Chapter 19

116 5 0
                                    

Unicode

ကျောက်ချောင်သည် သူ၏ညီအစ် ကိုများစွာနှင့်ခြားနားသည်။ သူ သည်အရာရှိဖြစ်ဖို့မရွေးချယ်ခဲ့ပဲ ငယ်စဉ်ကတည်းကပင် ဆေးဘက်ဆိုင်ရာ အတတ်ပညာများကို သင် ယူရန် တာအိုဘုရားကျောင်းရှိ ဆရာနောက်လိုက်ခဲ့သည်။

သူသည် ဆရာဖြစ်၏ဆေးပညာကျွမ်းကျင်မှုကို အမွေဆက်ခံခဲ့သည်။ ယခုတွင် သူသည်မြို့တော်တွင် နာမည်ကြီးဆေးဆရာတစ်ဦးဖြစ်နေပြီဖြစ်သည်။

ကျောက်ချောင်သည် လူများကို ဆေးကုသရာတွင်တော်ရုံသာမက အဆိပ်ကိုလည်း ကျွမ်းကျင်သည်။ လွန်ခဲ့သည့်သုံးနှစ်က သူ၏ဒုတိယအစ်ကိုဖြစ်သူက အရောင်အဆင်းကင်းပြီး အနံ့အရသာမရှိသော နှေးကွေးအဆိပ်ကိုမေးလာခဲ့သည်။ ထိုအချိန်က၊ သူ၏ဒုတိယအစ်ကိုသည် သူ့အစ်ကိုဖြစ်ဖို့ထိုက်သည်ဟု အရွှန်းဖောက်ခဲ့သည်။ သူ့အစ်ကိုကသူ့ထက် ပိုရက်စက်သည်။

ထိုဆေးကို "ထျန်ဂျင်း" ဟုခေါ်ပြီး သူ၏ဒုတိယအစ်ကိုက တောင်း
သည့်အခါ သူကထုံးစံအတိုင်းပင် ပေးလိုက်ပြီးပါးစပ်ပိတ်နေလိုက်သည်။ ဆေးက ဘယ်သူ့အတွက်လဲလို့ သူကမေးသော်လည်း ကံမဆိုးစွာဖြင့် သူ့ဒုတိယအစ်ကိုက မဖြေခဲ့ပါ။

ထိုဆေးကို သုံးနှစ်သုံးပေးသင့်ပေမယ့် ဒုတိယအစ်ကိုဖြစ်သူက ထပ်ပြီး မတောင်းလာခဲ့ပေ။

ကျောက်ချောင်သည် ဆေးကို စုန့်လွမ်အပေါ် အသုံးပြုခဲ့ကြောင်း မှန်းဆခဲ့သည်။

ကျောက်နန်ယွီသည် သေရည်နှစ်ခွက်သောက်ပြီးတာတောင် သူ၏ မျက်နှာသည် ပြောင်းလဲသွားခြင်းမရှိပေ။ သူ့ညီငယ်နှစ်ယောက်ရှေ့တွင် သူစကားအများကြီး မပြောဖြစ်ပေ။ သူက တိတ်တဆိတ်သာ ထိုင်သောက်နေသည်။

အခန်းထဲတွင် ထူးဆန်းသောတိတ် ဆိတ်မှုတစ်ခုသာရှိနေသည်။ သူ(နန်ယွီ)က စုန့်လွမ်အား စကားမပြောသော်လည်း သူမဂရုမစိုက်ပါ။ သူမရှေ့ကကိတ်မုန့်ကိုငုံ့ကြည့်ရင်း ငြီး ငွေ့လာပြီး ပန်းကန်ထဲကအပိုင်းတွေကိုသာ ရေတွက်နေလိုက်သည်။

ကျောက်ချောင်က သူမအတွက် သေရည်တစ်ခွက်ထည့်ပေးသည်။ ဒီတစ်ကြိမ်မှာတော့ ကျောက်နန်ယွီ က သူမကို အရက်မသောက်ဖို့
မတားခဲ့ပါဘူး။ သူက တိတ်တိတ်လေးသာလှမ်းကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောပေ။

မလွတ်မြောက်နိုင်သော ဇနီးသည်Donde viven las historias. Descúbrelo ahora