အခန်း ၃
Lamborghini တစ်စီက လေလို လမ်းမှာလျှောက်နေတဲ့သူတွေကို ဖြတ်ကျော်လာခဲ့သည်။ အဲ့ဒါက ကောလိပ်တစ်ခုရှေ့မှာ ရပ်သွားတော့သည်။
ကျောင်းသားတွေက လျိုအန်းဟိုင် ထိုကားထဲကနေ ဒီဇိုင်းနာဝတ်စုံ ဒေါက်မြင့်ဖိနပ် အနက်ရောင်စီးပြီးထွက်လာတာကို အားကျစွာ ကြည့်နေကြသည်လေ
ကျောင်းသားတွေက လျိုအန်းဟိုင် အသက် ၂၁ မှာတင် ကမ္ဘာကြီးကို သူမ လက်ထဲ ထည့်ထားနိုင်တာကို အားကျနေကြသည်လေ သူမက သူမ အမေနဲ့ အဘိုးစီက အမွေရတာတွေကို အိုင်တီ စဦး ကုမ္ပဏီတွေမှာ မြုပ်နှံသည်လေ မီလီယံဒေါ်လာနဲ့ချီပြီး ကြီးထွားလာမှာတွေကိုပေါ့ လွန်ခဲ့တဲ့ နှစ် နှစ်က သူမ ကိုယ်ပိုင်လေယာဉ်တွေ ဇိမ်ခံသင်ဘေင်္ာတွေ ဝယ်ခဲ့သည်လေ ချမ်းသာတဲ့ဧည့်သည်တွေ ကမ္ဘာပတ်ဖို့ပေါ့ သူမ အလှနဲ့ အောင်မြင်မှုတွေက လူငယ်တော်တော်များများကို ဆွဲဆောင်နေပေမယ့် သူမက သူတို့ နှလုံးသားကို လွှင့်ပစ်နေသူပင်
လျိုအန်းဟိုင် စိတ်ရှည်မှုက ၃ မိနစ်သာခံသည်လေ
တစ်မိနစ်နေတော့ ကောင်ငယ်လေး ဟန်တင်းယွီကနေ အရပ်ရှည်ရှည် ကြည့်ကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းသွားတဲ့သူက ထူးဆန်းတဲ့အရှိန်အဝါတွေနဲ့ ထို အလှဘုရင်မလေးရှိရာကားကို လာလို့နေသည်လေ
ကောလိပ်ထဲမှာ အဲ့အထက်စီးဆန်တဲ့ ဟန်တင်းယွီက သူ့ကြည့်ကောင်းမှုနဲ့အပြုံးကို အိန်ဂျယ်အတွက်သာ ပြသသည်ဟု ကောလဟာလ ရှိသည်လေ ကျောင်းသူတွေက အိမ်ဂျယ်ကို မနာလိုပေမယ့် သူတို့ ဝန်ခံရမှာက ဟန်တင်းယွီနဲ့ထိုအိန်ဂျယ်က ဆွဲဆောင်မှုရှိတဲ့ စုံတွဲဆိုတာကိုပင်
အမှန်တရားကတော့ အိန်ဂျယ်က ဟန်တင်းယွီကို ဝန်ခံလိုက်ပေမယ့် သူက သူမကို ငြင်းထားတာပင် သူမက အလျှော့မပေး ဘာလို့လဲဆိုတော့ သူ သူမကို အနှေးနဲ့အမြန် သဘောကျလာမယ်လို့ယုံကြည်လို့ပင်
ဟန်တင်းယွီက အိန်ဂျယ်နဲ့ ဒိတ်နေတယ်ဆိုတဲ့ ကောလဟာလကို ပပျောက်အောင် မလုပ် ဘာလို့လဲဆိုတော့ထိုမှသာ သူနားအေးမှာမို့ပင်
"ဟန် အဲ့ဒါ နင့်အစ်မကြီးမလား?" အိန်ဂျယ်က မေးသည် ဟန်တင်းယွီ လက်ကိုကိုင်ပြီးတော့
ကျောင်းသားတွေက လျိုအန်းဟိုင်နဲ့ သူမမိထွေးရဲ့မွေးစားသားနဲ့ပက်သက်ပြီး သိချင်ကြသည်လေ သူတို့က ပြိုင်ဘက်တွေလား ဒါမှမဟုတ် ရင်းနှီးကြတာလား ဆိုတာကိုပေါ့
