Part - 9

602 37 0
                                    

" အာ မိုးကလည်းအုံ့လာပြန်ပြီ "

သက်ထားခင်သည်ပြောရင်းနဲ့အိမ်ပြန်ရာလမ်းဘက်ကို
လမ်းလျှောက်ရင်းနဲ့ပြန်သွားလေသည်

" လေးလံတဲ့ခြေလှမ်းတွေ ဝမ်းနည်းနေတဲ့မျက်လုံးတွေ
ပြန်ချစ်ပေးပါလို့အကြိမ်ကြိမ်တောင်းဆိုနေတဲ့မသိစိတ်တွေ
အန်တီ့ရဲ့မခွင့်လွှတ်ပေးခြင်းက မင်းကိုအဲ့ဒီလောက်တောင်
ဝန်ပိနေစေသလား အသက် "

ဒေါ်စံပယ်ဖြူသည်ခပ်လှမ်းလှမ်းတနေရာမှာကားရပ်နေပြီး
ကားထဲမှနေကာ လမ်းလျှောက်သွားနေတဲ့သက်ထားခင်ကို
ကြည့်ရင်းဆိုလေသည် သက်ထားခင်ကိုဟိုးတစ်ဖက်လမ်း
မမြင်တော့တဲ့ထိကြည့်နေပြီးမှကားစက်နှိုးပြီးပြန်သွားသည်

" ဒီနေ့နောက်ကျလှချည်လား စံပယ် "

" အင်း "

ဒေါ်စံပယ်ဖြူသည် အင်း တစ်လုံးတည်းနဲ့အပေါ်ထပ်တက်ကာ
အခန်းဆီတန်းသွားလေသည် ဒါကိုမြင်ပြီးဦးလင်းမောင်တစ်
ယောက်ပိုပြီးစိတ်မကောင်းဖြစ်ရလေသည်

" စံပယ် စံပယ် အချစ်နဲ့အငြိုးအတေးတွေကြားထဲပိတ်မိနေတာပဲ "

ဦးလင်းမောင်သည်သက်ပြင်းချခေါင်းခါရင်းဆိုလေသည်

ဒေါ်စံပယ်ဖြူသည်အခန်းထဲရောက်တော့အိတ်ကိုကုတင်ပေါ်ပစ်တင်
ဖိနပ်ကိုအခန်းပေါက်ဝနားချွတ်ပစ်ပြီးစိတ်လွတ်ကိုယ်လွတ်
ကုတင်ပေါ်ဘုန်းကနဲကိုယ်ကိုပစ်ချလိုက်တော့သည်
ပြီးရင် မျက်ရည်တစ်စက်နှစ်စက်စကာရွာချတော့သည်

" ယဉ်နွယ် မကြီးဘယ်လိုလုပ်ရမလဲ သူ့ကြောင့်သာမဟုတ်ရင်
ယဉ်နွယ် ညီမလည်းမကြီးတို့နဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေမှာမဟုတ်လား
သူ့ကိုအသေအလဲမုန်းနေရမှာကို ဘာလို့မလုပ်နိုင်ရတာလဲ "

ဒေါ်စံပယ်ဖြူသည်ငိုရင်းနဲ့နာကျည်းစွာပြောနေမိသည်
ထိုအချိန်အိတ်ထဲမှဖုန်းတုန်ခါမှုကြောင့်မျက်ရည်သုတ်အသံပြင်
ကာဖုန်းထုတ်ကြည့်လေသည်

" အသက် အန်တီ့ကလေးလေး…"

ဖုန်း contact လေးကြောင့်ဒေါ်စံပယ်ဖြူကိုပိုပြီး
တုန်လှုပ်သွားစေလေသည် ဒါပေမယ့်ကိုင်ချင်တဲ့စိတ်ကိုတော့
မထိန်းချုပ်နိုင်ခဲ့ပေ ဒေါ်စံပယ်ဖြူဖုန်းကိုင်လိုက်သည်

အသက်ကိုအသက်နှင့်သမျှချစ်ပါသည်( Completed )Where stories live. Discover now