M-7

867 52 0
                                    

အခန်း ၇ (အပိုင်း ၁)
လျိုအန်းဟိုင် သူမ ပြင်းထန်တဲ့အိမ်မက်တွေတကယ်ဖြစ်လာတယ်လို့ ခံစားနေရသည်။ လေးလံနေတဲ့မျက်ခွံကိုဖွင့်ကာ တစ်ယောက်ယောက်က သူမ ခါးကို အိပ်ရာပေါ်ကနေ ကိုင်ထားတာကို ခံစားမိသည်လေ သူမ သူမကိုယ်ဗလာရဲ့အောက်ပိုင်းကို ကြည့်လိုက်သည်။ ကိုယ်လုံးတီးအိပ်တာက ဘာမှမထူးဆန်းပေမယ့် သူမခါးပေါ်ကယောကျာ်းလက်ကတော့ မတူ သူမ နောက်မှာလှဲနေတဲ့ အမျိုးသားကိုမမြင်ပေမယ့် သူလည်းကိုယ်လုံးတီးဆိုတာကိုတော့ခံစားမိသည်လေ
သူမ အိပ်ရာပေါ်က ခုန်ဆင်းပြီး အိပ်ရာခင်းကိုကိုယ်မှာပတ်လိုက်သည်။ ထိုကိုယ်လုံးတီးအမျိုးသားက ဟန်တင်းယွီပင် သူမနှုတ်ခမ်းသပ်ရင်း သူ့ရဲ့ကိုယ်ကို စစ်ဆေးလိုက်သည်။ သူ့ကျောဘက်မှာ ရှိနေတဲ့ လက်သည်းကုတ်ရာတွေက သူမကို ခေါင်းကိုက်စေသည်လေ မနေ့ညက ဘာဖြစ်ခဲ့တာလဲ? သူမ သူမ နှုတ်ခမ်းတွေကိုထိကာ သူ့ရဲ့ တောက်လောင်နေတဲ့အနမ်းတွေနဲ့ အထိတွေ့တွေကိုပြန်သတိရလိုက်မိသည်။ သေစမ်း သူမ ဘယ်လိုလုပ် အဲ့လိုလုပ်မိတာလဲ? သူ သူမအိမ်ကိုပြန်လိုက်ပို့ပြီး ဘာဖြစ်သွားတာလဲ? ဘာလို့ သူမ ကိုယ်မှာ သူမ ရေချိုးဆပ်ပြာအနံ့ရှိနေတာလဲ? သူ သူမကိုရေချိုးပေးခဲ့တာလား? သူမ သတိလွတ်နေချိန် သူ သူမကို အခွင့်ကောင်းယူလိမ့်မယ်မထင်ထားခဲ့ ဒါမဲ့ သူမကိုယ်ပေါ်က အဲ့ အနမ်းရာတွေကကော ဘာတွေလဲ? ဘာလို့ သူက ကိုယ်လုံးတီးနဲ့ သူမနဲ့တူတူအိပ်နေတာလဲ?
သူ သူမကိုမုန်းအောင် သူမ အကုန်လုပ်ခဲ့သည်လေ ဘာလို့ သူတို့ ဒီလိုဖြစ်ကုန်တာလဲ? သူတို့ စိတ်ထဲ ဘယ်လောက်တောင် လေးနက်နေခဲ့ကြတာလဲ? သူမ ထိန်းချုပ်ထားတာကိုဘာတွေဖြစ်ကုန်တာလဲ? မနေ့ညက သူ သူမကိုအခွင့်ကောင်းယူတယ်လို့ မပြောနိုင် ဘာလို့လဲဆိုတော့ သူမ သူ့ကို အရင် ဆွဲဆောင်ခဲ့တာကို သေချာမှတ်မိနေလို့ပင်
ဟန်တင်းယွီ တစ်ယောက်ယောက် အသံကိုကြားတာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်သည်။ လျိုအန်းဟိုင် အိပ်ရာခင်းပတ်ထားပေမယ့် သူမ ရဲ့နီနေတဲ့ပါးတွေကိုတော့ သူမြင်နိုင်သည်‌လေ
"မောနင်း ရှက်နေတဲ့ မမလေး" သူစလိုက်သည်။
"ဘယ်သူ့ကို ရှက်နေတဲ့မမလေးလို့ခေါ်တာလဲ?" သူမမေးလိုက်သည်။
သူ့ရဲ့ မနက်ခင်း ထောင်မတ်နေတဲ့အရာကိုကြည့်ပြီး လည်ချောင်းခြောက်လာသလိုပင် "ဟန်တင်းယွီ မြန်မြန် အဝတ်စားဝတ်"
"ဘာအဝတ်စားလဲ?"
သူမေးလိုက်သည်။
သူမ သူကြည့်ရာကို လိုက်ကြည့်လိုက်တော့ အန်ဖတ်တွေပေနေတဲ့ အဝတ်တွေကိုမြင်လိုက်ရတော့သည်။
"ကြည့်ရတာ မင်းရဲ့မှတ်ညဏ်တွေက အရက်ဆိုင်မှာတုန်းက ငါတို့ကြားဖြစ်ခဲ့တာတွေကိုပဲ မှတ်မိတယ်ထင်တယ် ငါမင်းကို အိမ်ပြန်ခေါ်လာတယ် မင်းငါ့အပေါ် အန်ချလိုက်တယ် ပြီးတော့ ငါက မင်းကို ကြင်ကြင်နာနာနဲ့ရေချိုးပေးခဲ့တာ ငါက ငါ့အိပ်ခန်းမှာပဲအိပ်ချင်ပေမယ့် မင်းက ငါ့ကို ပေးမသွားဘူးလေ"
သူမ အိပ်ပျော်သွားတာနဲ့ သူ့နာမည်ကို ခေါ်တာကိုတော့ သူထုတ်မပြောခဲ့ သူ့နာမည်ကိုခေါ်နေတာကို သူဘယ်လိုလုပ် သူမကိုထားးသွားရက်မှာလဲ သူမက အိပ်ပျော်နေမှသာ သူမခံစားချက်တွေကိုဖုံးကွယ်မထားတာလေ
သူမက နိုးလာတာနဲ့ သူ့ကို အမြဲပြောဆိုနေတာ ဘာလို့ သူနဲ့အမြဲ အဝေးမှာနေရတာလဲ ဘာလို့ သူက သူမစီကနေ မျက်လုံးမခွာနိုင်တာလဲ? ဘာလို့ သူမ နားမှာယောကျ်ားတွေဝိုင်းနေတာမြင်တိုင်းသူစိတ်မရှည်ဖြစ်လာရတာလဲ? ဘာလို့ သူမက သူ့ကို နှစ်ပေါင်းများစွာ ယောကျာ်းတစ်ယောက်လို့မမြင်တာလဲ? သူမ သူ့စီကနေ ထပ်ပြီး အဝေးကိုပြေးမှာကို သူအခွင့်ရေးထပ်မပေးနိုင်တော့
