M-1 (Part 2)

670 58 0
                                    

အခန်း ၁ (အပိုင်း ၃)
လျိုအန်းဟိုင် ဟန်တင်းယွီကို လျိုစံအိမ် တတိယထပ်ကိုခေါ်လာခဲ့သည်။ တတိယထပ်က ပုံမှန်ဆို သူမ အပိုင်ပင် သူမ အိပ်ခန်းအပြင် စာကြည့်ခန်းတစ်ခန်း ဂီတခန်းတစ်ခန်း ပြီးတော့ ဧည့်သည်ခန်းတစ်ခန်းရှိသည်လေ ဒါမဲ့ သူမ အဖေက ဧည့်သည်ခန်းကို ဟန်တင်းယွီ အိပ်ခန်းအဖြစ်ပြောင်းပစ်ရော
ဖြစ်နိုင်တာက သူမ အဖေက ဟန်တင်းယွီနဲ့သူမ တူတူတစ်လွှာတည်းနေရင် ပိုပြီး ရင်းနှီးလာမလားလို့နေမည်။
အရင်ကဆို သူမ ဟန်တင်းယွီနဲ့လိုက်လျောညီထွေမနေပင် သူ့ကို ဘယ်လိုပဲရန်စစ သူက အမြဲတမ်းရေခဲတုံးလိုနေပြီး ဘာမှကို ပြန်မတုံ့ပြန်တာ သူ့ကိုဘယ်လောက်တောင် အကျင့်ပုတ်ခဲ့လဲ ပြီးတော့ သူမ အသက်ရှိစဉ်က လျိုကုမ္ပဏီရဲ့စီအီးအို ဖြစ်သွားမှာကို ဘယ်လိုတောင် တားဆီးခဲ့လဲဆိုတာ နောင်တရလို့နေသည် တကယ်လို့ သူမ သာသူ့နေရာမှာဆို အကျင့်ပုတ်တဲ့လူနဲ့ ပြန်ရန်ဖြစ်ရမှာ မတန်ဘူးလို့ပဲတွေးမိမှာပင်
ကလေး ဟန်တင်းယွီလေးက သူမ ပုခုံးကိုတောင်မမှီသေးတဲ့ ကောင်ငယ်လေးပင် အဲ့တုန်းက သူမ သူ့မျက်လုံးတွေထဲ သေချာမကြည့်ခဲ့မိတာ ကြည့်ခဲ့မယ်ဆို အငြင်းခံရမှာကြောက်တဲ့ အားနည်းမှုလေးတစ်ခုကိုသူမ သတိပြုခဲ့မိမှာပင်
"နင်ငါ့ကိုကြောက်နေတာလား?" သူမ သူ့ကို ငုံံ့ကြည့်ကာ မေးလိုက်သည်။
သူက ငယ်ပေမယ့် တစ်ယောက်ယောက်က သူ့ကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာကိုတော့ နားလည်သေးသည်လေ သူက နောက်ကို ခြေတလှမ်းဆုတ်လိုက်ပြီး ကာကွယ်ဖို့လုပ်လိုက်သည်။ တကယ်လို့ သူကြောက်နေတယ်ဆိုတာသာ ပြလိုက်ရင် သူ့ပြိုင်ဘက်က သူ့ကို ဖျက်ဆီးပစ်လိုက်လိမ့်မည်လေ
သူ့အဖေရင်းက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆုံးသွားခဲ့တာ သူ့ကိုပျိုးထောင်ပေးခဲ့တာက သူ့ရဲ့မွေးစားအမေပင် သူ့မိသားစုဘဝရဲ့ မသေချာမှုတွေက သူ့ကို ငယ်ငယ်လေးနဲ့ ရင့်ကျက်စေခဲ့တာ
ကောင်လေး အုပ်စုတစ်စုက သူ့ကို အနိုင်ကျင့်တော့ သူက သူ့ကိုယ်သူ ကာကွယ်ဖို့ တိုက်ခိုက်ပြီး အနိုင်ရခဲ့တယ်လေ သူအိမ်ကို မာနတွေ ရှရာ အနာတွေနဲ့ ပြန်လာခဲ့တာ သူ့မွေးစားအမေကတော့သူ့ကိုကြည့်ပြီး ရင်တွေကွဲခဲ့ရတာ