အိန်ဂျယ်က ဟန်တင်းယွီ ပထမဆုံးအကြိမ် သူမလက်ကို ဖယ်ချလိုက်လို့ ရှက်သွားတော့သည်။
"သူမက ငါ့အစ်မကြီး မဟုတ်ဘူး" ဟန်တင်းယွီပြောလိုက်သည်။
ဟန်တင်းယွီ အိန်ဂျယ်ကိုထားခဲ့ပြီး တစ်ချက်တောင် နောက်ပြန်မကြည့်ဘဲ ထိုကားစီကိုလျှောက်သွားတော့သည်။
လျိုအန်းဟိုင်က ဟန်တင်းယွီ သူမ ကားပေါ်ထိုင်လိုက်တာနဲ့ တန်းပြီးမောင်းထွက်သွားတော့သည်။ ဂိတ်မှာရပ်နေတဲ့ အိန်ဂျယ်ကိုနောက်ကြည့်မှန်ကနေ တချက်ကြည့်လိုက်သည် ပြီးတော့ အိန်ဂျယ်ရဲ့အလှက ဟန်တင်းယွီ အာရုံစိုက်မှုကိုရဖို့ မလုံလောက်သေးဘူးဆိုတာကိုလည်း သဘောပေါက်လိုက်သည်လေ
ဟန်တင်းယွီက လျိုအန်းဟိုင် သူ အိန်ဂျယ်နဲ့ တူတူရှိနေတာကို ဘာတုံံပြန်မှုမှမလာတာမြင်တော့ စိတ်ပျက်သွားမိသည်။
မီးနီတော့ လျိုအန်းဟိုင် ဆေးလိပ်ဘူးထုတ်လိုက်ချိန် ဟန်တင်းယွီ မျက်မှောင်ကြုတ်လိုက်တော့သည်။
"ကောင်လေး နင့်ကောင်မလေးက ကိုယ်လုံး ကိုယ်ပေါက် မိုက်တယ်" လျိုအန်းဟိုင် အေးစက်စွာပြုံးကာ ပြောလိုက်သည်။
"မီးနဲ့မကစားနဲ့ ငါ မီဒီယာတွေကို မိထွေးသားက ဆက်ခံသူလေးတစ်ယောက်နဲ့ ဒိတ်နေတယ်လို့ သတင်းမလွှင့်ချင်ဘူး ဒါမဲ့ နင် နင့်အမေ ခြေလှမ်းအတိုင်း လိုက်ချင်တယ်ဆိုရင်တော့ ရွှေသွားတူးပေါ့"
သူက သူမ ဆေးလိပ်ဘူးကိုယူပြီး အလယ်ကလက်အိတ်ထည့်တဲ့ အကန့်ထဲ ပစ်ထည့်လိုက်သည်။
"မင်း အဝတ်စားကနေ ဆေးလိပ်နံ့ရရင် ဦးလေးလျို မပျော်ဘဲနေလိမ့်မယ်" သူပြောလိုက်သည်။
သူမပြောတာတွေ သူအဖတ်မလုပ်ပေ သူမနဲ့နှစ်ပေါင်းများစွာနေလာတော့ သူမက အရင်ရန်လာလာစပြီးရင် သူမပဲ စိတ်တိုပြီးအဆုံးသတ်ရစမြဲဆိုတာကို သူသဘောပေါက်လာပြီပင် နှစ်ပေါင်းများစွာကြာတာတောင် သူနဲ့ သူ့မွေးစားအမေ ပေါ်ထားတဲ့ သူ့အမုန်းတွေကို တစက်ကလေးမှ ဖုံးကွယ်မထားခဲ့
သူမ စော်ကားတာကို သူ စိတ်မတိုလို့ သူမ စိတ်တိုရပြန်သည်။
"ငါ့ကိစ္စထဲ ဝင်မပါနဲ့" သူမပြောပြီး ဆေးလိပ်ဘူးကိုထပ်ယူပြန်သည်။ "နင် ငါ့အဖေရှေ့မှာ လူကောင်းတစ်ယောက်လို သရုပ်ဆောင်ဖို့ပဲ စိတ်ပူ"
"ဒီနေ့က ဦးလေးလျိုမွေးနေ့" သူပြောလိုက်ပြီး "နင် သူ့ကို သူ့မွေးနေ့မှာ စိတ်တိုစေချင်တာလား?"
