(6)

1.3K 178 12
                                    

[KAIpov]

" အံ့ဖွယ်ပါလား မေတ္တာရှင်ကြီးရဲ့ "

Kaiတစ်ယောက်တည်း ခပ်ဖြည်းဖြည်း လမ်းလျှောက်လာရာက ရုတ်တရက် ကိုယ့်ဆီဦးတည်တဲ့ စကားသံကြောင့် နောက်ကျောဆီ အသာစောင်းငဲ့ ကြည့်လိုက်သည်... ကားကို ခပ်နွဲ့နွဲ့မှီ လက်ပိုက်ရပ်နေရင်း သူ့ကိုခပ်အေးအေး စိုက်ကြည့်နေသူ... စေ့ထားတဲ့နှုတ်ခမ်းမှ မဆိုသလောက် ခပ်ပါးပါးအပြုံးက အနည်းငယ် လှောင်ရိပ်စွန်းနေသယောင်... Kai စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်မိသည်...

" ခင်ဗျား ဒီကိုဘာကိစ္စရှိလို့လဲ "

" hak ဒီလိုပါပဲ "

ဘောင်းဘီအိတ်ထဲ လက်နှစ်ဘက်နှိုက်ပြီး တစ်လှမ်းချင်း ဟန်ပါပါနဲ့ သူ့ဆီ ခပ်ဖြည်းဖြည်း ချဉ်းကပ်လာတဲ့ Wu Yifan ဆိုသူကို ကြည့်ရင်း Kaiစိတ်ငြိမ်အောင် ကြိုးစားထိန်းမိသည်... ဒေါသဆိုတာ ထွက်တိုင်းကောင်းတဲ့အမျိုးမှ မဟုတ်တာ...

" Sehunကြောင့် လာတာလား "

" ဆိုပါတော့ "

" ဘာပြောချင်တာလဲ "

" hmph.. ဘာမှ အထွေအထူး မဟုတ်ပါဘူး ဒီလိုပါပဲ... ကိုယ်တို့ Shixun ကို ဒီလို လွယ်လွယ်ပြန်လက်ခံပေးနိုင်တဲ့ မင်းစိတ်ကို အရမ်းအံ့အားသင့်မိလို့... "

" ဒါ ခင်ဗျားအရေး မဟုတ်ပါဘူး "

မလိုလားစွာ ပက်ကနဲ ပြန်ပြောလိုက်သည်... KAIအကြည့်တွေ ပိုစူးရှလာသလို တစ်ချက် တင်းကနဲ လက်သီးဆုပ်လိုက်မိသေးသည်...

" hak ဘာပဲ ဖြစ်ဖြစ်ပါ... ကိုယ်က စေတနာနဲ့ လာသတိပေးတာ ချာတိတ်ရ... သိပ်...... မျှော်လင့်မထားနဲ့လို့လေ... "

" ........................ "

" ကိုယ် Shixunကို ပြန်ခေါ်မှာ... အခုက ခန သူစိတ်အပန်းပြေ ခရီးသွားပါစေလို့ လွှတ်ပေးထားတာ... "

" ............ "

" သတိထားပေါ့ကွာ... တစ်ခါခံရဖူးပြီးပြီပဲ... နောက်တစ်ခါထပ် သစ္စာဖောက်မခံချင်နဲ့ပေါ့... tsk... ပြောရမှာ မကောင်းပေမယ့် ကိုယ်တို့Shixunက နည်းနည်း ဥာဉ်ဆိုးတယ်ကွ... "

အားပေးတာလိုလို သနားတာလိုလိုနဲ့ ပခုံးကိုခပ်ဖွဖွပုတ်ပြီး Wu Yifan ဆိုသူ ကားပေါ်တက် မောင်းထွက်သွားသည်... ဘာကိုရည်ရွယ်မှန်း သိပေမယ့် ဘယ်လို အဓိပ္ပာယ်နဲ့ ပြောလာတာလဲတော့ Kaiနားမလည်ပါ... နားမလည်ချင်တာ... လက်မခံချင်တာဆို ပိုမှန်မလား... ဟင့်အင်း လက်မခံနိုင်တာဆို ပိုမှန်ပါလိမ့်မည်... အခုထိ သူ့စိတ်က Sehunကို သူယုံကြည်မိနေတုန်းပဲလေ...

HOMEWhere stories live. Discover now