Chapter 32

116 7 0
                                    

unicode
စုန့်ဟောချင်း ခေါင်းကိုက်သွားသည်။ အချင်းချင်း တိုက်ဆိုင်စွာ ဆုံမိခြင်းမှာ သိကျွမ်းသူ အများအပြားအတွက် ရှက်စရာကြီးပင်။ သူက ကျောက်နန်ယွီနဲ့လည်း သီးသန့်စကားပြောချင်နေခဲ့တာဖြစ်သည်။ အခုတော့ သူ ထိုသို့ စကား ပြောဖို့ အခွင့်အရေး မရှိတော့ပေ။

ခုံအစွန်းတွင်ထိုင်နေသော သူ၏ညီမငယ်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ သူမသည် နှလုံးသားမရှိသော အဖြူရောင်မျက်လုံးဝံပုလွေလေးတစ်ကောင်ကဲ့သို့ ပြဇာတ်ပွဲကိုကြည့်ရင်း ပျော်ရွှင်နေပြီး အလွန်ဂရုမစိုက်ဟန်ရှိသည်။ တရား ရုံးကိစ္စတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ပက်သက်နေခဲ့တဲ့ မြေခွေးကြီး စုန့်ဟောချင်းဟာ အသေးစိတ်အချက်အလက်တွေကို ထွင်းဖောက်မြင်နိုင်ပြီး ပြတ် သားသည်။ စုန့်လွမ် ပေါ်လာကတည်းက ကျောက်နန်ယွီ၏အပြုံးသည် အနည်း ငယ်အေးစက်နေခဲ့သည်။

ယောကျာ်းတစ်‌ဦးသည် သူ၏ဇနီးကို လူမြင်ကွင်းမှာမြင်ရတာကို မကြိုက်ဘူးဆိုတာ သူနားမလည်ဘဲ မနေခဲ့ပါဘူး။
အထူးသဖြင့် ရယ်စရာကောင်းတဲ့သမိုင်း ကြောင်းရှည်ကြီးရှိနေတဲ့ စုန့်လွမ်ပေါ့။ 

စုန့်ဟောချင်း ကူကယ်ရာမဲ့သွားသည်။
စုန့်လွမ်သည် သူမ၏မိဘများထံမှ အလို လိုက်ခံခဲ့ရသူဖြစ်သည်။ ငယ်ငယ်က တည်းက လိုချင်တာမှန်သမျှ လိုလေ သေးမရှိရခဲ့ပြီး သူမပါးစပ်ဟလိုက်သည်နှင့် အန့်လင်းက သူမအတွက် အရာရာကို ရှာဖွေပြီး သူမဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့သည်။

စုန့်လွမ်၏အလှသည် အလွန်ကောင်းမွန်ပြီး သာမန်လူများက သူမငိုကြွေးသည်ကို မခံစားနိုင်ပေ။ တခြားသူများက သူမငိုတာကိုမြင်သည်နှင့် သူမထပ်မငိုအောင် ၎င်းတို့၏နှလုံးသားတစ်ခုလုံးပင် ပေးချင်ကြသည်။ ဒီလိုနှင့် တနေ့ပြီးတနေ့ တစ်နှစ်ပြီးတစ်နှစ်တိုင် စုန့်လွမ်ဟာ ဒီကျိုးကြောင်းမဆီလျော်သည့် နေထိုင်မှုပုံစံကို ကျင့်သားရလာခဲ့သည်။

ကျောက်နန်ယွီသည် သူနှင့်အမျိုးအစားတူသော မိန်းမမျိုးကို နှစ်သက်သည်ဟု သူထင်သည်။ နူးညံ့သိမ်မွေ့သောပန်းတစ်ပွင့်ကဲ့သို့ နာခံမှုရှိပြီး အသိဉာဏ်ရှိကာ သူမအား လူတွေက ကာကွယ်ပေးလိုသော ဆန္ဒများဖြစ်ပေါ်စေသည့် အမျိုးသမီးတစ်ဦးမျိုးဖြစ်သည်။

မလွတ်မြောက်နိုင်သော ဇနီးသည်Donde viven las historias. Descúbrelo ahora