နောက်ထပ်တစ်ကြိမ် ငါ့ကိုချစ်ပေးပါ
အညွှန်းလျိုအန်းဟိုင် တနေ့ သူမရဲ့ဈာပနာကို သူမကိုယ်တိုင်မြင်တွေ့ရလိမ့်မယ်လို့တစ်ခါမှမထင်ထားခဲ့
နောက်ဆုံးအကြိမ် သူမမှတ်မိတာက သူမ လေယာဉ်တစ်စီးပေါ်မှာ လုပ်ငန်းညှိနှိုင်းဖို့အတွက်သွားနေခဲ့တာပဲ တကယ်လို့သူမသာအောင်မြင်ခဲ့မယ်ဆို သူမ ရှယ်ယာရှင်တွေရဲ့ထောက်ခံမှုကိုရပြီးတော့ လျိုကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာမှာပင်
ဒါမဲ့ လေယာဉ်ပျက်ကျသွားမယ်လို့ သူမ မထင်ထားခဲ့
သူမ နောက်ဆုံးအတွေးကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကြိုးစားခဲ့သမျှတွေ အကုန် သဲထဲရေသွန်ဖြစ်သွားပြီလို့ပင် သူမ လျိုစံအိမ်မှာ ဆယ်နှစ်လောက်နေပြီးတောင့်ခံခဲ့ရတာ အိမ်ကိုဖျက်ဆီးမယ့်သူနဲ့ သူ့သား ဟန်တင်းယွီ တို့ သူမလက်ထဲကနေ လျိုကုမ္ပဏီကိုမယူသွားနိုင်အောင်လို့လေ
သူမ အိမ်မက်တွေလက်တကမ်းအလိုရောက်နေပြီလို့ ခံစားမိချိန်မှာပဲ သူမ ဘဝကြီးက လေယာဉ်ပျက်ကျတာနဲ့အဆုံးသတ်သွားရတယ်
လေယာဉ်ပျက်ကျပြီး စက္ကန့်ပိုင်းမှာပဲ သူမအုတ်ဂူရှေ့မှာ သူမရပ်နေခဲ့တာပင်
သူမ အဖေက နောက်ဆုံးအကြိမ် သူမ သူ့ကိုတွေ့တုန်းကတောင်တော်တော်အသက်ရနေပြီပင်
သူမ တောင့်သွားတာ သူမ အဖေ သူမဈာပနမှာ ရှိုက်ငိုနေတာကိုမြင်လိုက်ရလို့လေ သူမ အဲ့လူအိုကြီးကို သူမ အဖေလို့ မခေါ်ခဲ့ဘူး ဘာလို့လဲဆိုတော့သူတို့ ဆက်ဆံရေးက အဲ့အိမ်ကိုဖျက်ဆီးမယ့်သူနဲ့ သူ့သား ဟန်တင်းယွီကိုအိမ်ခေါ်လာကတည်းက ပြတ်ဆဲသွားပြီမို့ပင်
သူမ သူမ အဖေကို သူမအမေကို ငွေကြောင့်လက်ထပ်ခဲ့လို့စိတ်ပျက်ခဲ့သည်လေ သူမ အမေကတော့ သူမအဖေကို နှစ်နှစ်ကာကာချစ်ခဲ့ပေမယ့် သူမ အမေဘာပြန်ရခဲ့လဲ? သူမ အမေက အထီးကျန်နေတဲ့နှလုံးသားတစ်ခုနဲ့သေသွားပြီး အဆုံးသတ်သွားခဲ့ရတယ်
သူမ သူမဘဝတစ်ခုလုံး သူမအဖေကိုဆန့်ကျင်လာခဲ့တာ အိမ်ကိုဖျက်ဆီးတဲ့သူ သူ့သားကိုကောပဲ သူတို့ကို မုန်းသလို ဆိုးဆိုးဝါးဝါးလည်းဆက်ဆံခဲ့တယ် အဲ့ဒါကို ဘာလို့ သူတို့က ပူဆွေးနေတာလဲ ဘာလို့ ဟန်တင်းယွီက သူမ ပုံကို စိုက်ကြည့်နေရတာလဲ
ရုတ်တရက် သူမသာ ဒုတိယအခွင့်ရေး ရခဲ့မယ်ဆို ဒီအရာတွေက ကွဲပြားသွားမှာလား?
မိတ်ဆက်
ဟုတ်တယ် သူမက မြင့်မြတ်ပြီး ကြီးကျယ်တဲ့သူ ဘယ်သူ့ကိုမှ မျက်လုံးထဲမထည့်ဘူး
လျှာစောင်းလည်းထက်တယ် အဆိပ်လိုပါးစပ်နဲ့ စက်ဆုပ်ဖွယ်ကောင်းသလို လိုက်လျောညီထွေလည်းမနေတတ်ဘူး
အဝတ်စားလဲသလို ရည်းစားလဲတာလည်းမပြောနဲ့ အတင်းမဂ္ဂဇင်းတွေရဲ့ခေါင်းစီးပိုင်းမှာဆိုလည်း အမြဲပါနေတာ
အခု သူ သူမ မျက်နှာအစစ်ကိုသိပြီး ထွက်သွားတာ အကောင်းဆုံးပဲ
ပြီးတော့ အရူးလို လုပ်နေတာရပ် သူဘယ်တော့မှမရနိုင်တဲ့အရာနောက်ကိုလိုက်နေတာမျိုးလေ
သူမနဲ့သူက ဘယ်တော့မှ တူတူရှိနိုင်မှာမဟုတ်ဘူး!
အရင်မျိုးဆက်က အချစ် အမုန်းအငြင်းပွားခဲ့တာရဲ့ သတ်မှုတ်ထားမှု ကံတရားပဲ
ကြောက်လန့်စရာ လေယာဉ်ပျက်ကျမှုကို သူမကို နောက်ထပ်အခွင့်ရေး မပေးခင်ပေါ့
ပြီးတော့ သူမဘယ်တုန်းကမှ မထင်ထားခဲ့တဲ့ အရူးအမူးချစ်ခြင်းတစ်ခု...
သူမနဲ့ အမြဲရန်ဖြစ်ပြီး အမြဲပြိုင်ဆိုင်နေတဲ့သူက သူမ အပိုင်တွေကို ခိုးသွားတဲ့သူ...
တကယ်တန်း သူက သူ့ကို တိတ်တိတ်လေး ချစ်နေခဲ့တာတဲ့!
သူ့ရဲ့နက်ရှိုင်းပြီး တိုင်းတာလို့မရတဲ့အချစ် အချစ်လို့အမည်ခံပြီး သူလုပ်ခဲ့တဲ့ ရူးကြောင်ကြောင်အရာတွေ
ငိုရမလား ရယ်ရမလားတောင်သူမ မသိတော့ပေမယ့် ရင်နာရတာတော့အမှန်ပင်
ဒါမဲ့ သူမ ဆုံးဖြတ်ပြီးသား ဘယ်လိုပဲဖြစ်ဖြစ် သူမက သူအမေလို အချစ်ကြောင့် ထိန်းချုပ်ခံရပြီး အားနည်းသွားမှာမဟုတ်ဘူး
ဆိုတော့ ထပ်တလဲလဲ သူမက သူမကို သူမ နာကျင်စေပြီး သူ့ကိုတွန်းထုတ်ခဲ့တော့တယ်....
-