သူမ နောက်ဆုတ်လိုက်ချိန် သူက ရုတ်တရက် အိပ်ရာပေါ်ကဆင်းလာပြီး သူမနားကပ်လာခဲ့သည်။ သူမ လက်ကို သူတို့နှုတ်ခမ်းကြားထားလိုက်ပေမယ့်သူက သူမ လက်ကောက်ဝတ်ကို နောက်ပြန်လိမ်လိုက်သည်။ သူတို့ ရင်ဘတ်ချင်းထိသွားသလို သူက သူမနှုတ်ခမ်းတွေကို နမ်းရှိုက်လာခဲ့သည်။
"လျိုအန်းဟိုင် မနေ့ညက မင်းအရင်စခဲ့တာ" သူပြောလိုက်သည်။
"ဘာ?" သူမငြင်းလိုက်သည်။
"မနေ့ညက မင်းမူးနေတာ တခြားယောကျာ်းတွေက မင်း သူတို့အဝတ်စားပေါ်အန်ချတာကို ကြင်ကြင်နာနာရေချိုးပေးမှာမဟုတ်ဘူး နောင်ကျ မင်း အရက်ဖြတ်သင့်တယ်" သူက သူမ လက်ကောက်ဝတ်ကိုလွှတ်ကာ "ငါ့အိပ်ခန်းထဲ ပြန်သွားတော့မယ်"
ကြင်နာမှု? ဘာကြင်နာမှုလဲ? မနေ့ညက သူမနမ်းတဲ့နေရာ တနေရာမှမရှိဘူး သူမ တကိုယ်လုံးကိုနမ်းထားတာလေ သူမသူ့ဆံပင်တွေကိုတောင်ဆွဲဆောင့်ချင်လာသည်။
သူမ အိပ်ခန်းအပြင်မှာ သူက သူမ ပါးစပ်က ဆဲဆိုသံတွေကြားရတော့ ပြုံးလိုက်တော့သည်။
-
မာခ့် သန့်စင်ခန်းကနေ ထော့နင်းထော့နင်း ထွက်လာတဲ့ပုံတွေက မဂ္ဂဇင်းကာဗာတွေမှာ ပေါ်လာတော့သည်။
လျိုချန်းဟိုင်ကလျိုအန်းဟိုင်ကို မာ့ခ်နဲ့ပြဿနာကိုပြောဖို့ အိမ်ပြန်လာခိုင်းသည်။
"အန်းဟိုင် သမီးအဖေက ဧည့်ခန်းထဲမှာစောင့်နေတယ်"မေဖန်းပြောလိုက်သည်။
သူမ အဖေက သူမကိုဆုံးမ မှာကိုမေဖန်းက ဘာလို့ ပြုံးနေတာလဲလို့ လျိုအန်းဟိုင် သံသဃဝင်လာတော့သည်။
လျိုအန်းဟိုင် ဧည့်ခန်းထဲလျှောက်သွားလိုက်သည်။ ဘာလို့ သူမ အဖေက ဟန်တင်းယွီနဲ့ တူတူ ရေနွေးကြမ်းသောက်နေတာလဲ?
"ဘာလို့ရပ်နေတာလဲ? မဂ္ဂဇင်းမြင်ပြီးပြီလား?" လျိုချန်းဟိုင်က မေးလာသည်။
"အင်း" လျိုအန်းဟိုင်ပြောပြီး ဆိုဖာပေါ်ထိုင်လိုက်သည်။
"မာ့ခ်က သမီးနာကျင်အောင်တစ်ခုခုလုပ်သေးလား?" လျိုချန်းဟိုင်မေးလိုက်သည်။
လျိုချန်းဟိုင်က မဂ္ဂဇင်းကိုမြင်တော့ မာခ့်ကို သတ်ပစ်ချင်တာပင်
"သူ သမီးကိုထိသေးလား?" လျိုချန်းဟိုင်မေးပြီး "ထိရင် အဖေ သူ့ကို ခံစားရအောင်လုပ်ပေးလိုက်မယ် ဘယ်သူမှ သူ့ကိုကယ်လို့ရမှာမဟုတ်ဘူး"
လျိုအန်းဟိုင် ဘာပြောရမှန်းမသိ သူမ အဖက သူမကို ဆုံးမရမယ့်အစား စိတ်ပူနေတာပဲ သူမကိုစိုးရိမ်နေတဲ့ သူမ အဖေကို မြင်ရတာ မရင်းနှီးပေ
သူ့သမီးရဲ့အံဩနေတဲ့ အကြည့်ကိုမြင်တော့ လျိုချန်းဟိုင် ဘာပြောရမှန်းမသိ
"နောင်ကျ အဲ့လိုနေရာမျိုးတွေရှောင်" လျိုချန်းဟိုင်ပြောပြီး လည်ချောင်းရှင်းကာ "ညစာစားသွား မေဖန်း ဒီမနက် သမီးအကြိုက်ဆုံးဟင်းတွေချက်ပေးဖို့ ဆိုပြီး လိုတာတွေ သွားဝယ်ထားတာ"
"အန်းဟိုင် သမီးအဖေပြောတာ နားမထောင်နဲ့သမီးအဖေက အန်တီ့ကို အစောကြီးလာနှိုးပြီး သမီးအကြိုက်ဆုံးဟင်းတွေချက်ဖို့ ဆိုပြီး လိုတာတွေဝယ်ရအောင် ဆိုပြီး ဆွဲခေါ်သွားတာ"
လျိုချန်းဟိုင် ရှက်ပြီး သူ့စာကြည့်ခန်းထဲ သွားတော့သည်။
လျိုအန်းဟိုင် သူ့အဖေရဲ့ အလျင်လိုနေတဲ့ နောက်ကျောနဲ့ ပထမဆုံးအကြိမ်ပြေးနေတဲ့ခြေထောက်တွေကိုကြည့်လိုက်သည်။ ခါးပြီးချိုတဲ့အခိုက်တန့်ပင် သူမလှည့်ကာ မေဖန်းကို နှစ်ဘဝလုံးမှာ ပထမဆုံးအကြိမ် ပြုံးပြလိုက်သည်။
မေဖန်းက အန်းဟိုင် သူမကိုပြုံးပြတာ မြင်တော့ မျက်ရည်တွေဝဲလာတော့သည်။
"ငါ...ငါညစာရပြီလား သွားကြည့်လိုက်ဦးမယ်" မေဖန်းပြောကာ "အန်းဟိုင် ဒိမှာ ရှောင်ယွီနဲ့တူတူစောင့်နေနော် ညစာရတော့မှာ"
လျိုအန်းဟိုင် သူမ နှစ်ပေါင်းများစွာ မုန်းတီးလာတဲ့အမျိုးသမီးက သူမစီက အပြုံးလေးတစ်ခု ရတာကို တအားရင်ထဲထိသွားမယ်မထင်ထား
"လျို့ဝှက်ဆန်းကြယ်တွေဖြစ်လာပြီ" ဟန်တင်းယွီက မေဖန်း မီးဖိုချောင်ကိုပြေးသွားတာကို ကြည့်ကာ ပြောလိုက်သည်။ "လျိုအန်းဟိုင် မင်း ငါ့အမေကို ပြုံးပြလိုက်တာ ဒီနေ့ မုန်တိုင်းတွေ မေ့လာတာလား?"