သူမအဖေ မွေးနေ့ကြောင့်သာ သူမ ပိုင်တဲ့ စားသောက်ဆိုင်မှာ သူမအဖေ မေဖန်း ဟန်တင်းယွီနဲ့အတူ တူတူညစာစားဖို့ သဘောတူလိုက်တာပင်
နှစ်ပေါင်းများစွာ ကြာလာတာတောင် သူမနဲ့ သူမအဖေဆက်ဆံရေးက သည်းခံနိုင်စရာအခြေအနေ တစ်ခုမှာရှိနေသေးသည် သူမအဖေ သူမ သေပြီးနောက်ပိုင်း ငိုနေတဲ့ပုံရိပ်ကိုတွေးမိတိုင်း သူမ အဖေဆူသမျှကို သူမ ဘာမှခံမပြောခဲ့
သူမ ဆေးလိပ်ဘူးကို ချကာ ဟန်တင်းယွီနဲ့ ထူးမခြားနားစွာချေမိုးနေတဲ့မျက်နှာကိုကြည့်လိုက်သည်။
"နင်ပါးစပ်ဟလိုက်တိုင်း ဦးလေးလျိုက မပါမဖြစ်ဘဲ" သူမပြောလိုက်သည်။ "နင်ယောကျာ်းလေးဖြစ်နေတာ ဆိုးတာပဲ မိန်းကလေးသာဆို ငါ့အဖေအိပ်ရာထဲ ခုန်ဝင်လိုက်ရုံပဲ ပြီးရင် ကမ္ဘာကြီးက နင့်အပိုင်ပဲ နင့်အမေကလည်း သူ့ရဲ့ တောက်ပတဲ့ဥပမာနောက်ကို လိုက်နိုင်လို့ နင့်ကိုဂုဏ်ယူနေမှာ"
"မီးစိမ်းပြီ" သူပြောပြီး ခုံကိုမှီကာ မျက်လုံးမှိတ်ထားလိုက်သည်။
သူ့ရဲ့တည်ငြိမ်မှုက သူမကိုပိုစိတ်တိုအောင် လောင်စာ ထည့်လိုက်သလိုပင် သူမ သူ့နောက်ဆုံးနေ့မှာ သူမပုံကိုကိုင်ပြီး ပူဆွေးနေတဲ့ လူအဖြစ်ပြောင်းသွားမှာကို သူမကြောက်သည်လေ
"ဘာဖြစ်လို့လဲ?" သူမေးလိုက်သည်။
သူမျက်လုံးဖွင့်လိုက်တာက ဘာလို့လဲဆိုတော့ သူမက သာမန် စိတ်တအားတိုလာတိုင်း သူ့ကိုကန်တာမျိုး မလုပ်လို့ပင် သူမရဲ့ ပုံမှန်တည်ငြိမ်နေတဲ့မျက်လုံးတွေထဲမှာ စိုးရိမ်နေမှုတွေကို တွေ့လိုက်ရလို့ သူအံဩသွားတော့သည်။ စိုးရိမ်တာ? သူ သိတဲ့လျိုအန်းဟိုင်က သန်မာပြီး လွတ်လပ်တယ် သူမ ဘဝမှာ စိုးရိမ်မှုဆိုတာအတွက် အခန်းမရှိဘူး သူမ မျက်လုံးထဲက ထိုအကြည့်တွေက သူအကြည့်မှားတာနေမည်။
နောက်ပိုင်း လျိုကြယ်ငါးပွင့် ဟိုတယ်မှာ လျိုအန်းဟိုင်နဲ့ ဟန်တင်းယွီတို့ တူတူ ဟိုတယ်စားသောက်ဆိုင်ကိုလျှောက်လာခဲ့ကြသည်။
