End

1.2K 80 3
                                    

ဇာတ်သိမ်း
ဟန်တင်းယီ ဒီမိန်းကလေးကိုဘာလို့ချစ်မိသွားတာလဲလို့ သူ့ကိုယ်သူမေးဖူးသည်။
ဒီမိန်းမက တအားမုန်းဖို့ကောင်းတာ သူနဲ့ သူ့အမေ လျိုမိသားစုကိုဝင်ကတည်းက သူမက ဆက်တိုက် သူနဲ့သူ့အမေကို ဒုက္ခပေးတာလေ အမြဲတမ်း သူ့အမေက သူမ ကျေနပ်အောင်ဘယ်လိုပဲလုပ်ပေးပေးမရဘူး အမြဲတမ်း စော်ကားမော်ကားပြောပြီးတော့ သူမ ပါးစပ်ကထွက်သမျှ အဆိပ်လို့တောင် ထင်ရတဲ့ထိပဲ
သူ သူမကို မုန်းသည်။ သူ ကော်ဘူးနဲ့ သူမပါးစပ်ကို ပိတ်ထားလိုက်ချင်တဲ့ထိပဲ အဲ့ဒါမှ သူနဲ့ သူ့အမေကို နာကျင်အောင်မပြောနိုင်တော့မှာလေ
ဒါမဲ့သူ့အမေက သူ့ကိုအမြဲစိတ်ရှည်ဖို့ပြောသည် သူ့မကို ခွင့်လွှတ်ဖို့ကော ဘာလို့လဲဆိုတော့ သူတို့က သူမအပေါ်ကိုကော သူမအမေ ပေါ်ကိုပါ မှားခဲ့ကြလို့ပင် သူ သူ့အမေကိုနားလည်တာမို့ သူ့အမေကို စိတ်မပူစေချင်တာနဲ့ သူမကို သည်းခံခဲ့သည် သူမ သူ့ကိုလှောင်ခွင့်ပေးထားပြီး သူက သူမကို ကံမကောင်းလို့ တွေ့ရတဲ့ ရူးနေတဲ့မိန်းမ လို့ပဲ သဘောထားထားတာပင်
တစ်ခါတလေ သူမရဲ့မာနတွေအပြည့်နဲ့ကျောပြင်ကိုကြည့်လိုက်တိုင်း ဆိုးဝါးတဲ့ ခံစားချက်တစ်ခုရတယ် အဲ့ပုံရိပ်က အနည်းငယ်အထီးကျန်နေသလိုပင်
အထီးကျန်တယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့ဒီ အပေါ်စီးကနေ မာနကြီးပြီး ကိုယ့်ကိုကိုယ်အမှန်ထင်နေတဲ့မိန်းမက ဘယ်လိုလုပ်အထီးကျန်နိုင်မှာလဲ?
ဒါမဲ့လည်း သူသူမကို စတင် အကဲခတ်လာမိသည် သူမမှာ သူငယ်ချင်းအများကြီးမရှိ သူမက လူတွေအများကြီး ပါတဲ့ သူမရဲ့မွေးနေ့ပါတီမှာတောင် တစ်ယောက်တည်းပင် အဲ့ပါတီမှာ သူမက အာရုံစိုက်ခံရတဲ့ ကြယ်လေးဆိုပေမယ့် ပါတီပြီးသွားရင် သူမက သူမ အခန်းထဲက မာနကြီးနဲ့ ဝင်သွားပေမယ့် အထီးကျန်နေသလိုပင်
ဟန်တင်းယွီ သူမ အထင်သေးသလို သူ့ကို ကြည့်ရင် ရွံရှာရပြန်သည်။ သူငယ်ချင်းမရှိတာလည်းမပြောနဲ့ ဒီလိုလူမျိုးနဲ့ ဘယ်သူမှသူငယ်ချင်းဖြစ်ချင်မှာမဟုတ်ဘူး!