"နင်ဘာလို့ ဒီရောက်နေတာလဲ?" လျိုအန်းဟိုင်ပြောလိုက်သည်။
လျိုအန်းဟိုင် ဟန်တင်းယွီကိုလက်စားချေမလို့လုပ်ထားပေမယ့်အဲ့ညပြီးကတည်းက သူမ သူ့ကို ရှောင်နေတာနဲ့ပဲ လက်စားမချေဖြစ်ခဲ့တော့
"ငါ့အမေက ညစာစားဖို့ခေါ်လို့လေ" ဟန်တင်းယွီက ဆိုသည်။
လျိုအန်းဟိုင် သူ့ကို ရှောင်နေတာကို ဟန်တင်းယွီ သိသည်လေ လျိုစံအိမ်မှာ ညစာစားမှသာ သူမကို မြင်နိုင်မှာ
လျိုအန်းဟိုင်က သူမ အိပ်ခန်းမှာ ပုန်းဖို့ ထလိုက်ပေမယ့် ဟန်တင်းယွီက သူမနောက်က လိုက်လာသည်လေ
"လျိုအန်းဟိုင် မင်းဘာကိုကြောက်နေတာလဲ?" ဟန်တင်းယွီမေးလိုက်သည်။
"ဘာမှမကြောက်ဘူး" အန်းဟိုင်ပြန်ပြောသည်။
လျိုအန်းဟိုင် သူမ အိပ်ခန်းတံခါးကိုပိတ်ဖို့လုပ်ပေမယ့် ဟန်တင်းယွီက ခြေထောက်လာခံတာကြောင့် သူမ သူ့ခြေထောက်ကို ကန်လိုက်သည်။ သူက သူမ ကန်တာကိုရှောင်လိုက်သည်။
"နင်ဘာလိုချင်တာလဲ?" လျိုအန်းဟိုင်မေးလိုက်သည်။
"မင်းက ကြောက်နေတာပဲ" ဟန်တင်းယွီ ပြောကာ "မင်းက မျက်လုံးချင်းမဆုံအောင် အမြဲရှောင်သလို မင်းကြောက်တိုင်းလည်း လက်သီးတွေဆုတ်ထားလေ့ရှိတယ်"
ဟန်တင်းယွီ လျိုအန်းဟိုင် ဆံပင်နဲ့ဆော့ကာ "လျိုအန်းဟိုင် မင်းဘယ်ကနေ ထွက်ပြေးနေတာလဲ?"
"အမှိုက်လိုစကားတွေနားထောင်ဖို့ အချိန်မရှိဘူး" လျိုအန်းဟိုင်ပြောလိုက်သည်။
လျိုအန်းဟိုင် သူမ အိပ်ခန်းတံခါးကိုအားနဲ့ပိတ်လိုက်ပြီး တံခါးမှာ မှီချလိုက်သည်။ ပြေးနေတာ? ဟန်တင်းယွီဆီကနေ သေချာပေါက် သူမပြေးရမှာပေါ့
တဖက်မှာတော့ ဟန်တင်းယွီက ဘလို့ လျိုအန်းဟိုင် သူတို့စတွေ့တဲ့နေ့ကတည်းက သူနဲ့သူ့အမေကို မုန်းတယ်လို့ကြေညာ ခဲ့မှန်း သိချင်နေသည် ဒါမဲ့ တကယ်လို့ လျိုအန်းဟိုင်သာ သူနဲ့သူ့အမေကို တကယ်မုန်းတယ်ဆို ဘာလို့ သူ့မွေးစားအမေ အိမ်ထောင်ရေးကို ဖျက်ဆီးဖို့ ဘာမှမလုပ်တာလဲ နှစ်ပေါင်းများစွာ လျိုအန်းဟိုင်နဲ့နေလာပြီးတဲ့နောက် သူသိလာရတာက လျိုအန်းဟိုင်က ဟောင်သာဟောင်နေပြီး မကိုက်တတ်ဘူးဆိုတာပဲ သူက လျိုအန်းဟိုင် သူ့ကိုရှောင်နေတာကို သတိပြုလိုက်မိပြီးမှာ သိသွားတာ လျိုအန်းဟိုင်ဘာကိုကြောက်နေတာလဲ? ဘာလို့ လျိုအန်းဟိုင်က သူ့ကို ကလေးပျောက်သွားမှာကြောက်နေသလိုမျိုး ခံစားချက် ပေးနေတာလဲ ဘာလို့ လျိုအန်းဟိုင်က သူတို့ကြား ပြောမပြတတ်တဲ့ဆက်သွယ်မှုတစ်ခုရှိသွားမှာကို မလိုချင်တာလဲ သူစိတ်မရှည်တော့

အခန်း ၇ (အပိုင်း ၂)
အရက်ဆိုင်မှာ ပြဿနာဖြစ်ပြီးကတည်းက ဟန်တင်းယွီ သူမကို ဆက်ပြီးလွတ်မြောက်ခွင့်မပေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် လျိုအန်းဟိုင်လိုမိန်းကလေးမျိုးက တကယ့်ကိုခေါင်းမာတာပင်
ဟန်တင်းယွီ အသစ်ထုတ်ထားတဲ့မဂ္ဂဇင်းကို ကြည့်လိုက်သည်။ တူညီတဲ့ ခေါင်းမာတဲ့ အမျိုးသမီးလေးက ကာဗာမှာ ယောကျာ်းတစ်ယောက်နဲ့ရင်းနှီးစွာ ပူးကပ်နေပြီးတော့ အဲ့လူကလည်း လျိုအန်းဟိုင် ရက်ရက်စက်စက်စွန့်ပစ်ခဲ့လို့ လမ်းမခွဲဖို့ တောင်းပန်ခဲ့တဲ့လူပင်
"အာ ဟန် နင်ဘယ်တုန်းက ကျောင်းရောက်နေတာလဲ?" အိန်ဂျယ်က ကျောင်းသား ကောင်စီ ရုံးကို လာတုန်းရှိသေး ဟန်တင်းယွီနဲ့တွေ့ရမယ်မထင်ထား သူကျောင်းမတက်တာ ရက်တော်တော်ကြာနေပြီလေ "နင် ဒီမှာ ရှိတာ ကောင်းသားပဲ ငါပြောစရာတစ်ခုရှိ....နင်ဘယ်တုန်းက အတင်းအဖျင်းမဂ္ဂဇင်းတွေကိုစိတ်ဝင်စားသွားတာလဲ?"
သူမ ကြောင်သွားကာ ဟန်တင်းယွီ စားပွဲပေါ်တင်လိုက်တဲ့မဂ္ဂဇင်းကိုြည့်လိုက်တော့ သူမ လက်ထဲမှာ ကိုင်ထားတဲ့တစ်ခုနဲ့တူတူပင်
ဟန်တင်းယွီ ဖြေမှာကိုမစောင့်တော့ အိန်ဂျယ်ကအရင်စွန့်စားကာ စပြီး အတင်းပြောတော့သည်။ "မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားက ပင်လယ်ပြင်အောက်က အပ်တစ်ချောင်းနဲ့တူပြီးတော့ ဘုရင်မရဲ့နှလုံးသားက ရဖို့ပိုတောင် ခက်ခဲသေးတာတဲ့! ဟန်တာကိုရက်ရက်စက်စက်စွန့်ပစ်ခဲ့တုန်းက ဘယ်သူက သူတို့ ဒီလောက်ထိ ချိုမြိန်ပြီး ရင်းနှီးနေကြမယ်လို့ထင်မှာလဲ မဂ္ဂဇင်းက သူတို့ ဆက်ဆံရေးက တအားရင်းနှီးပြီးတော့ သူတို့က စေ့စပ်ဖို့တောင်ပြောနေကြပြီတဲ့ ဟန် အဲ့ဒါအမှန်ပဲလား?"
