အခန်း ၉
တလျှောက်လုံး လျိုချန်းဟိုင် သူ့သမီးလေးအပေါ် အပြစ်ရှိသလို ခံစားနေခဲ့ရတာပင် သူက သူမ အပေါ် အဖေကောင်းတစ်ယောက်မဟုတ်သလို လျိုအန်းဟိုင်ရင်ထဲမှာလည်း သူမ အမေပေါ် သူလုပ်ခဲ့တာတွေနဲ့ပက်သက်ပြီး အပြစ်တင်နေမယ်ဆိုတာကိုလည်း သိသည် သူ့မိန်းမ ဆေလီ ပင်
မှားတဲ့သူက သူဆိုတာကို လျိုချန်းဟိုင် သိသလို သူ့မိန်းမ အတွက်လည်း သူစိတ်မကောင်း သူနဲ့ဆေလီကြားမှာက စီးပွားရေးအရ လက်ထပ်တာမျိုးပဲရှိခဲ့တာပင် သူက ဆေလီကိုမချစ်သလို ဆေလီနဲ့မတွေ့ခင်ကတည်းက မေဖန်းနဲ့တွေ့ခဲ့တာပင် အဲ့တုန်းက သူနဲ့မေဖန်းက နှစ်ပေါင်းများစွာ တူတူရှိလာခဲ့သလို သူလည်းမေဖန်းကို လက်ထပ်ဖို့စီစဉ်ပြီးသား
အဲ့တုန်းက လျိုကော်ပိုရေးရှင်းက မြုပ်နှံမှုတစ်ခုကြောင့် ငွေတွေဆုံးရှုံးပြီး စီးပွားပျက်တော့မှာမို့ သူ့အဖေက သူ့ကို ဟန့်မိသားစုရဲ့ သမီးနဲ့လက်ထပ်ဖို့ ပြောသလို သူ့အမေကပါတောင်းပန်ခဲ့တာပင် သူက ဆင်းရဲလည်း ကိစ္စမရှိသလို သခင်လေးဆိုတဲ့ ဂုဏ်ကိုလည်းစွန့်လွှတ်နိုင်ပေမယ့် သူ့မိဘတွေကိုတော့ အကုန်လုံးမဆုံးရှုံးစေချင်ခဲ့
သူလည်း ကူကယ်ရာမဲ့စွာ မေဖန်းနဲ့လမ်းခွဲပြီး သူ့အဖေဆန္ဒအတိုင်း ဆေလီကိုလက်ထပ်ခဲ့သည်လေ
သူက သူ့မိန်းမ ဆေလီအတွက် ယောကျ်ားကောင်းတစ်ယောက်ဖြစ်ပေးခဲ့သည်။ အစောပိုင်း နှစ်အချို့လက်ထပ်ပြီးချိန်မှာ သူ လျိုကော်ပိုရေးရှင်းကို ကယ်တင်ဖို့ အလုပ်ကြိုးစားခဲ့သည်လေ နေ့တိုင်း သူအလုပ်များခဲ့ပြီး သူ့မိန်းမ ကုမ္ပဏီကို ထိန်းသိမ်းဖို့ အချိန်မရှိခဲ့
တနည်းနည်းနဲ့ သူမက သူ့အရင်ကောင်မလေးနဲ့ဆက်ဆံရေးကို သိသွားခဲ့ပြီး ဆေလီက တအား ထိရှလွယ်လာသလို သံသဃတွေများလာခဲ့တာ ရလဒ်ကတော့ သူ့ကို ဒုက္ခပေးတော့တာပဲ နေ့တိုင်း သူ့အလုပ်တွေပိရာကနေ ပြန်လာချိန် ဆေလီရဲ့အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ရတော့ သူပိုပြီး ပင်ပန်းလာတော့သည်လေ
နောက်ပိုင်း သူမေဖန်းနဲ့ပြန်တွေ့ခဲ့သည်။ မေဖန်းက သူမကလေးနဲ့ တူတူ နေထိုင်ကာ ပိုက်ဆံရဖို့ စားသောက်ဆိုင် သေးသေးလေးတစ်ခုမှာပန်းကန်ဆေးရသည်လေ သူတို့က သိပြီးသားတွေဖြစ်သလို သူက သူမကိုထားခဲ့သူမို့ သူစိတ်မကောင်းဖြစ်သလို သူမကိုကူညီဖို့ ရှေ့ထွက်ခဲ့သည်။
သူနဲ့ မေဖန်းမကြာခန တွေ့ဖြစ်ခဲ့ကြသလို မေဖန်းရဲ့ သိမ်မွေ့မှု တွေးပေးတတ်မှုတွေ စရိုက်တွေက သူတို့အရင်ဆက်ဆံရေးကို ပြန်သတိရစေခဲ့သည်။ သူအိမ်ပြန်ရောက်ရင် သူ့မိန်းမရဲ့ အပြစ်တင်မှုတွေ နားပူတာတွေခံရတော့ သူ့စိတ်က မေဖန်းဆီ ပြန်လှည့်လာတော့သည်။
လျိုချန်းဟိုင် သူက တကိုယ်ကောင်းဆန်ပြီး ဆေလီရဲ့ဆက်တိုက်နားပူမှုတွေကြောင့် သူမအပေါ်ထားတဲ့နွေးထွေးမှုတွေ ပျောက်ဆုံးသွားတာကို ဝန်ခံပါသည်။ ကွာရှင်းဖို့တောင်းဆိုခဲ့ပေမယ့် ဆေလီငြင်းတာခံခဲ့ရသည်လေ သူတို့က နှစ်ပေါင်းများစွာ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေမှာပဲ ရပ်တန့်နေခဲ့ပြီးတော့ ဆေလီသေသွားတဲ့အထိပင်
