(Sehun'pov)
" ဒီအတောအတွင်း အဆင်ပြေရဲ့လား "
Taoအမေးကို ကျနော် ဘယ်လိုဖြေရမလဲ... ပြေတယ်? မပြေဘူး? တစ်ခုခုပေါ့ တကယ်တမ်းဖြေစရာက ရိုးရှင်းတယ်မလား... ဒါမယ့် ကျနော့်မှာ ဘာလို့များ ဖြေစရာအဖြေမဲ့နေတာပါလိမ့်...
" အင်း ပြေတယ်ဆိုပါတော့ "
ကျနော့်အဖြေကို Taoပြုံးသည်... ကျနော်လည်း အတူလိုက်ပြုံးမိလေသလား... အိမ်နံရံ... အင်း... ဂိုထောင်တစ်ခုရဲ့နံရံဆို ပိုမှန်ပါလိမ့်မယ်... ထားပါ ဒါကျနော်တို့အိမ်... arni... ကျနော်နေထိုင်ဖူးခဲ့တဲ့အိမ်...
အဝင်ပေါက်နားက ခုံတန်းလေးပေါ်ထိုင် အိမ်နံရံကိုမီရင်း လက်ထဲမှာ အေးစိမ့်နေတဲ့ beerဘူးကိုယ်စီနဲ့ နွေလယ်ညကို အံတုရင်း Taoနဲ့ကျနော် ရောက်တတ်ရာရာ စကားဖွဲ့နေကြသည်... တစ်ယောက်သောသူ ပြန်အလာကို စောင့်မျှော်နေတာဆို ပိုမှန်ပါလိမ့်မည်...
Kim Jongin...
mianhae... mianhae Kai ya...
ခွင့်လွှတ်ပေးဖို့ မတောင်းဆိုချင်ပေမယ့် တောင်းပန်စကားတော့ ပြောခွင့်ပေးပါ Chingu ya...
" တစ်ခုခု ပြောစရာ မရှိဘူးလား "
" arni "
" အေးလေ အခုချိန်မှာ ပြောပြောမပြောပြော အရေးမကြီးတော့ပါဘူး မင်းလည်းပြန်လာပြီပဲ "
" gomawo :-) "
" မလိုပါဘူးကွာ... ငါကမင်းပြန်လာဖို့ကို မျှော်နေတဲ့ကောင်ပါ "
" ...... "
" ဟိုကောင်ရောပဲ "
" အဟင်း :) ဟုတ်ရင်တော့ ကောင်းတာပေါ့ သူငါ့ကို ပြန်လာစေချင်ရဲ့လား "
" yaaah အဲ့လိုမပြောပါနဲ့... Kaiအကြောင်း မင်းသိသားနဲ့ "
သိတယ်... သိနေလို့ပေါ့Taoရာ... သူ ငါ့အပေါ် ဘယ်လောက် စိတ်နာလိုက်မလဲ ငါသိနေလို့ပေါ့... ခုတောင် မျက်နှာချင်းမဆိုင် စကားတစ်ခွန်းမှ မပြောပဲ ငါ့ကိုမရှိတဲ့သူလို သဘောထား မမြင်ချင်ယောင်ဆောင် မသိချင်ယောင်ဆောင်ပြီး အပြင်ထွက်သွားတာပဲလေ..
" သူမင်းကို အရမ်းခင်တွယ်ခဲ့တာ "
အင်း ငါသိပါတယ်