အဲ့ဒါ အမှန်လား အတုအယောင်လား? ဦးလေးလျိုနဲ့သူ့အမေလည်း သူ့ကို အဲ့လိုမျိုးမေးကြသည်လေ
ထိုလူပြိုန်းကြိုက်သတင်းစာကိုမြင်တော့ လျိုချန်းဟိုင်က သူ့သမီးဘာလုပ်မှန်း မသိတာကြောင့် ဘာမှကိုမပြော အန်းဟိုင်ကို ဖုန်းဆက်တော့လည်း သူမဖုန်းက စက်ပိတ်ထားသည်လေ ဟန်တင်းယွီကလည်း အန်းဟိုင်နား ခုတလော တောက်လျှောက်ရှိနေတာမို့ မေဖန်းကနေ တဆင့် ဆက်သွယ်ခိုင်းတော့လည်း သူကလည်း ဘာမှမသိ
ဒီလွန်ခဲ့တဲ့ရက်တွေ လျိုအန်းဟိုင်က မိသားစု အိမ်ကိုလည်း ပြန်မလာသလို ကုမ္ပဏီကိုလည်းမဝင်ဘူး သူမ ဖုန်းကလည်း ဆက်တိုက် ပိတ်ထားတာမို့ ကုမ္ပဏီကလူတွေတောင် ခြေရာခံမရ ပါပါရာဇီတွေသာ သူမဘယ်မှာရှိလဲ သိတာမျိုးဖြစ်လို့နေသည်လေ
ဟန်တင်းယွီ လျိုအန်းဟိုင်က သူ့ကိုပုန်းရှောင်နေမယ်ဆိုတာ သိပေမယ့် သူမ ဒီလိုရှိုးမျိုး လုပ်ပြမယ်မထင်ထား မဂ္ဂဇင်းထဲမှာ ဖက်နေတဲ့ ပုံတွေကိုကြည့်ကာ သူ့မျက်လုံးတွေ ဒေါသရိပ်သမ်းသွားပေမယ့် အိန်ဂျယ်မေးခွန်းကိုမဖြေ ထိုအစား သူမအဖေ မွေးနေ့ လားလို့သာပြန်မေးလိုက်သည်။
ဟန်တာနဲ့ အိန်ဂျယ်မိသားစုက စီးပွားရေးကိစ္စတွေပက်သက်မှုရှိတာမို့ ဟန်တာက သူ့အဖေကို ဂုဏ်ပြုဖို့ သေချာပေါက်မွေးနေ့ပါတီကိုတက်မှာပင် လျိုအန်းဟိုင်ကလည်း သူ့တွဲဖက်အဖြစ်တက်ရောက်လိမ့်မည်ဆိုတာပါ ပြောပြလာခဲ့သည်။
"အာ ငါမေ့နေတာ နင့်ကိုပြောချင်တာ ရှိသေးတယ်" သူက သူမလက်နှစ်ဖက်ကိုပူးပြီး တောင်းဆိုလာသည်။ "ဟန် ဒီည ငါ့တွဲဖက်လုပ်ပေးပါနော် မဟုတ်ရင် ငါ့အဘိုးက ငါ့ကိုတခြား ကောင်လေးတွေနဲ့မိတ်ဆက်ပေးလိမ့်မယ် တအားစိတ်ညစ်ဖို့ကောင်းမှာ ဟန် ငါ နင့်ဒိုင်းကာ အဖြစ်လုပ်ပေးနေတာ ကြာလှပြီ ငါ့ကိုပြန်ကျေးဇူးဆပ်ဖို့အချိန်လို့မထင်ဘူးလား?" သူသဘောမတူတောင် သူမက သူသဘောတူတဲ့ထိ လိုက်နားပူနေမှာပင်
ဒါမဲ့ အိန်ဂျယ်ထင်ထားတာနဲ့တခြားစီ ဟန်တင်းယွီက မငြင်းရုံတင်မက သူက ရှားရှားပါးပါးတောင် ပြုံးလိုက်သေးသည်။
"ဂုဏ်ယူစရာပါပဲ" အိန်ဂျယ် တောင်းဆိုချက်က သူအစီစဉ်ထဲ ကွတ်တိဝင်လာတာပင် မဂ္ဂဇင်းက သူ့မြင်ကွင်းထဲပြန်ဝင်လာတော့ သူ့မျက်လုံးတွေ ကအိန်ဂျယ့်ကို အန္တရယ်ရှိစွာကြည့်လိုက်တော့သည်။ ဒီတစ်ခါ ဘယ်လိုလွတ်မလဲကြည့်ကြသေးတာပေါ့!
-
လျိုအန်းဟိုင် ဟန်တင်းယွီကို ပွဲမှာတွေ့ရမယ်မထင်ထားခဲ့ ဘာလို့လဲဆိုတော့ အဲ့ကြွက်စုတ်က အမြဲတိုးတိုးတိတ်တိတ်နေတတ်ပြီးတော့ ဘယ်ပွဲကိုမှလည်းမတက်ဘူးလေ ဒါမဲ့ သူ့လက်ကိုချိတ်ထားတဲ့ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးကိုမြင်တော့ သူမရုတ်တရက် နားလည်သွားတော့သည်။ သူမ ဟန်တင်းယွီရဲ့ ရည်းစားလေးက တိုက်အန်းမိသားစုရဲ့ တစ်ဦးတည်းသော သမီးဆိုတာကိုမေ့သွားသည်လေ ဟန်တင်းယွီကလည်းလျိုအန်းဟိုင်ကို မြင်ပြီးပြီပင် သူမ အခန်းထဲ ဝင်လာတာနဲ့ သူမက လူတိုင်းရဲ့အာရုံကို ချက်ချင်းဆွဲဆောင်သွားတာလေ
လှပစွာထုံးဖွဲ့ထားတဲ့ဆံပင်ရယ် ရှေ့မှာကျနေတဲ့ ဆံပင်တချို့က ဖြူဖွေးနေတဲ့ လည်တိုင်ကို ပိုလှအောင်လုပ်ပေးလို့နေသည် နီလာနားဆွဲတွေက သူမ မျက်နှာနှစ်ဖက်မှာ ညင်သာစွာ လှုပ်ရမ်းနေပြီး သူမ ဝတ်စုံက သူမရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုဖော်ပြထားသည်လေ ပြီးတော့ သူမလည်ပင်းမှာလည်း နားဆွဲနဲ့လိုက်ဖက်အောင်ဝတ်ဆင်ထားတဲ့လည်ဆွဲတစ်ခုက ကြော့ရှင်းနေစေကာ တခြားမိန်းကလေးတွေနဲ့ယှဉ်လိုက်ရင် သူတို့ကမှေးမှိန်ပေးလိုက်ရတဲ့ထိပင်
"အာ!" အိန်ဂျယ် ဟန်တင်းယွီ နားနားကို တိုးတိုးလေး ကပ်ကာ "ဘုရင်မ တစ်ယောက်ဝင်ရောက်လာမှုက တကယ့်ကို တစ်ခုခုပဲ လာ ငါတို့ သွားနှုတ်ဆက်ရအောင်"
