(8)

1K 146 13
                                    

" တော်ပါတော့ ကျနော် ထပ်မလုပ်နိုင်တော့ဘူးလို့ ပြောပြီးပြီလေ "

" Shixun a "

Sehunရဲ့ ခပ်ဆောင့်ဆောင့် အငြင်းစကားကို Kris ခပ်အေးအေးလေသံနဲ့ပဲ တုန့်ပြန်သည်...

" plz ကျနော့်ကို လွှတ်ပေးပါတော့... Wuအိမ်တော်ကလည်း ကျနော့်ကို မဖြစ်မနေလိုအပ်နေတာမှ မဟုတ်တာ... arni လိုလားနေတာ မဟုတ်ဘူးဆို ပိုမှန်မယ်"

" ငါကတော့ မင်းကိုလိုအပ်တယ် Shixun "

အပြုံးဟုအမည်ခံ နှုတ်ခမ်းတွန့်ပြရုံ မျက်နှာပေးနဲ့ Krisကို Sehun အလိုမကျစွာ မျက်မှောင်ကျုတ်ကြည့်သည်...

" ခင်ဗျား ဘာတွေလုပ်နေလဲ ကျနော်သေချာမသိဘူး Wu Yifan.. ဒါမယ့် ကျနော့် Bubble Show ကို ခုတုံးလုပ်ပြီး ခင်ဗျားတစ်ခုခု အကျိုးမြတ်ရနေတာကိုတော့ ကျနော် ရိပ်မိနေတယ်.. ပွဲကရတဲ့ငွေက ခင်ဗျားတစ်ထိုင်ဖြုန်းစာ ရှိတာပါ.. တော်ပါတော့... ဘယ်ချိန်ထိ လူကိုအသုံးချနေမှာလဲ... ဘယ်ချိန်ထိ နောက်ကျောမလုံပဲ နေနေရမှာလဲ... ခင်ဗျားငွေတွေ ကျနော် မမက်ဘူး... Wu Enterprise မှာ နေရာရဖို့လည်း စိတ်မဝင်စားဘူး... ဟုတ်တယ် ကျနော် လမ်းဘေးမှာပဲပျော်တယ် "

မျက်ရည်တွေတောင်ဝဲလို့ တောက်လျှောက်ပေါက်ကွဲနေတဲ့ Sehunကို Kris အေးအေးလူလူပဲ ပြောပြီးသည်ထိ ခြေချိတ်ထိုင် လက်ပိုက်ကြည့်နေပြီး အသာပြုံးသည်...

" အဖြေကရှင်းနေတာပဲ "

" ?? "

" မှန်တယ်... မင်းပွဲကိုဗန်းပြပြီး ငါအကျိုးအမြတ်ရနေတာတွေ ရှိတယ်... Mm hm... မင်းစိတ်တောင်မကူးမိတဲ့ ပမာဏလောက် ဆိုပါတော့... ထားပါ ငွေစိတ်မဝင်စားတဲ့သူကို ဒါတွေ မပြောတော့ပါဘူး kekeke "

Wu Yifanနှုတ်ခမ်းတွေကို လက်ခုံနဲ့ကွယ်ကာ တခိခိရယ်သည်... ပြီးတော့ ချက်ချင်းပဲ သူမဟုတ်သလို ပြန်တည်သွားကာ Sehunကို စူးစူးရဲရဲ စိုက်ကြည့်သည်... နှုတ်ခမ်းတို့က အရယ်အပြုံးမဲ့ တင်းတင်းစေ့ကာ မျက်နှာထားက အေးစက်စက်... ပြီးတော့ ထိုင်ရာက ထလာကာ Sehunနားလာရပ်ပြီး ပခုံးပေါ် လက်တစ်ဘက်တင်ပြီး ဖက်သည်...

" Shixun ya... ပြောစကားကို တည်မှပေါ့... 5နှစ်လေ... အခုမှ 2နှစ်ကျော်ခါစ......"

HOMEWhere stories live. Discover now