Tao မရှိတဲ့ ရက်ပိုင်းအတွင်းမှာ Sehun အနေနဲ့ Kaiကို ပြန်ချဉ်းကပ်ရတာ မဆိုသလောက်တော့ ခရီးပေါက်တယ် ပြောရမလား... သူရောက်ခါစကလိုတော့ မဟုတ်... Kaiက အတော်အသင့် ပြန်အရေးလုပ်ကာ ပြောပြောဆိုဆို ရှိလာသည်...
ဒါပေမယ့်...
ဒါပေမယ့်လည်း...
ဟိုအရင်ကလောက် နွေးထွေးတဲ့ အငွေ့အသက်တွေတော့ Sehun မခံစားရပါ... Kai ပုံစံက သူ့ကို အခုမှ စသိတဲ့ လူတစ်ယောက်လို ဆက်ဆံတာမျိုးလည်း မဟုတ်... အန္တရာယ်ရှိတဲ့ အကောင်တစ်ကောင်ကို သတိထား နေတာမျိုးလည်း မဟုတ်ပါပဲ ကိုယ့်ကိုယ်ကို တမင်အေးစက်အောင် ကြိုးစားနေပြီး စိတ်တံခါးကို ဇွတ်ပိတ်ထားချင်သလိုမျိုး ဖြစ်နေခဲ့သည်... ဟိုအရင် အချိန်က အကြောင်းတွေကိုလည်း စကားမစခဲ့... အရင်ကလို Sehunအပေါ် ပေါက်ကွဲ ဒေါသထွက်တာမျိုးလည်း မရှိတော့......
ဒီအခြေအနေကပဲ Sehunကို နာကျင်စေသည်... ပြီးခဲ့တဲ့ ကိစ္စတွေကို အကျိုးအကြောင်းပြော တကူးတက ရှင်းပြပြီးတော့လည်း ကိုယ့်နေရာကို ပြန်မရှာချင်... သူလုပ်ခဲ့သမျှ Kaiကိုယ်တိုင်က နားလည် လက်ခံပေးသည် ဆိုတဲ့ အချက်လေးကို Sehun လိုချင်မိသည်... ရူးမိုက်စွာ တောင့်တမိသည်...
ထားခဲ့သူ မှားခဲ့သူက ကိုယ်ဆိုပေမယ့်လည်း Kaiအပေါ် ဂျီကျချင်တဲ့ စိတ်ကလေးတော့ သူ့ရင်မှာ ခိုအောင်းနေသေးသည်လေ...
တကယ်ပဲ Sehun တစ်ထစ်ချ ယုံကြည်ခဲ့တာ... သို့ပေမယ့် လက်ရှိအခြေအနေက ကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်းလွန်ကဲခဲ့လေသလားလို့ မကြာခန ယောင်ရမ်း မေးခွန်း ထုတ်မိသည်အထိ အခြေအနေတို့က သူမျှော်လင့်ထားသည်နှင့် ကွာခြားနေလွန်းခဲ့သည်... သူထင်ခဲ့တာ Kai ခနတော့ ပေါက်ကွဲမယ်... သူ့ကို ဆူပူအော်ဟစ်မယ်... ဘယ်တုန်းကမှ လက်မပါခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်တော့ အားရအောင် ထိုးကြိတ်ရိုက်နှက်မယ် ဆိုလည်း သူငြိမ်ခံလိုက်မည်... ပြီးရင် အဆင်ပြေသွားမှာပါ... Kai သူ့ကို ပြန်လက်ခံမှာပါလို့ မျှော်လင့်ခဲ့သည်...
အခုတော့.........
ဟိုအရင်ချိန်က Kaiကို ပြန်မတွေ့ရသလို... သူ စိတ်ကူးခဲ့တဲ့ Kaiကိုလည်း မတွေ့ရပါ...