ဟန်တင်းယွီက ခပ်ဖွဖွပြုံးပြီး သူတို့ လျိုအန်းဟိုင်စီသွားတဲ့ချိန် အိန်ဂျယ်ခါးကို ခပ်ဖွဖွ ကိုင်ထားလိုက်သည်။
သူရောက်လာတာကို သိတော့ လျိုအန်းဟိုင် တောင့်သွားတော့သည်။ ချက်ချင်းကို ထွက်ပြေးချင်စိတ်တွေပေါက်လာတာ ဒါမဲ့ သူမ သည်းခံပြီး ခါးကို မတ်ကာ မေးကိုမော့ပြီး သူမစီလာနေတဲ့လူတွေကို အေးစက်စွာ အကဲခတ်လို့နေသည်။
"ဘာဖြစ်လို့လဲ?" လျိုအန်းဟိုင် ကိုယ်တောင့်သွားတာမြင်တော့ ဟန်တာက သူမစီလာကာကြည့်တဲ့အကြည့်တွေမှာလည်း ကြင်နာမှုတွေပြည့်လို့ သူ့ကိုအရင်က သူက ရက်ရက်စက်စက်ဆက်ဆံထားတာတောင် သူမကို သူလက်မလွှတ်နိုင်
လျိုအန်းဟိုင်က သူ့ကို သူမ သူ့ကိုချစ်လာမှာမဟုတ်ဘူးလို့ ယတိပြတ်ပြောထားတာတောင် သူက လက်မခံဘဲ သူမကိုတွယ်ကပ်နေတုန်း သူထင်တာက သူလက်မလျှော့သရွေ့ လျိုအန်းဟိုင်က တနေ့ သူ့ရဲ့ ချစ်ခြင်းတွေကို လက်ခံလာလိမ့်မယ်လို့လေ ရှေ့ကို ကြည့်နေတဲ့လျိုအန်းဟိုင်ကတော့ သူ့မေးခွန်းကိုလျစ်လျုရှုထားသည်။
သူလည်း သူမ ကြည့်ရာ လိုက်ကြည့်လိုက်တော့ တိုက်အန်းမိသားစု သမီးရယ် အာရှ လူငယ်တစ်ယောက်က သူတို့စီလျှောက်လာတာကိုမြင်လိုက်ရသည်။
ထိုလူငယ်က ကြည့်ကောင်းတဲ့မျက်နှာတစ်ခုနဲ့ အေးစက်တဲ့ ပုံစံနဲ့ပင် ထိုလူငယ်ဝင်လာတာနဲ့ မိန်းကလေးတွေအများကြီး မနေနိုင်ဘဲ သူ့ကိုစိုက်ကြည့်လို့နေကြသည်။ တိုက်အန်းမိသားစု သမီးနဲ့ တစ်ခုခုပက်သက်နေပုံပင် သူတို့ပုံစံအရ
ဟန်တင်းယွီနဲ့ အိန်ဂျယ်သူတို့စီရောက်လာတော့ ဟန်တာ သူတို့အပြုအမူအရ သူက အိန်ဂျယ်ကောင်လေးလို့ထင်လိုက်မိသည်။ ဟန်တင်းယွီကို ကြည့်မိပြီး သူ့လက်က အလိုလို လျိုအန်းဟိုင် ခါးကို ဖက်လိုက်မိစေသည်။
"ဟိုင်း ဟန်တာ" အိန်ဂျယ်က အရင် နှုတ်ဆက်လာသည်။
ဟန်တင်းယွီက ရုတ်တရက် အိန်ဂျယ့်ခါးကို ဖွဖွလေးတွန်းလာခဲ့သည်။ အိန်ဂျယ်နည်းနည်းလန့်သွားကာ ဟန်တင်းယွီ အတွေးတွေကို နားတော့မလည်ပေမယ့် သူမက ဟန်တာကိုဆက်ပြုံးပြကာ "ဟန်တာ ဒီအကအတွက် ကျွန်မနဲ့အတူ အဖော်လုပ်ပေးနိုင်မလား?"
"ဒါက..."ဟန်တာ တုံ့ဆိုင်းသွားကာ ဟန်တင်းယွီကို တချက်ကြည့်ပြီးနောက် လျိုအန်းဟိုင်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ အိန်ဂျယ်က စိတ်မရှည်စွာ သူ့ကို ကြည့်လာပြီး "ရှင်ဘာတွေစိုးရိမ်နေတာလဲ ဟန်က Miss လျိုရဲ့မောင်လေးလေ"
ထိုစကားတွေကိုပြောလိုက်တာနဲ့ လူတိုင်း ဟန်တင်းယွီကိုထိတ်လန့်စွာ ကြည့်လာကြတော့သည်။ သူက လျိုအန်းဟိုင်ရဲ့ ဒဏ္ဏာရီလာမောင်လေးပေါ့ ဟန်တာက အိန်ဂျယ်ကို ငေါင်ပြီး ကြည့်နေတုန်းမှာပဲ အိန်ဂျယ်က သူ့ကို ကပွဲထဲ ဆွဲခေါ်သွားပြီပင်
သူတို့နှစ်ယောက်ထွက်သွားတာနဲ့ ဟန်တင်းယွီက ချက်ချင်း လျိုအန်းဟိုင်ကို လက်ဆန့်ပေးလာပြီး "ကချင်လား? အစ်မ?" အထူးသဖြင့် နောက်ဆုံး ခေါ်လိုက်တာက ဘာ?
လျိုအန်းဟိုင် သူ့ကိုဒေါသတကြီးကြည့်လိုက်သည်။ သူမ လှည့်ထွက်သွားလိုက်ချင်ပေမယ့် လူတွေအများကြီးကြည့်နေတာမို့ သူမကိုယ်သူမ အရှက်ခွဲလို့မဖြစ်
ဟန်တင်းယွီ ဖွဖွပြုံးကာ သူမကို မျက်ခုံးမြင့်ပြလာသည်။
လျိုအန်းဟိုင် လက်ဆန့်လိုက်တာနဲ့ ဟန်တင်းယွီကချက်ချင်းဆွဲကာ သူမကို သူ့ရင်ခွင်ထဲ ပြုတ်ကျလာအောင်လုပ်လိုက်တော့သည်။
"ဟန်တင်းယွီ!" သူမ ခါးကို ဖက်ထားတဲ့ သူ့လက်တွေကို ဒေါသတကြီးကြည့်လိုက်သည်။အားနဲ့ဆိုတော့ လျိုအန်းဟိုင် ကိုယ်လေးက သူနဲ့ကပ်နေကာ သူက ခေါင်းငုံ့ပြီး သူမ နားနား ကပ်ကာ "မင်းကိုမိပြီ" လို့ပြောလာခဲ့သည်။
သူ့ရဲ့နွေးထွေးတဲ့ကိုယ်ငွေ့က သူမနားကို ကပ်လာတော့ လျိုအန်းဟိုင် တုန်ယင်သွားတော့သည်။ သူမ ရုန်းဖို့လုပ်လေ ဟန်တင်းယွီက ပိုတင်းတင်းကိုင်ပြီး သူမကို အလွတ်မပေး "ဟန်တင်းယွီ နင်.."
