက်လား။" လို့မေးသည်။

စုန့်လွမ်သည် သူမ၏စောင်ကို ဆွဲတင်ပြီး သူမကိုယ်သူမ တင်းတင်းကျပ်ကျပ်ပတ်ထားလိုက်သည်။ သူမပြန်မဖြေချင်ပေမယ့် ရွေးချယ်စရာမရှိတော့ပဲ "သဘော ကျတယ်။ " ဟုဖြေလိုက်သည်။

ကျောက်နန်ယွီသည် အချစ်မပါသည့် ခြောက်သွေ့သော စကားလုံးများကို ကြားလိုက်ရသည်။ သူမ၏ရိုးရှင်းသည့် အပေါ်ယံ သဘောထားကြောင့် သူ ရယ် မောနေခဲ့သည်။

စုန့်လွမ် မိုးလင်းတဲ့အထိ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်သွားခဲ့သည်။ ရှားရှားပါးပါးကတော့ ကျောက်နန်ယွီဟာ အိမ်မှာရှိနေတုန်းပါပဲ။ သူက စကားသိပ်မပြောဘဲ သူတို့စုံတွဲဟာ အချိန်အများစုကို စကားမပြောဘဲ အတူရှိနေခဲ့ကြကာ စုန့်လွမ်သည် နှုတ်ဆိတ်နေလေ့ရှိသူဖြစ်သည်။

မနက်စာစားပြီးနောက် တတိယသခင်မကျောက်က သူတို့ကို နေ့လည်စာအတူတူစားဖို့ တစ်ယောက်ယောက်ကို  ဖိတ်ခေါ်ခိုင်းသည်။

မလွတ်မြောက်နိုင်သော ဇနီးသည်Donde viven las historias. Descúbrelo ahora