Part - 4

556 34 0
                                    

" အန္တီ "

" ပြောလေ အသက် "

" ဟိုးရှေ့နားရောက်ရင် သက်တို့ခနနားကြမလား "

" ထိုင်ရတာ ညောင်းကုန်ပြီလာ "

" သက်ကမညောင်းပါဘူး အန်တီကကားမောင်းနေတာ
ခနနားစေချင်လို့ပါ မောင်းနေတာ 2 နာရီလောက်ရှိနေပြီဆိုတော့ "

" တို့က အေးဆေးပါ မကြာမကြာခရီးဝေးမောင်းနေရတာပဲကို "

" အန်တီ ခနလောက်နားလိုက်ပါ "

သက်ထားခင်သည်ကားမောင်းနေတဲ့ဒေါ်စံပယ်ဖြူလက်တစ်ဖက်
ကိုကိုင်ကာဆိုလေသည်

" အန်တီ့လက်ကဒဏ်ရာတွေထုံကျင်ကုန်လိမ့်မယ် "

ဒေါ်စံပယ်ဖြူသည်သက်ထားခင်ပြောမှကိုယ့်လက်ကဒဏ်ရာတွေ
သတိထားကြည့်မိလေသည်

" အော် ဒါလာ အေးဆေးပါ ဒါမယ့်မင်းကနားစေချင်ရင်လည်း
နားပါ့မယ် "

သက်ထားခင်သည်ထိုအချိန်မှပြုံးပြုံးကြီးနေကာဒေါ်စံပယ်ဖြူလက်
အားလွှတ်လိုက်လေသည်

" ကဲ လေကောင်းလေသန့်ရှုကြတာပေါ့ "

ဒေါ်စံပယ်ဖြူနှင့်သက်ထားခင်တို့သည်ကားပေါ်မှဆင်းပြီး
ကားရှေ့ကိုမှီလျက်မတ်တပ်ရပ်ကာနားနေကြသည်
ဒေါ်စံပယ်ဖြူသည်အိတ်ကပ်ထဲမှ စီးကရက်ကိုထုတ်ပြီး
မီးညှိလေကာသောက်နေလေသည်
ထိုအခါသက်ထားခင်သည်ဘေးမှနေလျက်ချောင်းတွေထဆိုး
နေလေတော့သည်

" ဟမ် မင်းချောင်းဆိုးနေတာပဲ "

" မဟုတ်ပါဘူး အန်တီ အန်တီ့စီးကရက်ကြောင့်ပါ "

" ဒါ "

ဒေါ်စံပယ်ဖြူသည်ကိုင်ထားတဲ့စီးကရက်ကိုမြှောက်ပြလျက်
ဆိုလေသည်

" ဟုတ် "

ချက်ချင်းဆိုသလိုပဲဒေါ်စံဖြူသည်သောက်လက်စစီးကရက်ကို
မြေကြီးပေါ်ပစ်ချလိုက်ကာနင်းခြေပစ်လိုက်လေသည်
အငွေ့တွေကျန်ခဲ့မှာဆိုးလို့တောင်တစ်ကိုယ်လုံးကို
လက်ဖြင့်ခါပေးလိုက်သည်ရေဘူးတစ်ဘူးကိုကောက်ကိုင်
လျက်ပလုတ်ကျင်းပစ်လိုက်လေသည်

" အနံ့ရသေးရဲ့လာ "

ဒေါ်စံပယ်ဖြူသည်သက်ထားခင်အနားကိုနီးနီးတိုးလျက်ဆိုလေသည်

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now