"ရှူးးး လူတွေအများကြီး ငါတို့ကိုကြည့်နေတာ မင်းတကယ် ငါ့လက်က ရုန်းပြီး မင်းကိုယ်မင်း အရူးလုပ်မလို့လား?" ဟန်တင်းယွီ သူမ သူမကိုယ်သူ ဘယ်လောက်ဂုဏ်ယူလဲဆိုတာ သိသည်လေ ခပ်ဖွဖွရယ်ကာ ဟန်တင်းယွီက သူမ ခါးကို ကိုင်ပြီး ခြေလှမ်းတချို့လှမ်းကာ လျိုအန်းဟိုင်ကို ကနေတဲ့နေရာကိုခေါ်သွားတော့သည်။
သူမခါးကိုကိုင်ထားတဲ့လက်တွေက သန်လွန်းသလို သူတို့ကို ကြည့်နေတဲ့ အကြည့်တွေက အံဩနေကြတာကိုလည်း သူမမြင်နေရသည်လေ အဆုံးကျ သူဘာကိုကြံနေတာလဲ?
သူမ ရင်ထဲက ပျာယာခတ်မှုတွေကိုထိန်းကာ လျိုအန်းဟိုင် မျက်လုံးမြင့်ပြီး သူ့ကို ြည့်ကာ "နင် ဘာလုပ်ချင်နေတာလဲ?"
"မင်းကရော ဘယ်လောက်ကြာတဲ့ထိ ထွက်ပြေးနေမှာလဲ?" ဟန်တင်းယွီ ချက်ချင်း ပြန်ပြောလာသည်။
"ဘယ်သူက ပြေးနေလို့လဲ?"
"...အာ့ဆို ဒီရက်တွေ အိမ်ပြန်မလာတာ ဘယ်သူလဲ?"
လျိုအန်းဟိုင် တောင့်သွားပေမယ့်ချက်ချင်းမေးမော့ကာ "နင်ငါ့ကိုထိန်းချုပ်လို့မရဘူး ပြန်လာမလာ က ငါ့ဆုံးဖြတ်ချက်ပဲ"
ဟန်တင်းယွီ သူမ ခေါင်းမာမာနဲ့ငြင်းနေမယ်ဆိုတာ သိသည်လေ...
"မင်း ငါ့ကိုပုန်းနေတာ ငါသိတယ် လာမငြင်းနဲ့" သူက သူမ ပြန်ငြင်းလို့ရမယ့်အခွင့်ရေးမပေးပေ
"လျိုအန်းဟိုင် မင်းဘယ်တော့မှ မင်းကိုယ်မင်း ရိုးသားမှာလဲ? ဘာတွေကြောက်နေတာလဲ? မင်း ပိုကြောက်လာလေ ငါ့ကို မင်းက.."
"ဖြန်း" ပါးရိုက်သံတစ်ခုက ဟန်တင်းယွီပြောစကားကို ဖြတ်တောက်လိုက်သည်။
လူအုပ်ကြီးက ချက်ချင်းလန့်သွားကာ သူတို့နှစ်ယောက်ကို ကြည့်လာတော့သည်။
လျိုအန်းဟိုင် လက်သီးဆုတ်ပြီး ဟန်တင်းယွီကို ဒေါသနဲ့တုန်ယင်စွာ ကြည့်လိုက်သည်။ လူအုပ်ကြီးကိုလျစ်လျုရှုကာ ပွဲကနေလှည့်ထွက်သွားတော့သည်။
သူမ အမြန်လျှောက်နေတာပင် တစ်ခုခုစီက ထွက်ပြေးနေသလိုမျိုး
ဟန်တင်းယွီ ပြောလိုက်တဲ့ စကားတွေက သူမ ရင်ထဲက အနက်ရှိုင်းဆုံးနေရာမှာ သိမ်ထားတဲ့စကားတွေပင် သူမ မတွေးချင် မထိချင် မဖွင့်ရဲတဲ့အရာတစ်ခု
သူမ ကြားလည်း မကြားချင်ဘူး မကြားနိုင်တာဆို ပိုမှန်မည် လွတ်ပဲလွတ်မြောက်ချင်တာ ရုတ်တရက် ပြင်းထန်တဲ့အားတစ်ခု သူမနောက်က ပေါ်လာပြီး သူမကို နောက်ပြန်ကြည့်အောင်လုပ်လိုက်သည်။
"အားး!" လျိုအန်းဟိုင် လန့်သွားကာ "ဟန်တင်းယွီ နင်..." သူမ ဘာမှမပြောနိုင်သေးခင်မှာပဲ ကားထဲကို ပစ်သွင်းခံလိုက်ရပြီပင် ဆင်းဖို့ ကြိုးစားပေမယ့် ကားတံခါးက လော့ချပြီးနေပြီ
"တံခါးဖွင့်!ငါ့ကိုပေးထွက်!" ဟန်တင်းယွီ သူမအော်တာကိုလျစ်လျုရှုကာ လီဗာကို နင်းလိုက်သည်။
ဟန်တင်းယွီက သူမ စံအိမ်ကို ပြန်မောင်းလာတော့ တချိန်လုံး အော်ဟစ်နေတဲ့ လျိုအန်းဟိုင်ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ ဟန်တင်းယွီက သူမ လက်ကိုဆွဲကာ သူမကိုအထဲကို ဆွဲခေါ်လာခဲ့သည်။
အထဲမှာ မီးတွေက ပိတ်ထားပြီး အပြင်က အလင်းရောင်ဖျော့ဖျော့သာရှိလို့နေသည်။ သူတို့နှစ်ယောက် အမှောင်ထဲမှာ တိတ်ဆိတ်စွာရပ်လို့နေသည်။
ဟန်တင်းယွီက ကောင်တာကို သွားကာ ရေခွက်တစ်ခွက်ငှဲ့ပြီး လျိုအန်းဟိုင်စီပြန်လာ သူမကိုရေခွက်ပေးကာ "သောက်လိုက်ဦး မင်းရေဆာနေလောက်ပြီ"
လျိုအန်းဟိုင်ရေခွက်ကို ယူပြီး ရေကို သူ့မျက်နှာကိုပက်ကာ ခွက်ကို သူ့မျက်နှာကိုလွှင့်ပစ်လိုက်တော့သည်။
သူ့နဖူးကို ရေခွက်ထိတဲ့အသံကို ကြားတာနဲ့ သူမ ရင်ထဲ တင်းကြပ်သွားကာ သိပ်မကြာလိုက် ဖန်ခွက်ကွဲ တဲ့အသံကိုပါကြားလိုက်ရသည်။
နာကျင်မှုကို သည်းခံပြီး ဟန်တင်းယွီက "ဒေါသပျောက်ပြီလား? မပျောက်သေးရင် ဒီဘက်ကိုလည်းပေးရိုက်မယ်"
သူ့ ညာဘက်ပါးကို သူမ စီ လှည့်ပေးလာသည်။ လျိုအန်းဟိုင်ကလည်း နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘဲ သူ့မျက်နှာပေါ်မှာ နောက်ထပ် လက်ရာတစ်ခု တပ်ပေးလိုက်သည်။ ဒါမဲ့ မလုံလောက်သေး သူမ ဟန်တင်းယွီကို ရိုက် ကန်ကျောက်တော့သည်။ သူကလည်း သူမကို သည်းခံနေပြီး နည်းနည်းလေးတောင် မခုခံခဲ့ အသံလည်းမထွက်
လျိုအန်းဟိုင် စိတ်ပျက်မှုတွေကို အကုန်ဖွင့်ထုတ်နေသလို သူမကြုံတွေ့ခဲ့ရတဲ့ ဒေါသတွေကို အားကုန်သုံးပြီး ဖျက်ဆီးနေတာပဲ ဘာလို့လဲ ဘာလို့ သူလဲ? ဘာလို့ သူ သူမကို ဖိအားပေးရတာလဲ ဘာလို့ သူ သူမကို အဲ့လိုတွေပြောရတာလဲ?
