" အသက် အိပ်ရာပေါ်အိပ်လိုက်လေနော် အန်တီက
ဟိုဆိုဖာပေါ်မှာအိပ်လိုက်မယ် "" အာ မဟုတ်တာအန်တီကလည်းသက်ကမှဆိုဖာပေါ်
အိပ်ရမှာကို "" အန်တီကခေါ်လာတာကိုသက်တောင့်သက်သာထား
ရမှာမဟုတ်လာ "" ဒါမယ့်သက်ကလည်းကြီးသူကိုဦးစားပေးရမယ့်တာဝန်ရှိ
တာပဲလေ "" အမယ်လေ အန်တီ့ကိုအိုပြီဆိုတဲ့သဘောလား
သေချာမသိရင်အန်တီကမင်းနဲ့ရွယ်တူပါပဲအသက်ရာ "ဒီတခါတော့ဒေါ်စံပယ်ဖြူသည်သဘောကျစွာရီလျက်ဆိုလေသည်
" အန်တီ အိပ်ရာပေါ်ပဲအိပ်လိုက်ပါသက်ကဘယ်နေရာဖြစ်ဖြစ်
အဆင်ပြေတာမို့ "" အိပ်ခိုင်းမှတော့အိပ်ရမှာပေါ့ "
" အဲ့ဆို သက် ရေအရင်သွားချိုးလိုက်မယ်နော် "
" omm "
သက်ထားခင်ရေချိုးပြီးပြန်ထွက်လာတော့ဆိုဖာပေါ်စောင်ခြုံ
ခေါင်းအုံးတွေအဆင်သင့်နဲ့လှဲနေတဲ့ဒေါ်စံပယ်ဖြူကိုမြင်တော့" အာ အန်တီ ဘာလို့အဲ့မှာ…"
" အသက် မင်းပဲအန်တီ့ကိုပြောတာမဟုတ်လား
မင်းကဘယ်နေရာအိပ်အိပ်အဆင်ပြေတယ်ဆို "" အာ့ ဟုတ်ပါတယ် "
" omm အန်တီကအိပ်ရာပေါ်အိပ်ရတာအဆင်မပြေဘူး
မင်းပဲအိပ်လိုက် "" အန်တီ အိပ်ရာပေါ်မှာအိပ်ရတာအဆင်မပြေမဖြစ်နိုင်ပါဘူး
မို့ယာတွေနဲ့ပဲဟာကို အန်တီတမင်သက်သက်မအိပ်တာ
မဟုတ်လား "" အသက် မင်းကအန်တီ့အကြောင်းသေချာမသိသေးဘူးနဲ့တူတယ်
အန်တီကပိုင်ဆိုင်ချင်တဲ့အရာရှိရင်မပိုင်ဆိုင်မရမချင်းရယူတတ်
တယ် ပြီးတော့အန်တီ့ဘဝမှာဘယ်သူ့အတွက်ရယ်လို့
တမင်သက်သက်ပေးတာမျိုးမရှိဘူး တကယ်အဆင်မပြေတာမို့
မင်းကိုပေးအိပ်တာပါ အသက် "
( အမယ်လေ ချစ်နေတာအသိသာကြီးကိုဒေါ်စံဖြူတို့ကများ )" ဟုတ်ကဲ့ပါ " ( နှမြောစရာပဲ အန်တီကတကယ်မချစ်တတ်ဘူး
ထင်ပါရဲ့ ) သက်ထားခင်သည်စိတ်ထဲမှဝမ်းနည်းစွာရေရွတ်မိလေသည်
YOU ARE READING
အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )
General Fictionအသက်ကိုအန်တီချစ်တယ်ဆိုတာထက်ကို ပိုပါတယ်ကွယ်🤍