အခန်း ၁
လျိုအန်းဟိုင် တနေ့ သူမရဲ့ဈာပနာကို သူမကိုယ်တိုင်မြင်တွေ့ရလိမ့်မယ်လို့တစ်ခါမှမထင်ထားခဲ့
နောက်ဆုံးအကြိမ် သူမမှတ်မိတာက သူမ အင်ဂလန်ကိုသွားတဲ့ လေယာဉ်တစ်စီးပေါ်မှာ လုပ်ငန်းပူးပေါင်းဖို့အတွက်သွားနေခဲ့တာပဲ တကယ်လို့သူမသာအောင်မြင်ခဲ့မယ်ဆို သူမ ရှယ်ယာရှင်တွေက သူမဘက်မှာရှိပြီးတော့ လျိုကော်ပိုရေးရှင်းကလည်း သူမအပိုင်ဖြစ်လာတော့မှာ
အကုန်လုံး လက်တကမ်းအလိုလေး သူမ နိုင်မယ်ဆိုတာလည်းသေချာနေပြီကို ဘယ်သူကသိမှာလဲ နောက်ဆုံးခြေလှမ်းလေးကျမှ လေယာဉ်ပျက်ကျသွားမယ်လို့ သူမ မထင်ထားခဲ့
သူမ နောက်ဆုံးအတွေးကတော့ ရယ်ရမလား ငိုရမလားတောင်မသိတော့ ဆယ်နှစ်လောက်ကြိုးစားခဲ့သမျှတွေ အကုန် သဲထဲရေသွန်ဖြစ်သွားပြီလို့ပင် သူမ လျိုစံအိမ်မှာ ဆယ်နှစ်လောက်နေပြီးတောင့်ခံခဲ့ရတာ အဲ့မိန်းမနဲ့ သူ့သား ဟန်တင်းယွီ တို့ သူမအပိုင်ကို ယူမသွားနိုင်အောင်လေ
သူမ ကိုယ်သူမ ကျိန်ဆိုထားတာ ဒီဘဝမှာ အဲ့အမေနဲ့သားကို ဘယ်တော့မှကောင်းကောင်းမနေနိုင်စေရဘူးလို့ သူတို့ကြံစည်ထားသလိုလည်းဘာမှဖြစ်မလာနိုင်စေရဘူးလို့ သူမအောင်မြင်ခါနီးလေးကျမှ လေယာဉ်ပျက်ကျရတယ်တဲ့
သူမ လက်မခံနိုင်ဘူး လေယာဉ်ပျက်ကျတဲ့အချိန်မှာပဲ လျိုအန်းဟိုင်ရင်ထဲ စိတ်ပျက်မှုတွေ ပြည့်လာခဲ့တာ
ထို့နောက် သူမ အသိဝင်လာချိန် သူမ ကတကယ်ကြီးလေထဲမှာမျောနေပြီးတော့ သူမရှေ့မှာတင် သူမ ဈာပနကို ကျင်းပနေတာပဲ
သူမ အဖေက သူမ အုတ်ဂူရှေ့မှာ တုန်ယင်နေတာကိုမြင်လိုက်ရတယ် သူ့ခေါင်းကလည်း တခေါင်းလုံး ဆံပင်ဖြူတွေပြည့်နေပြီး မျက်နှာကလည်း တော်တော်လေး အရွယ်ရနေသလို ပင်ပန်းနွမ်းနယ်နေသလိုပင် လျိုအန်းဟိုင် လန့်သွားမိတဲ့ထိ
သူမ အဖေကို သူမ မတွေ့တာ တအားကြာနေပြီဆိုပေမယ့် ဘာလို့ ဒီလောက်ထိ အသက်ကြီးသွားရတာလဲ?