နောက်ပိုင်း သူ့မွေးစားအမေက ဦးလေးလျိုနဲ့ဆုံရော ဦးလေးလျိုက သူတို့ကို အဝတ်စားတွေဝယ်ပေးတယ္ သူ့ကို သီးသန့်ကျောင်းကို ပို့ပေးပြီး သူက ဆင်းရဲတဲ့မိသားစုက လာလို့ ဆိုပြီး သူ့ကို အနိုင်ကျင့်တဲ့လူတွေစီကနေလည်းကာကွယ်ပေးတယ်
ဦးလေးလျိုက လက်ထပ်ပြီးသားလူဆိုတာ သူနားလည်ပါတယ် ပြီးတော့ ဦးလေးလျိုနဲ့သူ့မွေးစားအမေ ဖောက်ပြန်တာလည်း မှားတယ် သူ့မွေးစားအမေက သူ့ကိုတောင်းပန်ခဲ့တာ ငိုပြီး အိမ်ထောင်သည်နဲ့ ချစ်မိနေလို့ ဦးလေးလျိုက သူမ ပုခုံးက ဝန်တွေကို လျော့စေပြီး သူ့အတွက်သေချာတဲ့အနာဂတ်တစ်ခု ပေးနိုင်တယ်ဆိုပြီးလေ
မနေ့ညက သူ့မွေးစားအမေက သူ့ကို လျိုအန်းဟိုင်က သူ့အစ်မကြီးဖြစ်လာမှာလို့ ပြောခဲ့တယ် ပြီးတော့ လျိုအန်းဟိုင်က သူ့ကိုဘယ်လိုပဲ ဆက်ဆံပါစေ သူပြန်မပြောရဘူးတဲ့ ဘာလို့လဲဆိုတော့ သူ့မွေးစားအမေက လျိုအန်းဟိုင်နဲ့ လျိုအန်းဟိုင်အမေကို နာကျင်စေခဲ့လို့တဲ့
သူ သူ့မွေးစားအမေစကားကိုနားထောင်ပြီး လျိုအန်းဟိုင်ကို လုပ်ချင်တာလုပ်ခွင့်ပြုထားလိုက်တာ
လျိုအန်းဟိုင်က ဟန်တင်းယွီကို ဘာမှမလုပ်ခဲ့ဘူး
သူမက ဆိုဖာမှာထိုင်ပြီးကော်ဖီစားပွဲပေါ်က ရေနွေးကြမ်းကို ညွှန်ပြကာ
"ဒါက နင့်ရဲ့အိပ်ခန်း" သူမ ပြောပြီး "ငါ့ကို ရေနွေးတစ်ခွက်ငှဲ့ပေး"
သူက သူမကို တိတ်တိတ်လေး တခွက်ငှဲ့ပေးခဲ့သည်။
"လိမ်မာသားပဲ" သူမ သူ့စီက ခွက်ကိုယူပြီး "နားထောင် ငါနင်နဲ့ စိတ်ကစားနည်းတွေမကစားချင်ဘူး အမှန်တရားကတော့ ငါနင့်ကိုမုန်းတယ်"
သူက သူမ တိုက်ရိုက်ပြောတာကို ဘာမှမတုံ့ပြန်
"နင့်အမေကိုလည်း ငါမုန်းတယ်" သူမ ပြောပြန်သည်။ "နင်နဲ့လည်း မောင်နှမဂိမ်းမဆော့ချင်ဘူး နင်ကဘယ်သူလဲဆိုတာ ဘယ်တော့မှမမေ့နဲ့ နင်က ဟန်မိသားစုက ငါက လျိုမိသားစုက ငါတို့က မောင်နှမတွေမဟုတ်ဘူး ငါ့အိမ်မှာ နင်ရှိနေတာကို ငါဘာမှမလုပ်တာ နင်ကံကောင်းတာပဲ ငါ့မျက်စိရှေ့မှာလည်း ပေါ်မလာနဲ့ ငါ့ကိုလည်း ဒုက္ခလာမပေးနဲ့ အရေးကြီးဆုံးကတော့ နင်လည်း ငါ့ကိုမုန်းသင့်တယ်"
သူမ ကော်ဖီစားပွဲပေါ်ကို ရေနွေးကြမ်းခွက်အလွတ်ကိုချကာ သူ့အိပ်ခန်းကနေ ထွက်သွားတော့သည်။
"နင်က ငါ့အစ်မကြီး ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး" သူပြောလိုက်သည်။
"နင်မှန်တယ်" သူမ ပြောလိုက်သည်။ "ငါ နင့်ရဲ့အစ်မကြီး ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး"
