အသိစိတ်က နိုးနေပေမယ့် Kaiမျက်လုံးမဖွင့်မိသေး... ကြားနေရတာ နံရံကိုလက်ချောင်းလေးတွေနဲ့ (ပြောရရင် လက်သည်းထိပ်လေးတွေနဲ့) တတောက်တောက်ခေါက်နေတဲ့အသံ... သူရင်းနှီးနေပါသည်... ခါတိုင်းနေ့တွေမှာ ကြားနေကြမဟုတ်ပေမယ့် ဒီလိုအသံ ဒီလိုအမူအကျင့်တွေကို Kai ကောင်းကောင်းသိနေသည်...
Sehun?
ဖျတ်ကနဲ ခေါင်းထဲရောက်လာတဲ့ အတွေးနဲ့အတူ နိုးနေပြီပေမယ့် ပျင်းရိလေးတွဲ့စွာ စေ့မှိတ်ထားတဲ့ မျက်ဝန်းတစ်စုံကို ချက်ချင်းဖွင့်လိုက်မိသည်... အိပ်နေရာက ချက်ချင်းထထိုင်မိတော့ သူ့ခြေရင်း မလှမ်းမကမ်းမှာ ရပ်နေတဲ့Sehun...
" ow Kai နိုးပြီလား gud mornin "
" tsk နိုးနိုးချင်း မင်းကိုမြင်ရတာ ငါ့အတွက် Good Morning ဖြစ်နိုင်ပါ့မလား "
"hkhkhk^^"
သူဘုတိုက်တဲ့စကားကို စိတ်ထဲမထားသလို သဘောတကျ ရယ်လိုက်တာ မျက်လုံးလေးတွေမှိတ်ပြီး သွားစွယ်လေးတွေ ပေါ်လာသည်အထိ...
Kai အကြည့်လွှဲလိုက်သည်... ဒါ Oh Sehun ရဲ့ လက်နက်ပဲလေ... ဟိုအရင်က သူစိတ်ဆိုးစိတ်တိုရင် ဒီလိုမျိုးပဲ ကလေးတစ်ယောက်လို ကြည်ကြည်စင်စင် ချစ်စရာကောင်းအောင် ပြုံးရယ်ပြပြီး လူကိုစိတ်ပျော့အောင် လုပ်တတ်သည်... တခြားသူတွေ အတွက်တော့မသိ Kim Jongin ဆိုတဲ့ ဒီကကောင်အတွက်တော့ ဘယ်လိုမှ မာန်တင်းမထားနိုင်တဲ့ ပျော့ကွက်တစ်ခုပါလေ...
" Tao ရော? "
" မနက်ခင်းလေ့ကျင့်ရေးဆင်းဖို့သွားတယ် အရင်နေ့က မင်းလိုတယ်ပြောထားတဲ့ ပစ္စည်းတွေ အပြန်ဝင်ဝယ်ခဲ့မယ်လို့လည်း ပြောသွားတယ် "
" aw "
သူဘာတစ်ခွန်းမှထပ်မပြောပဲ ထပ်ခိုးထပ်ကနေ အောက်ဆင်းလာတော့လည်း နှုတ်ဆိတ်လို့ သူ့နောက်က ဆင်းလိုက်လာသည်... Taoအိပ်ယာနား fridgeအသေးလေးထဲက အေးစိမ့်စိမ့် beerတစ်ဗူးကို လှမ်းယူတော့ သူ့လက်ထဲကနေ ပြန်လုပြီး ရေသန့်တစ်ဘူးကို လက်ထဲအစားပြန်ထည့်ပေးသည်...
" YAAAHH "
စိတ်အလိုမကျစွာ မျက်မှောင်ကျုတ်အော်လိုက်တော့ အသားကုန်ဖြီးပြပြီး မျက်နှာချိုသွေးနေပြန်သည်...