Part - 3

542 36 0
                                    

At the dinner…

" ဟာ တို့စံပယ်ဖြူကဒီအပတ်အသစ်အဆန်းလေးနဲ့ပါလား "

အသားဖြူဖြူထောင်ထောင်မောင်းမောင်းအန်တီတစ်ယောက်မှ
ဒေါ်စံပယ်ဖြူအားခရီးဦးကြိုပြောလေသည်

" ဒါ တို့ရဲ့အတွင်းရေးမှူးပါ သက်ထားခင်တဲ့ "

သက်ထားခင်သည်ခေါင်းလေးငုံ့လျက်ပြုံးပြနှုတ်ဆက်လေသည်

" ဒေါ်စံပယ်ဖြူ ပြင်းပြင်းလေးရှာထားတယ် "

" ဟ တကယ်လား အတော်ပဲပေါ့ "

" ဟေ ယူလာခဲ့ "

ဟိုအန်တီမှလက်တစ်ချက်တီးလေကာ
waiter များမှစပါယ်ရှယ်ဝိုင်တွေအပြည့်ဖြည့်ထားသော
ရှေးကြွေအိုးလေးတွေ နှစ်လုံးနဲ့
ကြွေခွက်သေးသေးလေးတွေလာချကြလေသည်

" တို့ ငှဲ့ပါမယ် "

" ဟာ ကျွန်မပဲငှဲ့ပါ့မယ် "

ဒေါ်စံပယ်ဖြူတို့သည်တစ်ခွက်ပြီးတစ်ခွက်မော့လေတော့သည်
ဘေးမှထိုင်နေသူသက်ထားခင်ကတော့တားပဲတားရမလား
ဆက်ပဲသောက်ခိုင်းမလားမနေတတ်တော့ပေ

" အန်တီ အတော်မူးနေပြီ တော်ပါတော့ "

" တို့က မူးနေပြီ ဟုတ်လာ "

ဒေါ်စံပယ်ဖြူသည်တဝါးဝါးရီလိုက်ကာဆိုလေတော့သည်
ဒီလိုနဲ့အားလုံးပြန်တဲ့ချိန်ထိဒေါ်စံဖြူသည်အသောက်မရပ်
သေးပေ

" အန်တီ တော်ပါတော့ "

သက်ထားခင်သည်ဒေါ်စံပယ်ဖြူမော့သောက်မယ့်ခွက်ကို
ဆွဲလွှင့်ပစ်လိုက်သည်ဖန်ခွက်သည်ကြမ်းပြင်ပေါ်သို့
ဂလောင်းမြည်အောင်ကျကွဲသွားလေသည်

" အသက် မင်းဘာလုပ်တာလဲ "

" အန်တီသိလား ဒီလိုအရက်မူးသောင်းကျန်းနေတဲ့သူကို
သက်အမုန်းဆုံးပဲ "

သက်ထားခင်သည်ဒေါ်စံပယ်ဖြူအားမျက်နှာတည်တည်ကြီးနဲ့
ငေါက်ထည့်လိုက်ရာဘာမှပြန်မပြောနိုင်ပဲနေနေလေတော့သည်

" မောင် ရောက်ပြီလား "

" မောင်ထက်ပိုင် မင်းဘာလာလုပ်တာလဲ "

" မောင် လာပါ ကူထူပေးပါဦး "

မောင်ထက်ပိုင်နှင့်သက်ထားခင်တို့နှစ်ယောက်သည်
ဒေါ်စံပယ်ဖြူအားတဖက်တယောက်ဆွဲထူလျက်ကားပါကင်
သို့ထွက်သွားကြသည်

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now