"ဟန်တင်းယွီ ခွေးကောင်! ဘာလို့ ငါ့ကို ဒီလိုမျိုးဆက်ဆံရတာလဲ နင်ဘာမှမသိဘူး! နင်ဘာမှမသိဘူး! ဘာလို့ ငါ့ကို ဖိအားပေးနေရတာလဲ?" သူမ သူ့ကိုဒေါသတွေထွက်ကာ သူမ အသံတွေကွဲအက်လာတဲ့ထိ အော် ငိုကြွေးကာ သူ့ကို စတင်းပြီး တွန်းထုတ်တော့သည်။ "သွား ထွက်သွား!ငါနဲ့ အဝေးဆုံးမှာနေ!"
ဟန်တင်းယွီက မလှုပ်မယှက် ထိုနေရာမှာပဲ သူမကို ငေးကြည့်နေခဲ့သည်။
ထိုအမူအရာက လျိုအန်းဟိုင်ကို ရူးအောင်လုပ်နေသလိုပင် အဲ့အကြည့်တွေကို တအားရင်းနှီးလွန်းသည် သူမ မှတ်ညဏ်တွေထဲက လူလိုပဲ အဲ့အရူးက သူမပုံကို ကြည့်လိုက်တိုင်း အဲ့လိုမျက်နှာထားနဲ့ပဲ
"ငါ့ကို အဲ့လိုမျိုး မကြည့်နဲ့!ရပ်လိုက်! မကြည့်နဲ့!" သူ့ကော်လံကို အားကုန်သုံးဆွဲကာ သူ့လည်ပင်းကို ကိုက်ချလိုက်တော့သည်။ သူမ ကိုက်တာ သွေးတွေပါထွက်လာတဲ့ထိ သွေးအရသာ ဝင်လာတာတောင် သူမ လွှတ်မပေး မျက်ရည်ပူတွေကျလာကာ တစ်ခုခုကို ဝန်ခံလိုက်သလိုပင်
သူမ အမြဲတမ်း ငြင်းနေခဲ့တာ အမြဲတမ်း ဝန်မခံချင်ခဲ့တာ....
ဟန်တင်းယွီက တလျှောက်လုံး တိတ်နေခဲ့ပြီး သူမ တုန်ယင်နေတာ အသက်ရှုတွေမြန်လာတာကို နားထောင်နေခဲ့သည် သူမက တကယ် ခေါင်းမာတာ အဲ့လိုခေါင်းမာနေတဲ့လူကို သိစေချင်တာက သူမကို တန်ဖိုး ထားမယ့် တစ်ယောက်ယောက်ရှိနေတယ် သူမကို ကာကွယ်ဖို့ တစ်ယောက်ယောက်က သူတို့ရဲ့အရာအားလုံးကိုပေးနိုင်တယ်ဆိုတာကိုပင်
"ရှုးးးး မကြောက်နဲ့ ကိုယ်ရှိတယ် ကိုယ် ဒီမှာ မင်းအတွက်ရှိတယ်" သူ့အသံက တအားကို နူးညံ့ပြီး ကြင်နာလို့နေသည် ငှက်မွှေးလေးနဲ့ဖွဖွလေးထိနေသလိုမျိုး "ကိုယ် ထွက်သွားမှာမဟုတ်ဘူး မင်းကို စွန့်ပစ်မှာလည်း မဟုတ်ဘူး ကိုယ်က မင်းဘေးမှာရှိနေပေးမှာ"
လျိုအန်းဟိုင် မျက်လုံးဖွင့်လိုက်သည်။ ခနနေတော့ မျက်ရည်တစ်စက် ကျလာကာ ထိုမျက်ရည်တွေက ဆက်တိုက်ကျဆင်းလာပြီး ဟန်တင်းယွီရဲ့ပုခုံး သူ့နှလုံးသားထိ ဝင်ရောက်သွားသလိုပင်
ဟန်တင်းယွီ သူ့နှလုံးသားတစ်ခုလုံး နူးညံ့သွားသလိုပင် ဖြစ်နိုင်တာက သူဒီအခိုက်အတန့်ကို အမြဲစောင့်နေခဲ့တာနေမည် သူမ အိမ်မက်ထဲမှာတောင် မျက်ရည်တွေကို ဖိနှိပ်ထားတာထက် ဒီလိုမျိုး ငိုချလိုက်ဖို့ကိုလေ
သူမက သူမရင်ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီးကို ဖုံးထားတာ သူမက အဲ့လျှို့ဝှက်ချက်တွေကိုလည်းမဖော်ထုတ်ချင်ဘူး
"လျိုအန်းဟိုင် ငါ မင်းကို သဘောကျတယ်" ထိုဝန်ခံမှုက လျိုအန်းဟိုင်နှလုံးသားထဲထိ ရောက်သွားတော့သည်။
"မင်းက မင်းကိုမချစ်ဖို့ပြောပေမယ့် တအားနောက်ကျနေပြီ"  ဟိုးးအရင် အရင်ကတည်းက...သူမစီကနေ သူအကြည့်မခွာနိုင်ခဲ့တာမို့ တအားနောက်ကျသွားပြီ "လျိုအန်းဟိုင် မင်းကိုချစ်ခွင့်ပေးပါ နော်?"
လျိုအန်းဟိုင် မျက်လုံးတွေ မှိတ်ထားလိုက်တော့သည် မျက်ရည်တွေကို စီးကျခွင့်ပေးလိုက်ရင်းပေါ့ သူမ ဘာလို့ နောက်ထပ်အခွင့်ရေးတစ်ခုရလာမှန်းမသိဘူး သူမ သူမအဖေကို ကောင်းကောင်းဆက်ဆံချင်သည်လေ ဘာလို့လဲဆိုတော့ သူမ အုတ်ဂူရှေ့မှာသူမအဖေရပ်နေတဲ့ပုံစံကို ခုထိ မျက်လုံးထဲကမထွက်သေးလို့ပင် ဒါမဲ့ နောက်ထပ်အခွင့်ရေးရတာတောင် သူနဲ့ဘယ်လိုစကားပြောရမလဲဆိုတာ သူမ ခုထိမသိ ဒါမှမဟုတ် သူမ သူ့ကို ခွင့်မလွှတ်နိုင်သေးတာများလား
ဟန်တင်းယွီကိုကျ သူမ သူ့ကိုအမြဲမုန်းခဲ့တာ သူမအဖေရဲ့အချစ်တွေအကုန်ယူသွားလို့လည်းမုန်းတယ် သူနဲ့သူ့အမေ သူမ အိမ်ကိုခိုးသွားလို့လည်း မုန်းတယ် သူ့ကို မုန်းတာမှ သူမလိုမျိုး သူလည်း တထပ်တည်း ခံစားစေချင်တဲ့ထိပဲ အာ့ကြောင့် သူတို့ကြား အမုန်းပဲရှိနေသင့်တာ
ဒါမဲ့ သူမ သေသွားတော့ သူက သူမ အခန်းထဲမှာပဲ တညလုံးနေသလို ညတိုင်းလည်း သူမ ပုံကို ကိုင်ထားခဲ့ပြီး သူမမွေးနေ့တိုင်းလည်း သူက ကိတ်သေးသေးလေးတစ်ခုဝယ်ပြီး သူမကို သီချင်းဆိုပေးသေးတာ သူမ အိပ်ရာမှာလှဲပြီး သူမကို မနက်အာရုံတက်ထိ ငေးကြည့်တယ် တနေ့ပြီးတနေ့ တစ်ညပြီး တစ်ည...
