* ခွပ် *
" ch chanyeol ah "
ပါးရိုးဆီအရှိန်ပြင်းပြင်းလက်သီးတစ်ချက် တိုးဝင်လာခဲ့ပြီး Baekhyunဆီက မယုံနိုင်သလို အသံတိုးတိုးလေးထွက်လာသည်... လက်သွယ်သွယ်လေးတစ်ဖက်က ပါးပြင်ကို အုပ်ကိုင်လျက်... လဲကျသွားရာကနေ ရှေ့မှာ ဒေါသတကြီးရပ်နေတဲ့ Chanyeolကို မော့ကြည့်သည်... ပါးပြင်က နာကျင်မှုကြောင့်လား ရင်ထဲက နာကျင်မှုကြောင့်လား... eyeliner ထူထူဆိုးထားတဲ့ မျက်ဝန်းမှေးမှေးလေးတွေဆီမှာ ချက်ချင်း မျက်ရည်စတို့ ဝဲတက်လာသည်...
" ဒါ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေ Byun Baekhyun... မင်း... နောက်တစ်ကြိမ်ဒီလိုဖြစ်ရင် မင်းနဲ့ငါသေခန်းပြတ်ပဲ... တောက်... မင်းကွာ... ငါအရမ်းမုန်းတဲ့လုပ်ရပ်ကိုမှ......"
ထပ်လက်သီးရွယ်ပြီးမှ နံရံဆီသာ လွှဲထိုးလိုက်သည်... ဒေါသတကြီးနဲ့ လက်ညှိုးငေါက်ငေါက်ထိုး ပြောပြီး ခပ်မှောင်မှောင် အခန်းတွေကြားကနေ ခြေလှမ်းကျဲတွေနဲ့ ထွက်သွားတဲ့ အရပ်ရှည်ရှည်နဲ့သူ... နံရံမှီထိုင်ပြီး တအိအိငိုနေရစ်တဲ့ လူကောင်ပိစိလေးနဲ့ ချစ်စရာကောင်လေးကိုတော့ နောက်ထပ် ဆံပင်ကောက်ကောက်နဲ့ ကောင်လေးတစ်ယောက်က ဘေးမှာလာ ဒူးထောက်ထိုင်ပြီး ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်သည်...
မျက်စိရှေ့က တစ်ခန်းရပ်ပြဇာတ်ကို စိတ်ရှုပ်သလိုခေါင်းယမ်းရင်း Kaiလက်ထဲက beerဘူးလက်ကျန်ကို အကုန်မော့လိုက်ပြီး ဘူးခွံကိုပိန့်ရှုံ့သွားအောင် လက်နဲ့ညှစ်လိုက်ကာ မလှမ်းမကမ်းက အမှိုက်ပုံဆီ လက်မှန်းနဲ့လှမ်းပစ်ထည့်သည်...
*ဂလောင်*
အမှိုက်ပုံးအဖုံးကို ဝင်မှန်ပြီးမှ အထဲကျသွားတဲ့ beerဘူးခွံအသံကြောင့် အငိုမင်းသားကို ဖက်နှစ်သိမ့်နေသူက Kaiဆီ တစ်ချက်လှမ်းကြည့်သည်... Kaiဒီတိုင်းပဲ ပြန်လှည့်ထွက်လာလိုက်သည်...
Kai သူတို့ကိုသိသည်... ပြိုင်ဘက်အဖွဲ့ CBCက သုံးယောက်ပင်... Chanyeol, Baekhyun, Chen... သူသိသလောက်တော့ Chanyeolနဲ့ Baekhyunဆိုတာက ရိုးရိုးသူငယ်ချင်းတွေမဟုတ်ပဲ ဆန်းပြားတဲ့ ပက်သက်မှုလို့ပင် လူအများကြား သတင်းထွက်သည်... ထင်လည်း ထင်ချင်စရာ... လူမြင်ကွင်းမှာတောင် သူတို့တွေရဲ့ နေပုံထိုင်ပုံက ရင်းနှီးပွင့်လင်းလွန်းသည်... အ့ဒါတွေထားပါ... သူတို့ကိုယ်ရေးကိုယ်တာတွေ ဘယ်လိုရှိနေပါစေ Kaiသိတာက CBCသည် ထက်မြက်တဲ့ အရည်အချင်းရှိတဲ့ အင်အားကြီးတဲ့ ပြိုင်ဘက်ကောင်းတွေပင်...