သူတို့အိမ်ကို အဲ့အမေနဲ့သူ့သား ဟန်တင်းယွီကိုခေါ်လာကတည်းက သူတို့ဆက်ဆံရေးက သုည ဒီဂရီကိုရောက်သွားခဲ့တာ သူ့ကိုအဖေလို့လည်းမခေါ်တော့သလို သူ့ကိုအမြဲဆန့်ကျင်နေပြီးတော့ ခေါင်းမာသလို သူတို့ကိုလည်း အေးအေးချမ်းချမ်းကိုမနေခိုင်းခဲ့ဘူး သူတို့ရဲ့ဒေါသထွက်နေတဲ့အမူအရာတွေကိုမြင်မှသာ သူမ စိတ်ပျော်တာ သူမအမေအတွက် သူမ ဘာမှမလုပ်ပေးနိုင်လို့လေ
သူမ သူမ အဖေကို သူမအမေကို ငွေကြောင့်လက်ထပ်ခဲ့လို့စိတ်ပျက်ခဲ့သည်လေ သူမ အမေကတော့ သူမအဖေကို နှစ်နှစ်ကာကာချစ်ခဲ့ပေမယ့် သူမ အမေဘာပြန်ရခဲ့လဲ? သူမ အမေက အထီးကျန်နေတဲ့နှလုံးသားတစ်ခုနဲ့သေသွားပြီး အဆုံးသတ်သွားခဲ့ရတယ်
လျိုအန်းဟိုင် တကယ့်ကို လက်မခံနိုင်ဘူး သူ့အမေ ဆုံးတာ ၃ လတောင် မရှိသေးတာကို သူ့အဖေက နောက်ထပ်မိန်းမကိုလက်ထပ်ပစ်လိုက်တယ်လေ
သူမ သူမအဖေနဲ့ အဲ့မိန်းမ ပြီးတော့ ဟန်တင်းယွီကိုကော ပျော်ရွှင်တဲ့ဘဝမှာနေတာမလိုချင်ဘူး သူတို့ကြောင့် သူမ အမေက နာကျင်ခဲ့ရလို့လေ အဲ့မိန်းမက သရုပ်ဆောင်တော့ကောင်းပေမယ့် သူမကတော့ အဲ့မျက်ရည်တုတွေနဲ့အရူးလုပ်မခံဘူး
သူတို့ ၃ ယောက်လုံးကို သူမ မုန်းသည် သူမအဖေက ဟန်တင်းယွီကို သူ့သားအရင်းလို ဆက်ဆံတာလေ သူမကတော့ အပြင်လူ သူတို့ကတော့ ပျော်ရွှင်နေတဲ့မိသားစုလေးပေါ့
သူမက သူ့ရဲ့သမီးရင်းဖြစ်နေတာတောင် သူမ အဖေက ဟန်တင်းယွီကိုပဲ လျိုကုမ္ပဏီကိုပေးချင်ခဲ့တာ
သူမ လက်သီးကျစ်ကျစ်ဆုတ်လိုက်မိသည်။ သူမ ကံကိုပြောင်းလဲနိုင်ဖို့ကို သူမဘာမှမလုပ်နိုင်ဘူးလေ
သူမလည်းအလိုလို လျိုစံအိမ်ကို အဲ့ ၃ ယောက်နောက်က ပြန်လိုက်သွားခဲ့တယ် သူတို့အိမ် သူမအိမ်မဟုတ်ဘူး လျိုစံအိမ်က သူမ အိမ်မဟုတ်တောင် သူမ အမေ သေပြီးတဲ့နောက် သူမမှာပိုင်ဆိုင်ခွင့်ရှိသေးတယ်လေ
လျိုစံအိမ်ကမှောင်မဲနေတဲ့အခန်းကျယ်တစ်ခုက သူမ အိပ်ခန်းပင် ရုတ်တရက် တစ်စုံတစ်ယောက်က သူမ အိပ်ခန်းထဲ ဝင်လာခဲ့သည်။
ဘာလို့ ဟန်တင်းယွီက သူမ အိပ်ခန်းထဲ ဝင်လာတာလဲ အိပ်ရာဘေးစားပွဲပေါ်က သူမ ပုံကို သူပွတ်သပ်နေပြီး သူမကိုမမြင်ရပေ သူက သူမ အိပ်ခန်းကို ဖျက်ပြီး ပြန်ပြင်ချင်နေတာလား? ဘာလုပ်မလဲ သူမ စောင့်ကြည့်နေပေမယ့် သူက သူမအိပ်ရာမှာဒီတိုင်းထိုင်ကာ သူမ ပုံကိုသာငေးကြည့်နေခဲ့တာ
မနက်မိုးလင်းလာတဲ့ထိ သူ အခန်းကနေ သူထွက်မသွားခဲ့ဘူး
လျိုအန်းဟိုင်မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူဘာဖြစ်ချင်နေမှန်း သူမမသိ
သူမထင်တာကတော့ ဒီလူက ဘာရည်ရွယ်ချက်ကောင်းမှရှိမနေဘူးပဲ သူမ စောင့်ကြည့်ဦးမယ် သူမ ပိုင်သမျှအကုန်ရှင်းထုတ်ပစ်မယ့်အချိန်ထိလေ
အလုပ်ပြီးတော့လည်း သူက သူမအိပ်ခန်းကိုပြန်လာမယ်လို့ သူမ မထင်ထားခဲ့ ပြီးတော့ သူက ဒီတိုင်းသုန်သုန်မှုန်မှုန်နဲ့ထိုင်ပြီး သူမ ပုံကို ထပ်ငေးကြည့်နေပြန်ရော