သူမကို မုန်းဆဲဆိုပေမယ့် သူမ အကြောင်းမှတ်သားဖို့လည်းမမေ့ နောက်ပိုင်း အဲ့ဒါက အကျင့်တစ်ခုဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ထိလေ သူဘာလို့လဲမသိပေမယ့် သူမ က သူနဲ့သူ့အမေအပေါ်မှာ လျိုမိသားစုက ပိုင်ဆိုင်သမျှကို သူတို့က ယူသွားတယ်လို့မြင်နေတာပင် သူကတော့ အဲ့ဒါကို ရယ်ရတယ်လို့ ထင်တယ် သူနဲ့မဆိုင်တာကို သူလောဘမတက်
ဒါမဲ့ သူမက အမြဲသတိနဲ့နေတာကို ကြည့်ပြီး သူမရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့အကြည့်တွေထဲသူ့အရိပ်ကိုမြင်လိုက်ရသည်လေ ရုတ်တရက် သူ အဲ့မျက်လုံးတွေကို လိုချင်လာသည် သူ့အရိပ်ထင်နေတဲ့ ထိုမျက်လုံးတွေ ဆိုတော့ သူကုမ္ပဏီကိုဝင်ခဲ့သည် နောက်ပုငိ်း နှစ်ယောက်သားက အားနေ ရန်ဖြစ်နေပြီး သူတို့ခံစားချက်တွေကလည်း ပိုပြင်းထန်လာတော့သည်။
သူမက သူ့အလုပ်မှာ ဆက်တိုက် ပြဿနာရှာသည်။ သူကလည်း သူမကို ရှုံးနိမ့်မှုရဲ့ အရသာကို ခံစားခိုင်းသည်။ သူမ သူ့ကို အာရုံစိုက်နေတာကို ကြည့်တဲ့ချိန်တိုင်း သူ့ရင်ထဲ ပြောမပြတတ်တဲ့ကျေနပ်မှုမျိုးကိုရခဲ့တာ ဥက္ကဌနေရာကိုမလိုချင်ပေမယ့် သူ့ကို သူမ အာရုံစိုက်စေချင်ခဲ့တာ
သူ့ရင်ထဲမှာ ဒါက ဘာလဲသေချာသိနေပေမယ့် ဝန်မခံချင်ခဲ့ ဖြစ်နိုင်တာက သူ့စိတ်က ဘယ်လောက်ထိ နက်ရှိုင်းနေလဲဆိုတာ သိနေသလို အဲ့ဒွက ဘယ်တော့မှ အောင်မြင်မှာမဟုတ်မှန်းလည်းသိနေလို့နေမည်။ ဆိုတော့ အဲ့အရာက ဘယ်တော့မှ မရှိသလိုဟန်ဆောင်နေလိုက်သည်။
ဒါမဲ့ သူ မလိုချင်တဲ့ ထို ဥက္ကဌဆိုတဲ့ ရာထူးကြောင့် သူမက သေသွားခဲ့ရသည်။ တကယ်တန်း သူ ထိုရာထူးကိုမလိုချင်ခဲ့ဘူး သူက သူမနဲ့မတိုက်ခိုက်ချင်ခဲ့ဘူး သူက ဒီတိုင်း...........ဒီတိုင်း......
သူမ သူ့ကို ကြည့်နေစေချင်ရုံလေး! သူ့ကို သတိထားမိစေချင်ရုံလေး!
သူမ ပုံကို ကိုင်ပြီး သူ့ကိုယ်က တုန်ယင်နေခဲ့သလို သူ့ရင်ထဲမှာလည်းနောင်တတွေအပြည့် သူက သတ္တိမရှိတဲ့ကောင်သာသာပဲ သူက အငြင်းခံရမှာကိုကြောက်လို့ သူမ သူ့ကိုမကြည့်တော့မှာကြောက်လို့ တကိုယ်ကောင်းဆန်ခဲ့မိလို့! သူမကို သူသေစေခဲ့တာ!သူမကို သူသတ်ခဲ့တာ!
သူတအားနောင်တရခဲ့သည်။ ညတိုင်း သူမ အခန်းကိုလာပြီး သူမ ပုံကိုထိကာ သူ့ရင်ထဲကနေ သူမနာမည်ကိုရေရွတ်သည်။
သူမမွေးနေ့ရောက်တိုင်း ကိတ်တစ်လုံးဝယ်လာပြီး တိတ်တိတ်လေး သူမအတွက်မွေးနေ့သီချင်းဆိုပေသည်။ သူမ သူ့ရှေ့မှာထိုင်ပြီး ဆုတောင်းကာ ဖယောင်းတိုင်တွေမှုတ်တယ်လို့ မြင်ယောင်ရင်းလေ......
