" ပြန်ရောက်ပါပြီ "
တံခါးဖွင့် ဝင်လိုက်တည်းက Sehun ပြန်ရောက်ကြောင်း အသံပြုလိုက်သည်...
" yah Tao... ညနေစာ ငါ့ကို ငါးပေါင်းချက်ကျွေးပါလား.. ဒီမှာ ငါ လိုမယ်ထင်တာတွေ ဝယ်လာတယ်..."
သောကြာနေ့ ညနေခင်း ဒီလိုအချိန်ဆို Tao တစ်ယောက် အိမ်မှာပဲ ရှိနေတတ်တာမို့ ကိုယ်စားချင်တာ အပူကပ် လုပ်ကျွေးခိုင်းဖို့ သူ သတိတရ ဟင်းချက်စရာတချို့ ဝယ်လာခြင်းဖြစ်သည်... ဟင်းသုံးလေးမျိုးလောက်သာ ချက်တတ်ပေမယ့် Taoရဲ့ ငါးပေါင်းကတော့ တကယ်ကောင်းသည်မို့ Sehun မကြာခန ချက်ကျွေးခိုင်းခဲ့တာ ဟိုအရင်တည်းက...
" aw... Kai မင်းရှိနေတာလား "
အလူမီနယံကိုင်းတွေ သုံးလေးလက်မအရွယ် သံပြားလေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ Kai... လက်ထဲမှာလည်း လျှပ်စစ်သုံး အပူပေး ခဲချောင်းတစ်ချောင်းကို ကိုင်လို့....
" ဒီနေ့ Tao ပြန်လာအိပ်မှာ မဟုတ်ဘူး "
" w wae ? ဘာကိစ္စ ရှိလို့လဲ "
" ဒီလိုပဲ အလုပ်လေး ရှိလို့ "
" a awn... ဘယ်လိုလုပ်ရမလဲ... ငါက ဟင်းချက်စရာတွေ ဝယ်လာတာ..."
မြှောက်ပြတဲ့ သူ့လက်ထဲက အိတ်ကို Kaiက တစ်ချက်ကြည့်ပြီး သိပ်စိတ်မဝင်စားသလို သူ့လက်ထဲက သံပြားတွေကိုသာ ပြန်ငုံ့ကြည့်သွားသည်...
လစ်လျူရှုခံလိုက်ရတဲ့ ခံစားချက်က ရင်ထဲကို လှိုက်ကနဲ... ရင်ထဲကအပူက လည်ပင်းထိ ခုန်တက်လာတာ အာခေါင်ထိပ်ထိ ခြောက်ကပ်စွာ...
ဘယ်ချိန်ထိ ငါ့ကို အဝေးမှာ နေခိုင်းဦးမှာလဲ Jonginရာ...
ယောင်ယမ်းမြှောက်ထားဆဲ လက်ကို အသာပြန်ချလိုက်ရင်း မီးဖိုချောင်လို့ မခေါ်သာတဲ့ အိုးခွက်ပန်းကန် အနည်းငယ်သာ ရှိသော ကျောက်ခုံလေး ရှိရာ ဝယ်လာခဲ့တာတွေကို သွားတင်လိုက်သည်...
Taoလည်း မရှိဘူး ဆိုမှတော့ ဒီဝယ်လာခဲ့တာတွေကို သူ ဘာလုပ်ရမယ် မသိ... တစ်ခုခု သေချာ ချက်တတ်ရင်လည်း အကောင်းသား... အဲ့လိုသာဆို အရသာရှိမယ့် ညနေစာကို အကြောင်းပြုပြီး Kaiကို အတူစားဖို့ စကားစနိုင်မည်လေ... အခုတော့ ကိုယ်တိုင်တောင် ခေါက်ဆွဲခြောက်ထုပ် ပြုတ်သောက်နေရမယ့် အဖြစ်...