ဘာလို့ သူမ အိပ်ခန်းထဲက ဘာကိုမှမဖျက်စီးပစ်တာလဲ သူမ နားမလည်တော့ ဘာလို့ သူမ လေယာဉ်ပျက်မကျခင်က ထားခဲ့တဲ့အတိုင်း ထားထားတုန်းပဲလဲ သူမပြောတာကို သူမကြားမှတော့ သူမ ကတော့ အဖြေကိုဘယ်လိုလုပ်သိမှာလဲ သူမ လုပ်နိုင်တာဆိုလို့ သူမ မျက်စိရှေ့က အရာတွေကို ကြည့်နေဖို့သာ
တစ်နှစ်ကြာပြီး သူမမွေးနေ့ကျ သူမအခန်းကို ကိတ်လေးတစ်ခုယူယူလာတတ်သလို ဖယောင်းတိုင်တွေ အရည်ပျော်သွားတဲ့ထိ သူမပုံကို ကြည့်နေခဲ့တာ
အဲ့နှစ်အတွင်း သူမ သံသဃတွေက သိချင်စိတ်ကိုပြောင်းသွားခဲ့တယ် သူမ ဟန်တင်းယွီရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်တာကိုသာကြည့်နေခဲ့တယ်
နှစ်ပေါင်းများစွာကြာတော့ အဲ့မိန်းမနဲ့ သူမ အဖေဆုံးသွားခဲ့တယ် ဟန်တင်းယွီတစ်ယောက်တည်း လျိုစံအိမ်မှာနေခဲ့တာ ဘာလို့ ဟန်တင်းယွီ လက်မထပ်တာလဲ? သူ့ရဲ့ ကြည့်ကောင်းမှုနဲ့အဆင့်အတန်းနဲ့ မိန်းကလေးတိုင်းက လိုချင်နေတာကိုလေ
နှစ်ပေါင်းများစွာကြာတဲ့ထိ ဟန်တင်းယွီက သူမ အိပ်ခန်းကို ဒီတိုင်းထားထားတုန်းပဲ ပြီးတော့ ညတိုင်းလည်း သူမ ပုံကို ငေးတုန်း သူမ ဟန်တင်းယွီကိုနားကိုမလည်တော့ဘူး
နောက်တစ်နှစ်မှာ သူက ကောင်လေးတစ်ယောက်ကိုမွေးစားပြီး သူ့ကို သားအရင်တစ်ယောက်လို ပျိုးထောင်ခဲ့တယ်
အဲ့မွေးစားသားကြီးပြင်းလာပြီးနောက် ဟန်တင်းယွီက မကြာခန မူးလဲလာတယ်
သူမ ကြားတာ ဆရာဝန်က သူ့မှာ အဆုတ်ကင်ဆာရှိနေပြီတဲ့ ဆရာဝန်စကားကိုနားမထောင်ဘူး သူက ဘာကုသမှုမှမယူတော့ သူ့ကျန်းမာရေးက ပိုဆိုးလာရော
ဘာလို့ ဟန်တင်းယွီသေရမှာကိုမကြောက်တာလဲ သူမ နားမလည်ဘူး သူ့ပုံစံက စောစောကိုသေချင်နေသလိုမျိုး
အဲ့လူက ဘာတွေဖြစ်နေတာလဲ? ဘာလို့ ကင်ဆာကုသမှုလည်းမခံယူတာလဲ? ဘာလို့ ထမင်းလည်းမစားတာလဲ? ဘာလို့ သူမ အိပ်ခန်းမှာထိုင် သူ ပုံကိုပဲ မေ့လဲသွားပြီးနောက်လည်း ကြည့်နေရတာလဲ?
နောက်ဆုံးသူမ ဟန်တင်းယွီဈာပနာကို ကိုယ်တိုင်မြင်ခဲ့ရသည်။ သူ့အုတ်ဂူကိုပြေးသွားပြီး ဘာလို့ သူမ လက်တွေက သူ့အုတ်ဂူက ပုံကို နူးနူးညံ့ညံ့လေး ထိတွေ့နေမိမှန်း သူမတောင်မသိတောင်
သူမ ဟန်တင်းယွီရဲ့နောက်ဆုံးနေ့ကိုမှတ်မိပါသေးတယ် သူက သူမပုံကိုကိုင်ထားပြီး သူ့ရဲ့ သာမန် သုန်မှုန်နေတဲ့နှုတ်ခမ်းတွေက ပြုံးနေသလို ဖွဖွလေး 'အန်းဟိုင်' လို့ရေရွတ်ပြီး သေသွားခဲ့တာ
"အရူး"
သူမ မျက်ရည်တွေကျလာတော့သည်။ အမုန်းတွေ စိတ်ပျက်မှုတွေ မရှိတော့ဘဲ ပြောပြလို့မရတဲ့နာကျင်မှုတွေပဲ ကျန်ခဲ့တော့တာ
တကယ်နာကျင်ရတယ်
လျိုအန်းဟိုင် သူမရင်ဘတ်ကို အားနဲ့ ဆုတ်ကိုင်ထားကာ သူမ လက်ချောင်းတွေကလည်းတုန်ယင်လို့ သေသွားပြီးတာတောင် ဘာလို့ဒီလောက်ထိ နာကျင်နေရမှန်း သူမ နားမလည်တော့
သူမ မျက်ရည်တွေကြမ်းပြင်ပေါ်ကျသွားတော့သည်။ပြီးတော့ သူမရဲ့ဖောက်ထွင်းမြင်နေရတဲ့ကိုယ်လေးကလည်းဖြည်းဖြည်းချင်းပျောက်ကွယ်သွားသလို ကျန်နေခဲ့တာက တိတ်ဆိတ်တဲ့ငိုကြွေးသံတွေသာ
အရူး......