(1)

2.4K 204 3
                                    

အနည်းဆုံး ပရိတ်သတ်တစ်ထောင်လောက် ရှိနေပေမယ့် အပ်ကျသံကြားလောက်အောင် တိတ်ဆိတ်နေတဲ့studio... stageပေါ်အမှောင်ထဲမှာပဲ တည်ငြိမ်စွာရပ်နေရင်း အကောင်းဆုံးတင်ဆက်ဖို့ စိတ်ကိုပြင်ဆင် အာရုံစုစည်းနေသူ... OhSehun...

ဖျတ်ကနဲ မျက်နှာဆီထိုးကျလာတဲ့ မီးရောင်ကိုရင်ဆိုင်ဖို့ မျက်လုံးကို အားယူဖွင့်လိုက်သည်... မျက်နှာချင်းဆိုင် အမှောင်ရိပ်ဆီက ခပ်ဝါးဝါးမြင်နေရတဲ့ ပရိတ်သတ်တွေဆီ ရည်ရွယ်တဲ့ အပြုံးချိုချိုတစ်ပွင့်ကို သွားစွယ်လေးတွေပေါ်ပြီး မျက်လုံးတွေမှိတ်တဲ့ထိ ကြည်ကြည်စင်စင် ပြုံးရယ်ပြလိုက်သည်...

မိတ်ဆက်စကားမလို သူဘယ်သူလဲ သိသလို စကားမများတဲ့ သူ့အကျင့်ကို သိကြပြီးသား... သူဘာတွေ လုပ်ပြမလဲသိနေသလို ဘယ်လိုဆန်းသစ် တင်ဆက်ပြသမလဲကိုသာ ပိုအာရုံထားတဲ့ ပရိတ်သတ်ကြီးအတွက် စကားလုံးတွေထက်ပိုတဲ့ အနုပညာကို သူချပြဖို့အဆင်သင့်... Sehun လက်မြှောက်အချက်ပြလိုက်တာနဲ့ သူ့ကိုယ်ပေါ်ထိုးထားတဲ့ ခပ်ဖွေးဖွေးမီးရောင်အစား stageတစ်ခုလုံးပေါ်ကို ပြာလဲ့လဲ့မီးရောင်မှိန်မှိန်သာ နေရာယူသွားသည်... ငြိမ့်ညောင်းတဲ့ တေးသွားတစ်ပုဒ်လည်း ခပ်တိုးတိုးပျံ့လွင့်နေသည်... သူရပ်နေတဲ့ရှေ့က စားပွဲခုံပေါ်မှာလည်း ဝါစိမ်းနီပြာ ရောင်စုံမီးလုံးလေး 7လုံးလောက်က ခပ်ကျဲကျဲတန်းစီနေရာယူထားလျက်...

ဝတ်ထားတဲ့အကျီ င်္လက်ကို အသာပင့်တင်လိုက်ပြီး စားပွဲဆီလက်နှစ်ဖဝါးဘက်ကို နှစ်ချလိုက်တော့ ချောမွေ့စိုစွတ်တဲ့ ဆပ်ပြာမြှုပ်လေးတွေနဲ့အတူ သံပရာနံ့က သင်းပျံ့ထွက်လာသည်...

ကျွမ်းကျင်စွာလှုပ်ရှားနေတဲ့ Sehunလက်တွေကြားက အရောင်သွေးစုံ ပူပေါင်းလေးများ လွင့်ပျံတက်လာသည်... တန်းစီထားတဲ့ မီးလုံးလေးတွေပေါ် သူ့လက်ကြားက ဖန်ဆင်းလိုက်တဲ့ အရွယ်အတန်သင့်ကြီးတဲ့ ပူပေါင်းလေးများတင်လိုက်ချိန် လှပတဲ့ မီးအိမ်လေးများသဖွယ်...