သူမ နားမလည်ဘူး သူ ဘာလို့ သူမကိုချစ်တာလဲ သူမ သူ့ကို ဒီလိုမဖြစ်စေချင်ဘူး!
အချစ် သူမ အဲ့လိုအရာမျိုး ဘယ်တုန်းကမှ မလိုအပ်ခဲ့ဘူး!
အချစ်က လူတွေကိုရူးစေတယ် သူမ အမေကိုပဲကြည့် တဘဝလုံး အချစ်မှာ ရူးရူးမိုက်မိုက် နစ်ဝင်ပြီး မသေခင်ကတောင် သူမလက်ကိုကိုင်ပြီး ငိုကာ အချစ်ကိုဘယ်တော့မှမယုံကြည်ဖို့ အချစ်ဆိုတာ လူတွေကို နာကျင်စေရုံသက်သက် သူမလိုမျိုး ဆိုပြီး ပြောခဲ့တာ
သူမ သူမ အမေစကားတွေကိုမှတ်မိနေတုန်းပြီးတော့ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး ကြည့် သူမ အမေ ပြောတာ မမှန်ဘူးလား ဟန်တင်းယွီကိုပဲကြည့်
သူ အချစ်ကြောင့် ခံစားနေရလို့ တအားဝမ်းနည်းပြီး သနားဖို့ကောင်းနေတာ သူသေသွားတဲ့ထိ သူမပုံကိုကိုင်ထားတာ ဘာအသုံးဝင်လို့လဲ? သူမ ပြန်တုံ့ပြန်နိုင်တာလည်းမဟုတ်ဘူး သူမ...
သူမ နောက်ထပ်ဘဝရတာတောင် သူ့ကိုမချစ်ဘူး သူမကိုပဲမုန်းနေစေချင်တာ!
ဒီလိုမဖြစ်သင့်ဘူး သူ သူမကိုမုန်းသင့်တာ
ဒါမဲ့ သူမ တကယ်ကို သူ သူမကိုမုန်းစေချင်တာလား? သူ့အချစ်ကို တကယ်မလိုချင်ဘူးလား?
လျိုအန်းဟိုင် နင်ဘာကနေ ထွက်ပြေးနေတာလဲ အဲ့နေ့က သူ သူမကိုမေးခဲ့တယ် အဲ့အကြည့်တွေထဲကနေ သူမ အဖြေကို သေချာသိပြီးသား
သူမ ဘာကနေ ထွက်ပြေးနေတာလဲ သူမ အုတ်ဂူရှေ့မှာ သူငိုကြွေးခဲ့တာတွေကို သူမ ပြန်သတိရလာမိသည်။
တချိန်လုံး သူ့ကို သူမ ချစ်နေမိခဲ့ပြီဆိုတာကို ဝန်မခံချင်တာ သူ့ရဲ့တုံးအမှုတွေက သူမရဲ့ ရင်ထဲက အမုန်းတွကိုပျောက်အောင်လုပ်ခဲ့တာ ဆိုတာကိုကောလေ
သူမ သူအမေ စကားကိုကြောက်ခဲ့လို့ အချစ်ဆိုတာမရှိသလို ဟန်ဆောင်ခဲ့တာ သူမကိုယ်သူမ မျက်ကန်းလိုနေခဲ့တာ
သူ သူမကိုချစ်တာကို သူမ မသိဘဲနေမလား သူတို့ဆက်ဆံရေးက တိုးတက်လာတောင် သူမ မသိချင်ယောင်ဆောင်နေခဲ့တာ
သူ့ကို ယတိပြတ်ငြင်းလို့ရနေတာတောင် မငြင်းခဲ့ဘူးလေ
သူမ ပြေးရတာကို ပင်ပန်းလာပြီထင်သည် ဖြစ်နိုင်တာက သူမ ရင်ထဲ ဘယ်ကိုမှ ထပ်မပြေးချင်တော့တာနေမည် ပြီးတော့ ချစ်ချင်လာသလို အချစ်လည်းခံချင်လာတာ
သူတို့က တစ်ယောက်က ရှေ့တိုးလာရင် တစ်ယောက်က နောက်ဆုတ်နေခဲ့ကြတာ ဘယ်သူကမှလည်း လက်မလွှတ်ပေးချင်ကြဘဲနဲ့လေ တကယ်တန်း သူလက်လွှတ်လိုက်မှာကိုတောင် သူမကြောက်နေခဲ့တာပါ သူမ တွေးမိတာ ကောင်းကင်ဘုံက သူမကို နောက်တစ်ကြိမ်အခွင့်ရေးပေးတာ သူ့ကြောင့် များလားတောင်မသိ
သူ့ကို ထပ်ပြီးစိတ်ပျက်အောင်မလုပ်တော့ဘဲ လျိုအန်းဟိုင် ကိုက်ထားတာကို လွှတ်လိုက်တော့ ဟန်တင်းယွီက ပြုံးကာ "မကိုက်တော့ဘူးလား?"
လျိုအန်းဟိုင် ဘာမှမပြော အောက်ကို ငုံ့ကြည့်လိုက်တော့ သူမ လက်တွေက သူ့ကော်လံကို ကိုင်ထားသည်လေ တုန်သွားကာ သူမ ပါးစပ်ထဲက သွေးအရသာက သူမကို ပြုံးအောင်လုပ်နေသလိုပင် ဒီကောင်က လုပ်ချင်တာ အကုန်လုပ်ခွင့်ပေးထားတာပဲ သူမကို
"ဘာလဲ?" ဟန်တင်းယွီ သေချာမကြားရ
လျိုအန်းဟိုင် ပြန်မဖြေဘဲ သူမစီ သူ့ကိုဆွဲချကာ ခေါင်းမော့ပြီး သူ့နှုတ်ခမ်းကိုကိုက်လိုက်သည်။ မျက်ရည်တွေ သူမမျက်လုံးထောင့်ကနေ စီးကျလာရင်းပေါ့ အရူးကောင် သူမ ဘယ်ကိုမှ ထပ်ထွက်ပြေးတော့မှာမဟုတ်ဘူး
-

Love me again!Where stories live. Discover now