လျိုအန်းဟိုင်က ဟိုတယ်နဲ့စားသောက်ဆိုင်ကို ဒီဇိုင်းဆွဲထားတာပင် ဒါက သူမရဲ့ ဘာသာ အကုန်ရှာထားတာပင် အသေးစိတ်ကို အာရုံစိုက်ပြီး လျိုဟိုတယ်ကို နာမည်ကြီးနိုင်ငံတကာဇိမ်ခံဟိုတယ်အဖြစ် ပြောင်းလဲထားတာပင် ဒါမဲ့ သူမ အလုပ်ကြိုးစားမှုက သူမအဖေ အသိအမှတ်ပြုတာမခံရ သူမ အဖေမျက်လုံးထဲမှာ သူမက ဟန်တင်းယီ ခြေဖျားတောင်မမှီပေ
ဒုတိယဘဝမှာတော့ သူမ လျိုကုမ္ပဏီရဲ့စီအီးအိုနေရာကို ပြိုင်မတိုက်ခိုက်တော့ ထိုအစား သူမ ကိုယ်ပိုင် ဘဝမှာနေထိုင်ဖို့သာ ရွေးချယ်ခဲ့တာ ဘာလို့လဲဆိုတော့ တိုက်ခိုက်ရတာ ပင်ပန်းသည်လေ သူမ မှတ်မိသလောက် သူမရဲ့ ပထမဘဝ ၂၄ နှစ်လောက်မှာ သူမ လျိုကုမ္ပဏီအတွက် တခြားကုမ္ပဏီခွဲများစွာ ဖွင့်နိုင်သည်ထိ တိုးတက်အောင်လုပ်ပေးခဲ့သည်လေ ဒါမဲ့ သူမ အဖေက အသက် ၂၀ အရွယ် ဟန်တင်းယွီကို သူမထက် ရာထူးအမြင့်ကိုပေးခဲ့သည်လေ သူမက ဒုတိယဘဝမှာ သူမရဲ့စီအီးအိုရာထူးကိုမတိုက်ခိုင်တော့တောင် သူမ ဟန်တင်းယွီ ဘုတ်အဖွဲ့ဝင်တွေကို သူ့ဘက်ပါအောင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့မြင်ချင်ပါသေးသည်။
ဟန်တင်းယွီလည်း လျိုအန်းဟိုင်လို စိတ်အချဉ်ပေါက်နေတာပင် သူ့အတန်းဖော်ပြတဲ့ မဂ္ဂဇင်းကာဗာကိုမှတ်မိသေးသည်။ ကာဗာပုံတွေထဲမှာ လျိုအန်းဟိုင်က ချမ်းသာတဲ့ ဆက်ခံသူ Mr.ဟန်တာ လက်ထဲမှာ ဆွဲဆောင်မှုရှိစွာပြုံးနေတာပင် သူကျတော့ လျိုအန်းဟိုင်စီကနေ အထင်သေးတာနဲ့ ရွံရှာတဲ့ အပြုံးတွေသာ ရရှိသည်လေ
"ဘာလို့ ငါ့ကိုစိုက်ကြည့်နေတာလဲ?" သူမမေးလိုက်သည်။
သူက အဲ့မဂ္ဂဇင်းတွေကို စိတ်ရောက်နေလို့ လျိုအန်းဟိုင်ကို သူစိုက်ကြည့်နေမိမှန်းတောင် မသိလိုက်
"နင်သာ ငါ့ကိုကြည့်မနေရင် ငါနင့်ကိုကြည့်နေတာကိုဘယ်လိုလုပ်သိမှာလဲ?" သူမေးလိုက်သည်။
စားပွဲထိုးတစ်ယောက်က လျိုအန်းဟိုင်နဲ့ ဟန်တင်းယွီကြားက လေထုကို ဝင်ရောက်နှောင့်ယှက်လာသည်။
"မမလေးလျို လူကြီးမင်းဟန် ကြိုဆိုပါတယ်" ထိုစားပွဲထိုးက နှုတ်ဆက်လိုက်သည်။ "Mr.နဲ့ Mrs.လျိုကတော့ မမလေးလျို မှာထားတဲ့စားပွဲမှာ စောင့်နေပါပြီ"
လျိုချန်းဟိုင်က သူ့သမီးကိုမြင်လို့ ပျော်သွားပေမယ့် သူ့သမီးရဲ့ သုန်မှုန်နေတဲ့မျက်နှာက သူ့ရဲ့ပျော်ရွှင်နေတဲ့ စိတ်ကိုဖျက်စီးလိုက်သည်လေ
