Part -7

553 33 0
                                    

" အန်တီ ဧည့်သည်ရောက်နေပါတယ်ဗျာ "

" လာခဲ့ပါမယ် "

ဒေါ်စံပယ်ဖြူသည်ခေါင်းငုံ့နေပြီးစာရင်းတွေလုပ်ရင်းနဲ့ပြောလေသည်
တဖက်တွေ့ဖို့စောင့်နေတာကတော့ မောင်သက်ပိုင်နဲ့သက်ထားခင်
တို့ဖြစ်သည်

" သက် မောင်ရှိပါတယ်ဘာမှစိတ်မပူနဲ့အားလုံးအဆင်ပြေသွား
မှာပါ "

တခနကြာတော့…

" အန္တီ "

ဒီတခေါက်မှာဒေါ်စံပယ်ဖြူအများကြီးပြောင်းလဲသွားတာကို
မြင်ရလေသည် အရင်လိုကျားကျားယားယားမဟုတ်တော့ဘဲ
ချိတ်ဝမ်းဆက်လေးကိုဝတ်ဆင်ထားပြီးမြန်မာအမျိုးသမီးပီပီ
ဆံပင်ကိုသိမ်းပြီးအနောက်မှာသပ်သပ်ရပ်ရပ်လေးချည်ထားသည်

" အော် မင်းတို့ဇနီးမောင်နှံကို တို့ဆီကခွင့်လွတ်မှုတွေယူဖို့
ပြန်လာခဲ့တာလား အဲ့ဆိုရင်ပြန်လိုက်တာပဲကောင်းပါမယ်
မင်းဆီကတောင်းပန်ခြင်းကိုလည်းမလိုချင်သလိုတို့မင်းကိုခွင့်
လွတ်ဖို့လည်းစိတ်ကူးမရှိပါဘူး "

" အန်တီ့ဆီကခွင့်လွတ်မှုတွေမရမချင်းဆက်တောင်းပန်
နေဦးမှာပါ ဒီနေ့မဟုတ်ရင်တောင်မှ တနေ့နေ့ကျရင်အန်တီ
သက်ရဲ့တောင်းပန်မှုတွေကိုလက်ခံစေရမယ် "

" မင်းမျက်နှာမပြောပါနဲ့မင်းအသံကိုတောင်တို့မကြားချင်ဘူး
မင်းဒီထက်ရှေ့ဆက်လာရင်မင်းကိုဒီထက်ပိုမုန်းမိလိမ့်မယ်
သက်ထားခင် "

" အန်တီဘယ်လောက်ပဲနှင်ထုတ်နှင်ထုတ်ဒီအချိန်ကစပြီး
အန်တီ့နားကခြေဖဝါးလေးတောင်မှမခွာတော့တာမို့အပင်ပန်းခံ
ပြီးမောင်းမထုတ်ပါနဲ့ သက် ကိုယ့်အပြစ်ကိုသေချာပြန်ပေးဆပ်
မှာမို့လက်ခံပေးပါ အန်တီ့ရဲ့နာကျင်ခြင်းတွေအားလုံးကို
သက်ဆီပုံအပ်ပေးလိုက်ပါ သက်ခံယူပါ့မယ် "

" မင်းဒီကနေမြန်မြန်ထွက်သွားရင်ကောင်းမယ် "

" သက် ပြန်ကြမယ် "

မောင်သက်ပိုင်သည်သက်ထားခင်လက်ကိုဆွဲကာပြောလေသည်

" အန်တီ့ဆီကို ဆက်ဆက်ပြန်လာဦးမှာမို့အန်တီသက်ကို
မောင်းထုတ်ဖို့မပျင်းအောင်သာနေပါ "

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now