သူမကိုမေးချင်တာက.......ဘာကိုဆုတောင်းလဲ? လို့လေ
ငါ့ကို တစ်ခုလောက်ဆုတောင်းခွင့်ပေးပါလား.......မင်းကို နောက်တစ်ခါလောက် ထပ်မြင်နိုင်ဖို့လေ?
သူမ ထွက်သွားတဲ့အချိန်ကနေစပြီး သူရက်တွေ ရေတွက်ခဲ့သည်။ အချိန်တော်တော်ကြီးကြာသွားတော့ ဦးလေးလျိုနဲ့သူ့အမေ ဆုံးသွားခဲ့သည် သူက အစေခံတွေအကုန်လုံးကို အလုပ်ထုတ်ကာ သူတစ်ယောက်တည်း အိမ်ကြီးထဲမှာနေခဲ့သည်။ ဒါက သူ့အပြစ်ဒဏ်ပဲ သူအိပ်မရတာကြောင့် အမြဲသူမအိပ်ရာပေါ်မှာလှဲကာ အာရုံတက်ချိန်ထိ မျက်လုံးဖွင့်နေတတ်သည်။
သူစပြီး ကိုယ်အလေးချိန်တွေ တအားကျလာခဲ့တယ် ဆေးလိပ်သောက်တာကလည်း တအားများလာခဲ့ပြီး ဆရာဝန်က သူ့မှာ ကင်ဆာဖြစ်နေသည်တဲ့ သူကြောက်ရွံမှုတစ်စက်ကလေးတောင်မပြခဲ့ ဖြစ်နိုင်တာက ဒီနေ့ကိုရောက်ဖို့ သူမျှော်လင့်ခဲ့သည်ထင်သည်။
အန်းဟိုင်.........သူ့ရင်ထဲမှာသာ သူ သူမကို ဒီလိုခေါ်ရဲခဲ့သည်။
အန်းဟိုင်..........နေကောင်းရဲ့လား?
အန်းဟိုင်...........ငါ့ကို မုန်းလား?
အန်းဟိုင်...........တကယ်တန်း ငါ....
သူ မျက်လုံးမှိတ်လိုက်ကာ သူမ ပုံကိုကိုင်ပြီး သူ့ကိုယ်က နာကျင်မှုတွေကို  ကျူးကျော်ခွင့်ပြုလိုက်တော့သည်။ သူကုသမှုကို မခံယူဘဲ ဒီအခိုက်အတန့်ကိုသာစောင့်နေခဲ့သည်လေ
အန်းဟိုင် မင်းသိရဲ့လား ဆယ်စုနှစ်နှစ်ခုစာလောက် နှစ်တိုင်း ငါမင်းစီကနေ မွေးနေ့ဆုတောင်းတစ်ခုခိုးခဲ့တယ် ငါ ဘာဆုတောင်းလဲ ခန့်မှန်းကြည့်?....
ကျေးဇူးပြုပြီး သူမကို နောက်ထပ်တစ်ကြိမ်ပြန်တွေ့ခွင့်ပေးပါ!
အဲ့ခါကျ သူအခွင့်အရေးကို လက်လွှတ်မခံတော့ဘဲ သူမကိုပြောမှာ!...
အန်းဟိုင် တကယ်တန်း..ငါ.........
-
ဟန်တင်းယွီ မျက်လုံးဖွင့်လိုက်မိသည်။
"နိုးပြီလား ဘယ်လိုနေသေးလဲ အခု ဘယ်လိုခံစားနေရလဲ?"
