Unicode
ဟွိုင်ကျင်းသည် အလွန်လှပသော ကောင်လေးဖြစ်သည်။ သူက စုန့်လွမ်အား စိတ်ပျက်လက်ပျက်ဖြစ်နေကာ နီရဲနေသောမျက်လုံးများဖြင့်ကြည့်သော အခါ သူက အနည်းငယ်အပြစ်ရှိသလို ခံစားရသည်။စုန့်လွမ်သည် ဤကလေးက ခေါင်းမာ
လိမ့်မည်ဟု ထင်တောင်မထင်ထားခဲ့ပေ။ သူမက သူ့ထံမသွားသောကြောင့် သူသည် နံရံအပြင်ဘက်တွင်ရပ်ကာ စောင့်နေခဲ့သည်။ (ဒီအမြောက်စာလေးကို ဖတ်မိတိုင်း မသနားပဲကိုမနေနိုင်ဘူးရယ်။ )နံရံထောင့်သည် စကားပြောရန် အဆင် ပြေသော နေရာမဟုတ်ပေ။ စုန့်လွမ် လက်ဝဲ၊လက်ယာဘက် ကြည့်လိုက်ချိန် မည်သူမျှရှိမနေသော်လည်း သူမ မလွယ်ကူသလို ခံစားနေရဆဲဖြစ်သည်။ သူမသည် သူ့အကျီလက်ကိုဆွဲကာ ထောင့်နားရှိသစ်ပင်အောက်သို့ ဆွဲခေါ်သွားသည်။
သစ်ပင်အရိပ်အောက်တွင် နေရာင်ချည် သည် သစ်ရွက်လေးများကိုဖြတ်ကာ သူ၏ပါးပင်ပေါ်သို့ ဖြာကျနေ၏။ ကောင်လေး၏အသားဖြူဖြူ နှုတ်ခမ်းရဲရဲနှင့် သူ၏သွားများကလည်း ဖြူဖွေးနေ သည်။
စုန့်လွမ် သူနှင့်ကျိုးကြောင့်သင့်ရန်ကြိုး စားကာ ပြောသည်။ "ဟွိုင်ကျင်း၊ နင် ငါ့ကိုစောင့်နေတာ ငါမသိခဲ့ဘူး။ ငါ ဒီနေ့ တခြားအရေးကြီးကိစ္စရှိလို့ နင်နဲ့စကား ပြောနေဖို့ တကယ်ကို အချိန်မရှိဘူး။ ငါအရင်သွားရမယ်။ "
ဟွိုင်ကျင်းက အလျင်အမြန်တုန့်ပြန် သည်။ သူက သူမလက်မောင်းကိုကိုင်ကာ သူ၏နှုတ်ခမ်းထောင့်က အောက်ကိုကွေးကျသွားပြီး သူ၏အသံကကျယ်လောင်နေခဲ့သည်။ "မင်း ဘယ်သွားမှာလဲ။ "
စုန့်လွမ်က သူ တခြားလူကိုဆွဲဆောင်မိမှာစိုးရိမ်ကာ သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ သူမ အသံကိုနိမ့်ကာ စိတ် ရှည်စွာရှင်းပြသည်။ "ငါ အရင်သွားပြီး အမြန်ပြန်လာမယ်။ " ပြောပြီး သူမ စပြေးတော့သည်။
သူက သူမနှင့်နီးကပ်စွာ လိုက်လာသည်။ သူ၏စိတ်ဆိုးနေသောမျက်နှာမှာ စိမ်းပုတ်လာတော့သည်။ "မင်း၊ ငါ့ကိုထားခဲ့တော့မလို့လား။ "
ဟွိုင်ကျင်းက လူတော်တစ်ဦးဖြစ်သည်။ စုန့်လွမ်က သူ့ကိုအချိန်အတော်ကြာအောင် လာမတွေ့ခဲ့ဘူး။ သူမက သူ့ကို
မလိုချင်တော့တာ ဖြစ်နိုင်သည်။ ဒီအ တွေးက သူ့ကိုဝမ်းနည်းစေပြီး သူမကိုစိတ်ဆိုးအောင် သူဘာလုပ်ခဲ့မိသည်ကို သူမသိခဲ့ပေ။
YOU ARE READING
မလွတ်မြောက်နိုင်သော ဇနီးသည်
Historical Fictionစုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကို စွန့်ပစ်ပြီး နောက်ဆုံးမှာတော့ မီးလောင်ပြီး သေဆုံးသွားခဲ့သည်။ စာအုပ်ကိုဖတ်ဖူးသော စုန့်လွမ်သည် ထိတ်...