" မောင် မောင်တို့သူဌေးမကအတော်လေးလှတာနော်
သူမကိုမြင်တော့မေမေ့ကိုအရမ်းသတိရသွားတာပဲ "သက်ထားခင်သည်မျက်ရည်လေးဝဲလျက်ပြောလေသည်
( သက်ထားခင်၏မိဘတွေသည်သက်ထားခင် 5 နှစ်အရွယ်ကတည်းကနှစ်ယောက်စလုံးကံဆိုးစွာဖြင့်
ကားမှောက်သေဆုံးသွားခဲ့ကြသည် )" သက်ရာ မောင့်ကိုဝမ်းနည်းအောင်လုပ်နေတာပဲ
မောင့်ရဲ့မိဘတွေကလည်းသက်ရဲ့မိဘတွေလိုပဲကို "" မောင် မောင့်ရဲ့မိဘတွေကသက်ကိုလက်မှမခံကြသေး
တာကိုခုချိန်ထိ "" သက်ရာ ဘာမှစိတ်ထဲထားမနေပါနဲ့မောင့်မိဘတွေက
တနေ့ကျလက်ခံလာမှာပါ "" မောင့်မိဘတွေသာ သက်ကိုယ်ဝန်မဆောင်နိုင်မှန်းသိသွား
ရင်သေချာပါတယ် မောင့်ကိုသက်ဆီကနေမရရအောင်
ပြန်ခေါ်ကြတော့မယ်ဆိုတာ "" သက် ဘာလို့ဒီအကြောင်းတွေပဲထပ်ခါထပ်ခါပြောနေတာလဲ
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်မောင်ကသက်ဘက်မှာပဲ
အမြဲတမ်းရှိမှာပါ သက်စိတ်ချပါ "" မောင် သက်စိတ်သက်သာရာရအောင်ပြောနေတယ်ဆိုတာ
သက်သိပါတယ် "" နားပါတော့ သက်ရာမနက်ဖြန်မနက်မောင် meeting ရှိတယ်
ရုံးကို အစောကြီးသွားရမှာ အဲ့တော့သက်ကိုယ့်ဘာကိုယ်
ဆိုင်ကယ်မောင်းသွားရမှာ မောင်ကတော့ taxi နဲ့ပဲသွား
လိုက်မယ် "" အင်းပါ အဲ့ဆိုလည်း သက်ကို alarm ပေးခဲ့ဖို့မမေ့နဲ့နော် "
မနက်ဖြန်သို့ရောက်သော်…
" သက် မောင်သွားပြီနော် အာဘွား "
မောင်ထက်ပိုင်သည်သက်ထားခင်နဖူးလေးကို
မနက်ခင်းအနမ်းလေးပေးကာ ဆိုလေသည်" ommm …"
သက်ထားခင်သည်မျက်လုံးလည်းမဖွင့်အိပ်ချင်မူးတူးအသံနဲ့
ထူးလေသည်" သက် နောက်ထပ်နာရီဝက်လောက်ဆိုထတော့နော်
နောက်ကျနေဦးမယ် "" ommm "
" မောင်သွားပြီ "
မောင်ထက်ပိုင်သည်ထမင်းချိုင့်နဲ့အိတ်ဆွဲပြီးထွက်သွားလေသည်
YOU ARE READING
အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )
Художественная прозаအသက်ကိုအန်တီချစ်တယ်ဆိုတာထက်ကို ပိုပါတယ်ကွယ်🤍