သာမန် ဆပ်ပြာပူဖောင်းပေမယ့် သာမန်တော့မဟုတ်ခဲ့... ကျွမ်းကျင်လှတဲ့ သူ့လက်ချောင်းတွေကြား ဘာအကူပစ္စည်းမှမပါပဲ ဖြစ်ပေါ်လာတဲ့ အရွယ်စုံပူဖောင်းလေးတွေ... ပူဖောင်းအကြီးထဲကိုမှ ကြီးစဉ်ငယ်လိုက် ဆင့်ဝင်နေတဲ့ ပူပေါင်းငယ်လေးတွေကို တစ်ဆင့်ချင်းဖန်တီးပြပုံက ရင်သပ်ရှူမောဖွယ်... ထိရှပေါက်ကွဲလွယ်တဲ့ သာမန်ဆပ်ပြာပူပေါင်းလေးတွေ ဆိုပေမယ့် OhSehunဆိုတဲ့ ကျွမ်းကျင်သူလက်ထဲမှာတော့ စေလိုရာစေ ဖွင့်ထားတဲ့ သံစဉ်အလိုက် ယိမ်းနွဲ့ပေးကြသေးသည်... အရွယ်စုံပူဖောင်းတွေကို စိတ်တိုင်းကျ အစီစဉ်ချပြီး ပုံသဏ္ဍာန်တချို့ကိုလည်း သရုပ်ဖော်ပြသေးသည်...

15မိနစ်... တင်ဆက်ပြသချိန်15မိနစ်မှာ အကုန်မြန်လွန်းသည်... studioတစ်ခုလုံး လင်းချင်းသွားတဲ့ မီးရောင်တွေအောက်မှာ တဖောက်ဖောက် ပြိုကွဲသွားတဲ့ ပူပေါင်းလေးတေကို နှမျောတသ ကြည့်နေကြတဲ့ ပရိတ်သတ်တွေ... ချက်ချင်းဆိုသလိုပဲ လက်ခုပ်သြဘာသံတွေလည်း တရှိန်ထိုး လွင့်တက်လာသည်... ဒီ15မိနစ်စာလေး ကြည့်ရဖို့ အကုန်ကျခံထားတဲ့ ငွေကြေးနဲ့ စောင့်စားခဲ့ရတဲ့အချိန်ကမနည်း...

ပရိတ်သတ်ဆီ တစ်ချက်ဦးညွှတ်နှုတ်ဆက်ပြီး ချက်ချင်းပဲ stageနောက်ကို ဝင်ရောက်သွားခဲ့တဲ့ OhSehun... ခြေလှမ်းတွေက သူ့အသုံးဆောင်ပစ္စည်းတချို့ ထားခဲ့တဲ့နားနေခန်းဆီ... အခန်းတံခါးကိုဖွင့်လိုက်တော့ မမြင်ချင်တဲ့ မျက်နှာတစ်ခုက ဆီးကြိုလျက်...

" အဆင်ပြေတယ်မလား "

" နောက်တစ်ပွဲ မစီစဉ်ဖို့ ကျနော်ပြောထားတယ်နော် "

" ShiXun "

" ပြောပါ Wu Yifan "

" မင်းတကယ် ဆုံးဖြတ်ပြီးပြီလား "

" ............... "

" ကောင်းပြီလေ ငါမတားတော့ပါဘူး ပြန်သွားချင်သွားပေါ့...... သူတို့မင်းကို ကြိုဆိုမလားဆိုတာတော့...... "

အားပေးသလိုလို လှောင်ပြောင်သလိုလို နှုတ်ခမ်းတွန့်တယ်ဆိုရုံ ပြုံးပြပြီး သူ့ပခုံးကို ခပ်ဖွဖွပုတ်ကာ အခန်းပြင်ထွက်သွားသည်... Sehun ထိုင်ခုံမှာ ထိုင်ချလိုက်ရင်း လက်ဖဝါးနှစ်ဘက်ကြား မျက်နှာကိုနှစ်ထားရင်း သက်ပြင်းချမိသည်... ပြန်မယ်... သေချာပေါက်... ဒီတစ်ခါ ထပ်မတွန့်ဆုတ်တော့... အကျီင်္အတွင်းအိတ်ထဲက ပိုက်ဆံအိတ်အပါးလေး ထုတ်ကြည့်လိုက်သည်... အလှပဆုံးmemoryလေး သူ့ကိုဆီးကြိုနေသည်... မှုတ်ဆေးရောင်စုံတွေ မင်ရည်အနက်တွေ ဆပ်ပြာမှုန့်တွေနဲ့ ပေပွနေတဲ့နံရံတွေ ပစ္စည်းအစုံရှုပ်နေတဲ့ အခန်းကြီးတစ်ခုထဲက ညစ်ပေပေ ကောင်လေးသုံးယောက်... နည်းနည်းရုပ်ပေါက်ပေမယ့် သူတို့မျက်နှာပေါ်က အပြုံးတွေကတော့ အကြည်စင်ဆုံး တောက်ပလျက်... အရင်ချိန်တွေ ပြန်ရချင်မိသည်...

" i miss u guys "

To Be Continued

HOMEWhere stories live. Discover now