သူမ သူမ အမေ မိသားစုက သူ့အဖေကို ထိန်းချုပ်လို့မရတာကို ပြန်သတိရမိသည်။ သူမ အမေ မိသားစုက သူမ အဖေပေါ်ရင်းနှီးမြုပ်နှံတော့ သူမ အဖေက သူတို့ကို ဆယ်ဆလောက်ပိုချမ်းသာအောင်လုပ်ပေးခဲ့သည်လေ ဆိုတော့ သူမ အမေမိသားစုက သူ မေဖန်းနဲ့ဖောက်ပြန်နေတာကို မသိခဲ့ကြဘူး သူမ အမေသေသွားပြီးနောက်ကျ သူက သူ့ကိုဆန့်ကျင်နေတဲ့ သူမ အမေ မိသားစုနဲ့လမ်းခွဲလိုက်တာ သူမအမေမိသားစုကလည်း သူ့ကိုမတားနိုင်ခဲ့ဘူး ဘာလို့လဲဆိုတော့ သူတို့ကုမ္ပဏီက လျိုကုမ္ပဏီပေါ် တအားမှီခိုနေရလို့လေ
သူမက သူမ အမေ မိသားစုနဲ့ အဘိုးကလွဲပြီး မရင်းနှီးဘူး သူမ အမေနဲ့ အဘိုးဆုံးပြီးတော့ သူမအဖေက သူမ အသက် ၂၁ နှစ်ပြည့်ရင် သူမကို ထိန်းချုပ်ခွင့်အပြည့်ပေးမယ်ဆိုပြီး မြုပ်နှံခဲ့တာ ဆိုတော့ သူမ ၂၁ နှစ်ရောက်ရင် သူမက ပိုက်ဆံကိစ္စကို စိတ်ပူစရာမလိုတဲ့ထိ ချမ်းသာနေမှာ ဒါမဲ့ ချမ်းသာတာနဲ့တင် သူမအတွက်မလုံလောက်ဘူး သူမက သူမ အဖေ မေဖန်းနဲ့ ဟန်တင်းယွီ သူမ အမေကို နာကျင်စေခဲ့တာတွေအတွက် ပြန်ခံစားရစေချင်တာ
ပြန်တွေးကြည့်ရင် သူမ သူမ ရဲ့ အရင်ဘဝတုန်းက တအားကို ရိုးအခဲ့တာပဲ သူတို့အပေါ် သူမ စိတ်ပျက်မှုတွေလျော့သွားတာတောင် ခွင့်မလွှတ်နိုင်သေးဘူး
နောက်နေ့မနက် သူမ ဟန်တင်းယွီရဲ့မျက်နှာချင်းဆိုင် ထမင်းစားပွဲမှာထိုင်ကာ မနက်စာကို တိတ်တိတ်လေးစားနေခဲ့သည်။ သူမ အဖေက ထမင်းစားပွဲထိပ်မှာထိုင်ပြီး မေဖန်းက သူမအမေ ထိုင်တဲ့ခုံမှာထိုင်သည်လေ
"ချန်းဟိုင် ရှင် ကော်ဖီဖြတ်သင့်ပြီနော်" မေဖန်းက ပြောသည်။
"ကောင်းပါပြီ မင်းစကားနားထောင်ပါ့မယ်" လျိုချန်းဟိုင်က ပြောပြီး ကော်ဖီအစား နွားနို့နဲ့ လဲလိုက်သည်။
သူမ သူမ အဖေရဲ့ ချစ်ခင်ကြင်နာမှုကြီးကို မကြည့်နိုင်တော့ဘဲ စားချင်စိတ်ပျောက်သွားတော့သည်။ နွားနို့ခွက်ကိုချကာ ကျောင်းသွားဖို့ ထရပ်လိုက်သည်။
"အန်းဟိုင်" လျိုချန်းဟိုင်က ခေါ်လာသည်။ "တင်းယွီ မနက်စာစားပြီးတဲ့ထိစောင့်လိုက်ဦး သူ့ကျောင်းက သမီးကျောင်းနားမှာပဲ"
ဟန်တင်းယွီ သူ့မနက်စာကိုအမြန်စားလိုက်သည်လေ
"ရှောင်ယွီ ဒါက နေ့လည်စာ နဲ့ မုန့်ဖိုး" မေဖန်းက ပြောလိုက်သည်။ "အန်းဟိုင် အန်တီ သမီးအတွက်လည်းနေ့လည်စာလုပ်ထားတယ် ကျောင်းကို ယူသွားချင်လား?"