"အန်းဟိုင်" လျိုချန်းဟိုင်ပြောလိုက်ပေမယ့် မေဖန်းက သူ့ရှပ်လက်ကို ဆွဲလိုက်သည်လေ
လျိုချန်းဟိုင် ဆုံးမချင်နေတာကို ပြန်မျိုချလိုက်ရသည်။
"Mr.လျို အဓိကဟင်းလျာကိုချရတော့မလား?" စားပွဲထိုးကမေးလိုက်သည်။
လျိုချန်းဟိုင် ခေါင်းငြိမ့်ပြလိုက်တော့ စားပွဲထိုး မီးဖိုချောင်ကိုလျှောက်သွားတော့သည်။
လျိုအန်းဟိုင်နဲ့ ဟန်တင်းယွီက မျက်နှာချင်းဆိုင်မှာထိုင်ပြီးမေဖန်းက ဟင်းခပ်ထည့်ပေးလာသည်။
"အန်းဟိုင် အစာအိမ်အတွက် ဆေးစွတ်ပြုတ်သောက်" မေဖန်းက ပြောသည်။
လျိုအန်းဟိုင် မေဖန်းစီကနေ စွတ်ပြုတ်ကိုတည်ငြိမ်စွာလက်ခံလိုက်သည်။
"အန်းဟိုင် နင့်အပြုအမူက ဘာလဲ? ကျေးဇူးတင်ပါတယ်ပြောရင်သေသွားမှာလား?" လျိုချန်းဟိုင်မေးလာတော့သည်။
လျိုအန်းဟိုင်က သူမစွတ်ပြုတ်ကိုသာ တိတ်တိတ်လေးစားလို့နေသည်။ သူမအဖေနဲ့ ရန်မဖြစ်ချင်ပေ
"ချန်းဟိုင် ဘာမှဖြစ်ပါဘူး" မေဖန်းက ဆိုကာ "ကျွန်မတို့က မိသားစုတွေလေ ရှောင်ယွီ သားလည်း စွတ်ပြုတ်သောက်သင့်တယ်"
"အမေ သားကိုစိတ်မပူနဲ့ သားဘာသာသားခပ်ထည့်လိုက်မယ်" ဟန်တင်းယွီကပြောပြီး လျိုချန်းဟိုင်ကို လက်ဆောင်တစ်ခုပေးကာ "မွေးနေ့မှာပျော်ရွှင်ပါစေ ဦးလေးလျို လက်ဆောင်သေးသေးလေးပါ"
"မပေးလည်းရပါတယ်ကွယ်" လျိုချန်းဟိုင်ပြောပြီး ဖွင့်ကြည့်လိုက်တော့ "ကျောက်စိမ်းလက်ပတ်အတွဲလေးက လှသားပဲ"
"ဦးလေးလျို ဒီလက်ပတ်က အမေနဲ့ ဦးလေးနဲ့လိုက်မှာ" ဟန်တင်းယွီ ပြောလိုက်သည်။
"ရှောင်ယွီ ဒီလိုဈေးကြီးတဲ့လက်ဆောင်ဝယ်ဖို့ ဘယ်က ပိုက်ဆံရလဲ?" မေဖန်းမေးလိုက်သည်။
"အလုပ်" ဟန်တင်းယွီ ဝေ့လည်ကြောင်ပတ်နဲ့ပြောလိုက်သည်။
သူ့မွေးစားအမေက သူ့ရဲ့ ရှယ်ယာတွေ အရောင်းအဝယ်လုပ်တာနဲ့ပက်သက်ပြီး ခွင့်ပြုမှာ မဟုတ်မှန်း သူသိသည်လေ
"အလုပ်?" မေဖန်းက ဆက်ကာ "ဘယ်မှာအလုပ်လုပ်နေတာလဲ စာကိုအာရုံစိုက်သင့်တာ"
"မေဖန်း ရှောင်ယွီ လုပ်ပါစေ" လျိုချန်းးဟိုင်က "သူက ညဏ်ကောင်းတာပဲ သူ့ဘဝ သူနေပါစေ"
