Part - 8

554 34 0
                                    

" သက် မပြန်သေးဘူးလာ "

နှင်းရည်လွင်ကပစ္စည်းတွေသိမ်းရင်းနဲ့သက်ထားခင်ဘက်လှည့်ပြီး
ပြောလေသည်

" အင်း သက်ဒီဟာလေးလက်စသတ်ပြီးမှပြန်မလို့
အရင်ပြန်နှင့်ပါ "

" ဟုတ်ပါပြီ အရမ်းလည်းနောက်မကျနဲ့ဦးနော် "

" ဟုတ်ပါပြီ ကောင်းကောင်းပြန်ပါ "

ညနည်းနည်းမှောင်လာလေပြီ

" အန်တီ ကျွန်တော်ကားထုတ်ခဲ့ပေးပြီးပါပြီ "

" အင်း ဟုတ်ပြီကျေးဇူးတင်ပါတယ်ဒီနေ့တာဝန်ကျေပါတယ် "

" ဟုတ် အန်တီအဲ့ဆိုကျွန်တော့်ကိုခွင့်ပြုပါနော် "

" အင်း အင်း "

ဒေါ်စံပယ်ဖြူသည် စားပွဲပေါ်တင်ထားတဲ့ကားသော့နဲ့
အိတ်ယူလိုက်ကာအခန်းထဲကနေထွက်သွားလေသည်
ကားပါကင်ထိုးတဲ့ company ရှေ့မျက်နှာစာမှာရောက်တော့
ဒေါ်စံပယ်ဖြူတိုက်ပေါ်မော့ကြည့်မိလေသည်
သက်ထားခင်နေတဲ့အလွှာမှာမီးလင်းနေတာကို
တွေ့နေသည်

" ဦးလေးကြီး 4 လွှာကကလေးမအသစ်လေးမပြန်သေးဘူး
ဂရုစိုက်ပေးလိုက်ဦးနော် နောက်ထပ်နာရီဝက်လောက်ဆို
ပြန်ဖို့ပြောလိုက်ပါနော် "( အမှန်တော့ ဒေါ်စံပယ်ဖြူရဲ့
မသိစိတ်လေးကတော့သက်ထားခင်မှသက်ထားခင်ပါပဲ )

ဒေါ်စံပယ်ဖြူသည် ဦးလေး security အားလှမ်းပြောလေသည်

" ဟုတ်ကဲ့ပါ ဦးလေးပြောလိုက်ပါ့မယ် "

ဒေါ်စံပယ်ဖြူသည်တိုက်ပေါ်တစ်ချက်ပြန်မော့ကြည့်ပြီး
ကားပေါ်တက်သွားလေသည်

နာရီဝက်ကြာသော် …

ဒေါက် ဒေါက် ( တံခါးခေါက်သံ )

" အော် ဦးလေးကြီး ပြန်တော့မလို့လာ "

" ဟုတ်ပါတယ် သမီး "

" အော် ဟုတ် ဟုတ်ကဲ့ပါ သက်လည်းပြီးပါပြီ "

သက်ထားခင်သည်သိမ်းစည်းပြီး security ဦးလေးကြီး
နှင့်အတူ အောက်ထပ်သို့ဆင်းသွားလေသည်

" ကျေးဇူးတင်ပါတယ် ဦးလေးကြီး "

" ရပါတယ် သမီးရယ်ဒါကဦးလေးတို့တာဝန်ပဲ "

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now