လျိုအန်းဟိုင် မေဖန်း သူမ အတွက် အမြဲပြင်ပေးလေ့ရှိတဲ့ နေ့လည်စာဘူးကိုကြည့်လိုက်သည်။ သူမက အဲ့ဒါကိုမေဖန်းလက်ထဲကနေ ရိုက်ချပစ်နေကျပင် သူမအဖေက စိတ်ဆိုးပေမယ့် မေဖန်းကတော့ သူမအဖေကို စိတ်အေးအေးထားဖို့ပဲပြောနေကျ အဲ့တုန်းက သူမ မေဖန်းရဲ့တည်ရှိမှုကို လက်မခံနိုင်လို့ သူမ အပျက်မ တစ်ယောက်လုပ်ပေးတဲ့ နေ့လည်စာကို မစားချင်ဘူးလို့ပြောခဲ့တာ သူမ အဖေက သူမ မျက်နှာကိုရိုက်ဖို့ လက်မြှောက်လိုက်ပေမယ့် မေဖန်းက သူမကို ကာကွယ်ပေးခဲ့တာပင် သူမ သူတို့ကို အထင်သေးစွာကြည့်ပြီး သူမ အဖေကို မျက်စိကန်းနေတဲ့လူအိုကြီးလို့ပြောကာ ကားစီလျှောက်သွားခဲ့တာ
သူမ အရင်ကလို တုံးအမှုမျိုး မလုပ်ချင်တော့တာနဲ့ မေဖန်းစီကနေ နေ့လည်စာဘူးကိုယူကာ ကားစီလျှောက်သွားလိုက်သည်။
လျိုချန်းဟိုင်နဲ့ မေဖန်းက လျိုအန်းဟိုင် နေ့လည်စာဘူးကို တည်တည်ငြိမ်ငြိမ်ယူလိုက်လို့ အံဩနေကြသည်လေ
"ရှောင်ယွီ မမကြီး စကားကိုနားထောင်နော်" မေဖန်းက ပြောလိုက်သည်။
ဟန်တင်းယွီ ခေါင်းငြိမ့်ပြကာ လျိုအန်းဟိုင်နောက်ကို လိုက်သွားတော့သည်။
ကားထဲမှာ သူမက ပြတင်းပေါက် အပြင်ကိုကြည့်ကာ ဟန်တင်းယွီကိုလျစ်လျုရှုထားသည်လေ သူကလည်း မနှောင့်ယှက်ဘဲ စာအုပ်တစ်အုပ်သာ ဖတ်လို့နေသည်။
"ဟေ့ နင်က နင့်အမေနဲ့ နင့်အစ်မ ပြောစကားကို ဘယ်လိုနားထောင်ရမလဲဆိုတာပဲ သိတဲ့ငတုံးလား?"
သူက စာအုပ်ကိုပေါင်ပေါ်တင်ပြီး သူမနဲ့ မျက်လုံးချင်းဆုံလာခဲ့တယ်
"ငါ့အမေက နင်နဲ့ တည့်အောင်နေဖို့ပြောထားတယ်" သူက ဆိုသည်။ "ပြီးတော့ မနေ့ကပဲ နင်က ငါ့အစ်မကြီးမဟုတ်ဘူးလို့ သဘောတူထားတာ မဟုတ်ဘူးလား?"
လျိုအန်းဟိုင် ပြတင်းပေါက်အပြင်ကို ထပ်ကြည့်လိုက်ပြန်သည်။ ကောင်စုတ်လေးကို စရတာ ပျော်ဖို့မကောင်းဘူး
-

Love me again!Where stories live. Discover now