လျိုချန်းဟိုင် ဟန်တင်းယွီ ရှယ်ယာတွဝယ်တာကို ခွင့်ပြုထားသည်လေ
"လက်ပတ်ဝတ်ပေးမယ်" လျိုချန်းဟိုင်က ဆိုသည်။
"ချန်းဟိုင် ရှင် ရှောင်ယွီကို တအားအလိုလိုက်တာပဲ" မေဖန်းကပြောလာသည်။
လျိုချန်းဟိုင်နဲ့ ဟန်တင်းယွီ အပြုံးတွေက ထင်းလို့
လျိုအန်းဟိုင် စတုတ္ထဘီးလို ခံစားနေရသည်လေ သူမ အမြန်ညစာစားပြီး ထွက်သွားချင်ပြီ
"အန်းဟိုင် စတိတ်ခ်စားကြည့် အရသာရှိတယ်" မေဖန်းက ပြောသည်။
လျိုအန်းဟိုင် သူမ ပန်းကန်ထဲ မေဖန်းထည့်ပေးတဲ့ စတိတ်ခ်ကိုကြည့်ပြီး သူမ အဖေရဲ့ မျက်မှောင်ကြုတ်ကြည့်နေတာကို သတိထားမိလိုက်သည်။ ထို့နောက် သူမ ဟင်းသီးဟင်းရွက်တွေကိုယူလိုက်သည်။
"ဟင်းသီးဟင်းရွက်တွေ စားခွင့်မရှိဘူးလား?" သူမမေးလိုက်သည်။
မေဖန်း လျိုချန်းဟိုင် လက်ကိုကိုင်လိုက်သည်။
"အန်းဟိုင် များများစား သမီး ဝိတ်တအားကျသွားတယ်" မေဖန်းက ပြောလာသည်။
လျိုချန်းဟိုင် သူ သူ့သမီးငယ်ငယ်က လျိုကုမ္ပဏီကိုပဲ အာရုံထားနေပြီးး သူ့သမီးကိုအချိန်မပေးခဲ့တာကို နောင်တရသည်လေ သူနဲ့သူ့ရဲ့ရင့်ကျက်တဲ့သမီးကြားက အကွာအဝေးကို သူမုန်းသည်လေ ဒါမဲ့ သူ ဘယ်လိုရင်းနှီးတဲ့ဆက်ဆံရေးထူထောင်ရမလဲလည်း မသိ သူ့သမီးက မေဖန်းနဲ့ ဟန်တင်းယွီကို မလေးစားလို့ သူဝမ်းနည်းရပေမယ့် သူ့သမီးရဲ့အောင်မြင်မှုတွေကိုတော့ သူဂုဏ်ယူရဆဲပင် ပြီးတော့ သူ့သူငယ်ချင်းတွေ ဧည့်သည်တွေကိုလည်းကြွားနေကျ
"အန်းဟိုင် သမီး ဟန်တာနဲ့ တွဲနေတယ်ဆို" လျိုချန်းဟိုင်က ဆိုသည်။
သူမအဖေက သူမကိုယ်ပိုင်ဘဝကို စိတ်ဝင်စားနေလို့ လျိုအန်းဟိုင်အံဩသွားမိသည်။
"ဒီနေ့ ငါဟန်တာအဖေစီက ဖုန်းရခဲ့တယ် သူပြောတာက ဟန်တာက ညည်းကိုလက်ထပ်ချင်လို့တဲ့ ညည်းနဲ့ဟန်တာအတွက်စေ့စပ်ပွဲ ပြင်ပေးချင်လား?"
"စေ့စပ်ပွဲ?" မေဖန်းမေးလာသည်။ "အန်းဟိုင်က လက်ထပ်ဖို့တအားငယ်သေးတယ် ချန်းဟိုင် ဟန်တာက အန်းဟိုင်ပေါ်ထားတဲ့ခံစားချက်က စစ်မှန် မမှန်ကော ရှင်သိလို့လား?"
