Part - 10

1.7K 59 0
                                    

" စံပယ် စံပယ်  ဒေါက် ဒေါက် ( တံခါးခေါက်သံ )
သက်ထားခင်စင်ကာပူကိုအပြီးထွက်သွားတော့မယ်လို့
ကိုကြီး …"

တံခါးကိုဘုန်းကနဲဖွင့်ဆံပင်ချည်လိုက်ရင်းကားသော့ကိုကောက်
ယူကာလှေကားအောက်အလျင်အမြန်ပြေးဆင်းသွားလေသည်

" ……လေစိပ်နော် စံပယ် "

ဦးလင်းမောင်မှပြေးဆင်းသွားတဲ့ဒေါ်စံပယ်ဖြူကိုကြည့်ရင်းနဲ့
ဒေါ်စံပယ်ဖြူကြားလောက်အောင်အော်ပြောလေသည်

" အသက် "

သက်ထားခင်နောက်ဘက်ခပ်လှမ်းလှမ်းမှအော်ခေါ်သံတစ်ခု
နောက်ဘက်လှည့်ကြည့်လိုက်တော့ ညအိပ်ဝတ်ပိုးသားခရမ်းဖျော့
ရောင်နဲ့ဖိနပ်အပါးခေါင်းစွပ်လေး လေစိပ်တစ်ခုလုံးကို
ရှာဖွေထားပြီး မောပန်းလွန်းလို့လက်နှစ်ဖက်စလုံးကို
ဒူးကိုထောက်ထားလျက်…

" အန် အန်တီ "

" အိမ်ပြန်ကြရအောင် "

ဒေါ်စံပယ်ဖြူရဲ့စကားကြောင့်မျက်လုံးထဲမှာစို့တက်လာတဲ့
မျက်ရည်တွေအံ့သြမှင်သက်နေတဲ့မျက်နှာလေး မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှ ဖြစ်ပျက်နေတဲ့
မယုံနိုင်စရာအကြောင်းတွေကြောင့် သက်ထားခင်မှာ
ခြေဖျားလက်ဖျားတွေအေးစက်နေလေသည်

" အိမ်ပြန်ကြမယ် ပျော်ရွှင်စရာတွေအတူဖန်တီးမယ်
အန်တီပြောနေတာ ကြားရဲ့လား အသက် "

ဒေါ်စံပယ်ဖြူသည်အရှက်သိက္ခာတွေဘေးဖယ်ပြီးအချစ်တစ်ခုတည်း
ကိုပဲဦးတည်လျက်လူတွေအများကြီးထဲမှာသက်ထားခင်ကို
တောင်းဆိုစကားဆိုလေသည်
သက်ထားခင်သည်မှင်သက်ပြီးရုပ်သေမတ်တပ်ရပ်နေတုန်း
ဒေါ်စံပယ်ဖြူမှဖြည်းဖြည်းချင်းလမ်းလျှောက်လာပြီး
သက်ထားခင်ကိုတင်းကြပ်စွာဖက်လိုက်လေသည်

" ကျေးဇူးပြုပြီး ဘယ်မှမထွက်သွားပါနဲ့ အသက်
မင်းမရှိတော့ရင်အန်တီဘယ်လိုရှင်သန်ရမယ်မှန်းမသိဘူး
ဒါကိုအရင်ဒီလိုစကားမျိုးကိုကြားရင်ရီပဲရီချင်ခဲ့တာ
မထင်မှတ်ပဲခုတော့အန်တီကိုယ်တိုင်အဲ့ဒီလိုခံစားရပြီး
အဲ့ဒီစကားကိုပြောရတယ် "

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now