(9)

1K 163 13
                                    

ည1နာရီကျော်နေပေမယ့် အိပ်မပျော်တာကြောင့် Kai အိပ်ယာထဲက လူးလဲထကာ ထပ်ခိုးထပ်ရဲ့ အကာလက်ရန်းသံတန်းကို လက်ထောက်ပြီး အောက်ငုံ့ကြည့်လိုက်သည်... Tao တစ်ယောက်လည်း မအိပ်သေး... အိပ်ယာထဲ ရင်ဘက်အောက် ခေါင်းအုံးခု အားယားမှောက်ပြီး ph screen ကို သည်းကြီးမည်းကြီး ကြည့်နေသည်...

Kaiလည်း ရေလေးဘာလေး သောက်ဖို့စိတ်ကူးပြီး ဆင်းလာခဲ့လိုက်သည်... ရေအေးမသောက်ချင်တာမို့ Tao အိပ်ယာခေါင်းရင်း ခုံလေးပေါ်ချထားတဲ့ ရေသန့်ကတ်ထဲက တစ်ဘူးထုတ်သောက်လိုက်သည်...

" yah မအိပ်သေးဘူးလား ဘာတွေကြည့်နေတာလဲ "

သူ့အမေးကို ပြန်မဖြေအား ကြည့်လက်စကိုသာ မျက်လုံးမခွာတမ်း အသည်းအသန်ကြည့်နေသည်...

မယ် ခုမှ သေချာကြည့်မိတယ် မျက်ရည်တွေဘာတွေတောင် ဝိုင်းလို့... ဟာဟ ဒီကောင်တော့ ဇာတ်ကားကြည့် ငိုနေပြန်ပြီထင်တယ်...

Tao အိပ်ယာပေါ် ဝင်ထိုင်လိုက်ပြီး Kaiလည်း ဖုန်းဆီငုံ့ကြည့်လိုက်သည်...

Sand Painting...

ရိုက်ကွက်တွေက projectorကိုတစ်လှည့် artistရဲ့ သဲတွေကြား လက်ချောင်းတွေ လှုပ်ရှားနေပုံကိုတလှည့် အချက်ကျကျပြနေသည်...

" aw.. Kai တရေးနိုးလား . . စိတ်ဝင်စားလား လာလေ အတူလာကြည့် "

Taoက ear phone တစ်ဘက်ပေးတော့ Kaiယူလိုက်ပြီး Taoနည်းတူ သူ့ဘေးဝင်မှောက်ပြီး ကြည့်ဖို့ပြင်လိုက်သည်...

မတိုးမကျယ်လေး ခပ်ငြိမ့်ငြိမ့် ထွက်ပေါ်နေတဲ့ pianoသံ... MBLAQအဖွဲ့ရဲ့ Sad Memories ဆိုတဲ့သီချင်းကိုမှ piano.verသက်သက်ကို သုံးထားခြင်းဖြစ်သည်...

" ကြည့်တာ တစ်ဝက်တောင် ရှိတော့မယ်... သိပ်မများပါဘူး 5minစာလောက်ပဲ အစက ပြန်ကြည့်ချင်လား "

" ရပါတယ် မင်းကြည့်နေတာကို "

" arni သေချာ အစကကြည့်လိုက် တကယ်ကောင်းလို့ ငါမင်းကို ကြည့်စေချင်လို့..."

" oky ကြည့်မယ်လေ gomawo "

Taoက ကြည့်လက်စကိုရပ်ပြီး video file ကို အစကပြန်စသည်...

Believe it or not..
Imma true-story-teller......
You can feel my story now.........

အစချီလာတဲ့ စာတန်းလေးက ရိုးရှင်းပေမယ့် တစ်မျိုးဆွဲဆောင်မှုရှိတယ်လို့ Kaiတွေးသည်... စိတ်ရင်းကို မြင်နေရသလိုမျိုးလို့ပြောရင် ပိုတယ်ဖြစ်မလား... ထားတော့ ဒါကိုယ့်ရင်ဘတ်နဲ့ကိုယ်... အပိုစာသားတွေ ဖိန့်လုံးတွေလို့ ခပ်ချဉ်ချဉ်မြင်သူကလည်း မြင်မည်ပဲလေ...

HOMEWhere stories live. Discover now