"ငါကြားတာ ဟန်တာက အန်းဟိုင်ကို တကယ်ချစ်တာတဲ့လေ အန်းဟိုင် ညည်းကော ဟန်တာကိုဘယ်လိုသဘောရလဲ?"
လျိုအန်းဟိုင် သူမ ဖုန်းကို ထုတ်ပြီး ဟန်တာကိုခေါ်လိုက်သည်။ "ဟန်တာ ကျွန်မတို့ လမ်းခွဲရအောင် ရှင် ကျွန်မတို့ဆက်ဆံရေးကို အတည်မယူသင့်ဘူး ဒီတိုင်းအပျော်တွဲတာဆိုတာ ရှင်နားလည်မယ်ထင်နေတာ ဘိုင့်" သူမ ဖုန်းကို အိတ်ထဲပြန်ထည့်ကာ သူမ အဖေကို တည်ငြိမ်စွာကြည့်လိုက်သည်။
"ဘာသိချင်သေးလဲ?"
"အန်းဟိုင်!" လျိုချန်းဟိုင် ခေါ်လိုက်သည် "နင်ယောကျ်ားတွေ ဘယ်လောက်များများကို အရုပ်လိုကစားနေမှာလဲ နင်ဘယ်တော့မှ အခြေကျဖို့ စဉ်းစားမှာလဲ?"
လျိုအန်းဟိုင် ပုခုံးတွန့်ကာ "သမီးက လက်ထပ်ပြီး အဖေ့လိုဖောက်ပြန်ဖို့ပြောနေတာလား?"
လျိုအန်းဟိုင် လျှာကိုက်ထားလိုက်သည်။ သူမ အဖေကို ဝမ်းနည်းအောင်ပြောလိုက်မိတာမို့ နောင်တရသွားတော့သည်။
"သွားသင့်ပြီ" လျိုအန်းဟိုင်ပြောပြီး ထရပ်ကာ "ဆက်နေရင် ပျော်နေတာကိုဖျက်ဆီးမိတာပဲရှိမှာ"
လျိုအန်းဟိုင် သူမ အိတ်ထဲက လက်ဆောင်ဘူးတစ်ခုကိုထုတ်ပြီး သူမ အဖေကိုပေးလိုက်သည်။ သူမက ကျောက်စိမ်းဆေးတံ ကို ဝယ်လာတာပင် သူမ အဖေက ဆေးလိပ်မသောက်ပေမယ့် အနုပညာလက်ရာတွေစုရတာကြိုက်ပြီးတော့ အဲ့လို ဆေးတံတွေက သူ့စုဆောင်းမှုထဲ အများဆုံးပါဝင်သည်လေ
"မွေးနေ့မှာပျော်ရွှင်ပါစေ" လျိုအန်းဟိုင်ပြောပြီး ဗီအိုင်ပီ အခန်းကနေ ထွက်လာတော့သည်။
လျိုချန်းဟိုင် သူ စိတ်မထိန်းနိုင်မိတာကို နောင်တရသွားတော့သည်။ လက်ဆောင်ဘူးကိုဖွင့်ပြီး လေးလံနေတဲ့စိတ်တွေနဲ့ သူ့သမီးပေးတဲ့ ကျောက်စိမ်းဆေးတံကို ကြည့်နေမိသည်။
"ချန်းဟိုင် အန်းဟိုင်ကို စိတ်မတိုပါနဲ့ သူရှင့်ကိုပေးထားတဲ့ ကျောက်စိမ်းဆေးတံကို ကြည့်ပါဦး ရှင် အကြိုက်ဆုံး ဆေးတံ စုဆောင်းမှုထဲ ထည့်လို့ရပြီလေ"
ဟန်တင်းယွီ လျိုအန်းဟိုင်ရဲ့ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ စားပွဲကို ပြန်လှည့်ကြည့်လိုက်တော့ သူ့မွေးစားအမေက ခေါင်းငြိမ့်ပြတာနဲ့ သူလည်း အမြန် လျိုအန်းဟိုင်နောက်က လိုက်သွားတော့သည်။