လျိုအန်းဟိုင် အိပ်ရာဘေးစားပွဲပေါ်မှာ စာအုပ်ဖတ်နေပေမယ့် သူ့ကိုပဲ အာရုံစိုက်လို့နေသည်။ သူမျက်လုံးဖွင့်လိုက်တာနဲ့ သူမ ချက်ချင်း စာအုပ်ကိုချကာ အိပ်ရာပေါ်လာထိုင်လိုက်သည်။ သူ့ခါးကိုဖက်လိုက်ပြီး သူ့အဖျားတွေမရှိတော့မှသာ သူမ သက်ပြင်းချလိုက်တော့သည်။
ဒါမဲ့ သူမျက်တောင်လေးခတ်ပြီး သူမကိုပဲ စိုက်ကြည့်နေတာမြင်တော့ သူမ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
ဟန်တင်းယွီ မျက်တောင်ခတ်ကာ သူမခါးကိုဖက်ပြီး သူမရဲ့ ဗိုက်အိအိလေးထဲခေါင်းနစ်ကာ တော်တော်ကြာမှ ခပ်ဖွဖွပြောလာသည်။ "ကိုယ်အိမ်မက်မက်လို့..."
"ဘာအိမ်မက်လဲ?"
သူ့မျက်လုံးတွေ နက်မှောင်နေကာ တစ်ခုခုကို ဖုံးကွယ်နေသလိုပင် တော်တော်ကြာမှ "မေ့သွားပြီ..." လို့ပြောပြီး သူမ ခါးကိုသာ ပိုတင်းတင်းဖက်လိုက်သည်။
သူမကိုတအားတင်းတင်းဖက်ထားလွန်းလို့ သူမ နာလာကာ သူ့ရဲ့ အနည်းငယ်စိုနေတဲ့ ဆံပင်ကြား လက်ချောင်းတွေထိုးသွင်းလိုက်ပြီး သူ့ကို ကြောင်ကြည့်ကာ "ဘာဖြစ်လို့လဲ ခုထိနေလို့မကောင်းသေးဘူးလား?"
"မဟုတ်ဘူး" ဟန်တင်းယွီက သူမကို အိပ်ရာထဲ ဆွဲကာ "ကိုယ်နဲ့ ခနလောက်တူတူနေပေး"
"ငါမှ မပင်ပန်းတာ..."
"နေပေးလို့" သူမကို တင်းတင်းဖက်ထားသည်။
သူနည်းနည်းထူးဆန်းနေသလို ခံစားရကာ နေမကောင်းတဲ့လူတွေက အလိုလိုက်ခံချင်တာကို သူမ သဘောပေါက်လိုက်သည်။ သူမလည်း စိတ်ပျော့သွားကာ နာခံစွာ လှဲပြီး နောက်ကနေ သူမကိုဖက်ခွင့်ပြုထားလိုက်သည်။ ဟန်တင်းယွီက သူမလက်ကို တင်းတင်းကိုင်ထားပြီး လက်ချောင်းတွေကိုလိမ်ထားလိုက်ကြသည်။
အစက လျိုအန်းဟိုင် မအိပ်ချင်ပေမယ့် လှဲလိုက်တာနဲ့ ငိုက်လာရော သူမလှည့်ကာ သူ့ရင်ခွင်ထဲပွတ်သပ်နေပြီး သက်သောင့်သက်သာအနေအထားရသွားမှ မျက်လုံးကိုဖြည်းဖြည်းချင်းမှိတ်လိုက်တော့သည်။
ဟန်တင်းယွီက သူမ ရဲ့ အသက်ရှုသံကို နားထောင်ရင်း တိုးတိုးလေး "အန်းဟိုင်..."
"အင်းးး...?"
သူ့နှုတ်ခမ်းကို သူမ နားနားကပ်ပြီး သူ့ပါးတွေနဲ့ သူမ မျက်နှာကို ပွတ်သပ်ကာ "ချစ်တယ်"
ပြီးတော့ သူမ အိပ်ပျော်သွားတော့သည်။ သူမကို သူ တင်းတင်းဖက်ကာ ဖြည်းဖြည်းချင်းမျက်လုံးမှိတ်လိုက်တော့သည်။
ဒီတစ်ခါတော့ သူ အခွင့်အရေးကို လွဲချော်ခံမှာမဟုတ်တော့
ဇာတ်သိမ်း....

Love me again!Where stories live. Discover now