Part - 1

1.8K 58 0
                                    

" သက်ရေ "

" ဟုတ် မောင် "

( တက်သစ်စသာမာန်လူငယ်မောင်နှံလေး မောင်ထက်ပိုင်နှင့်
မသက်ထားခင် အလယ်တန်းကျောင်းကတည်းက
ချစ်ကြိုက်မိခဲ့ကြပြီး ခိုင်မြဲတဲ့ love relationship
လေးနဲ့အတူဘွဲ့ရအလုပ်လုပ်သည်ထိနှစ်ကိုယ်တူ
ကောင်းဖော်ဆိုးဖက်ဖြတ်ကျော်ခဲ့ကြတဲ့စုံတွဲလေး )

" မောင် အကုန်ပြင်ဆင်ပေးထားပြီးပြီ "

" ချစ်ဖို့ကောင်းလိုက်တဲ့မောင် "

သက်ထားခင်သည်ချစ်လှစွာသောခင်ပွန်းဖြစ်သူ
မောင်ထက်ပိုင်မျက်နှာလေးအားအူယားစွာဖြင့်
ညစ်လိုက်လေသည်

" အာ သက် လက်တွေအေးစက်နေတာပဲ "

" ommm ပထမဆုံးအလုပ်ဝင်ရမှာဆိုတော့
သက်နည်းနည်းရင်တုန်နေလို့ပါ "

" အာ သက်ရာမောင်လည်းရှိနေမှာပဲကို "

" ဒါပေမယ့်လည်း သက်နဲ့မောင်နဲ့ကဌာနချင်းမှမတူတာ "

" မောင်က 10 မိနစ်တခါလာကြည့်ပါ့မယ် "

" တကယ် "

" omm တကယ်ပေါ့ "

မောင်ထက်ပိုင်သည်သက်ထားခင်ကိုဖက်လိုက်ကာ
သက်ထားခင်နဖူးလေးကိုဖွဖွလေးနမ်းလိုက်လေသည်

" သွားကြရအောင် "

" ဟုတ် မောင် "

နှစ်ယောက်စလုံးကိုယ်စီဆိုင်ကယ်ဦးထုပ်လေးနဲ့
သက်ထားခင်ကနောက်မှာထမင်းချိုင့်ဆွဲလျက်
မောင်ထက်ပိုင်ခါးအားလက်တစ်ဖက်ကကြင်နာစွာ
ဖက်ထားလျက် အလုပ်လုပ်ရာ Company ဆီသို့
မောင်းထွက်သွားလေသည်

10 မိနစ်လောက်မောင်းပြီးအကြာ…

" သက် မောင်တို့ရောက်ပြီ "

" မောင်တို့ company ကကြီးလိုက်တာ "

" သက်ရာ ဘာမှမကြောက်ပါနဲ့ဒီက သူဌေးမကအတော်လေး
သဘောကောင်းတာ မျက်နှာကတော့လုံးဝခပ်ချေပဲ
ဒါမယ့်လည်းမကြောက်ပါနဲ့ "

" မောင် ပြောလိုက်တာနဲ့ကိုအိမ်ပဲပြန်လိုက်ချင်တယ် "

" ကဲပါ သက်ရာ လာအထဲဝင်ကြမယ် "

နှစ်ယောက်သား company ရှေ့မှာရစ်သီရစ်သီနဲ့လုပ်နေတုန်း
အပေါ်ထပ်မှလှမ်းကြည့်နေသော company ပိုင်ရှင်သူဌေး
ကြီး ဒေါ်စံပယ်ဖြူ ( မျိုးစဉ်မျိုးဆက်ချမ်းသာခဲ့ကြသော
တစ်ဦးတည်းသောအမွေဆက်ခံသူ အသက် 42 နှစ်အရွယ်
အန်တီအပျိုကြီးလေး )

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now