သူမသေပြီးချက်ချင်းဆိုသလို သူမေဖန်းနဲ့လက်ထပ်ခဲ့သည်။ ဒီနှစ်တွေမှာ သူ သူ့သမီးကိုလျစ်လျုရှုထားမိတာ လျိုအန်းဟိုင်ကို သူ့ဇနီးက ဘာတွေပြောထားလဲမသိပေမယ့် သူ့သမီးက သူနဲ့တစ်ခါမှမရင်းနှီးခဲ့ သူအိမ်ပြန်ရောက်တိုင်း သူက သူ့မိန်းမနဲ့ရန်ဖြစ်ပြီး အိမ်က ပြန်ထွက်သွားနေကြ
အချိန်တွေကြာလာတော့ အဖေနဲ့ သမီးဆက်ဆံရေးက ပိုမိုဝေးကွာလာခဲ့သည် လျိုအန်းဟိုင်ကလည်း သူ့ကိုနားမလည်ခဲ့သလို သူကလည်း အတိတ်နဲ့ပက်သက်ပြီး သူမကိုဘာမှမရှင်းပြဖူးခဲ့
သူက အမြဲခေါင်းမာသလို မျက်နှာလည်းလိုချင်သည်လေ သူထင်တာက သူ့သမီးကို ဘာမှရှင်းပြစရာမလိုဘူးပေါ့ သူ့သမီးက အတိတ်က အရာတွေသိလည်း ဘာအဓိပ္ပာယ်မှမရှိတာမို့ ပြောပြမနေဘူး သူ့အတွက်တော့ သမီးနဲ့အဖေကြား အငြင်းပွားတာ သာမန်ပဲ တကယ်လို့ သူအခြေအနေကိုပြောင်းချင်ရင်တောင် ဘယ်လိုလုပ်ရမလဲမသိဘူး
လျိုအန်းဟိုင်နဲ့ယှဉ်ရင် သူ့ရဲ့ မယားပါသား ဟန်တင်းယွီက အမြဲ နာခံသလို ထူးချွန်တယ် သူ့အမေလိုပဲ လျိုချန်းဟိုင် သူ့ကို သူ့ရဲ့သားအရင်းလို ဆက်ဆံသလို သူ့သမီးသာ ဟန်တင်းယွီ တဝက်လောက် သိတတ်ရင် သူကျေနပ်ပြီပင်
ဒါမဲ့ လျိုချန်းဟိုင် သူရဲ့ထို အမြဲနာခံတတ်တဲ့ သားက အဲ့လိုအရာမျိုး လုပ်လိမ်မယ့်လို့ မထင်ထား
သူတို့ကို တူတူမြင်လိုက်တော့ လျိုချန်းဟိုင် မေ့လဲသွားကာ သူနိုးလာတော့ ဆေးရုံရောက်နေပြီပင်
"ဦးလေးလျို နိုးပြီပဲ ဘယ်လိုနေသေးလဲ?" ဟန်တင်းယွီက ချက်ချင်း ထလာကာ အိပ်ရာဘေးလာရပ်သည်။
လျိုချန်းဟိုင် ခုနက မြင်ကွင်းကိုပြန်သတိရပြီး အသက်ရှုသံမြန်လာတော့ ဟန်တင်းယွီက ချက်ချင်း သူ့ကျောကိုပုတ်ပေးလာတော့သည်။
"ဦးလေးလျို တအားစိတ်မလှုပ်ရှားနဲ့ မဟုတ်ရင် ထပ်သွေးတိုးလာဦးမယ် ခန္ဓာကိုယ်အတွက်မကောင်းဘူး" လျိုအန်းဟိုင်နဲ့ သူ့ ကိစ္စက ဦးလေးလျို လို ခေါင်းမာတဲ့ လူအတွက် ကြီးမားတဲ့ သက်ရောက်မှုတစ်ခုဖြစ်သွားမည်ဆိုတာ သူသိသည် ဒိကိစ္စကို သူအလွယ်တကူလက်ခံမှာမဟုတ်
ခုနက မြင်ကွင်းကို ဦးလေးလျို မြင်သွားတာတွေးမိပြီး သူရှက်တောင် ရှက်သွားမိသည်။
အဲ့ချိန် လျိုချန်းဟိုင်နဲ့ မေဖန်းက ဓာတ်လှေကားတံခါးနားမှာ ရပ်နေကြပြီး သူတို့ကိုမြင်တော့ သူနဲ့လျိုအန်းဟိုင် လန့်သွားကြတာပင်
လျိုအန်းဟိုင်က သူ့ပေါ်ကနေ အမြန်ဆင်းကာ ကြမ်းပြင်ပေါ်က အိပ်ရာခင်းကိုကောက်ပြီး တစ်ခုခုပြောမလို့ရှိသေး လျိုချန်းဟိုင် မေ့လဲသွားတာပင် လူတိုင်းလန့်သွားပြီး လျိုချန်းဟိုင်ကို ဆေးရုံအမြန် ပို့ရတော့တာပဲ
"ငါ့ကိုပြော ဒီကိစ္စက ဘယ်ကတည်းကလဲ?" လျိုချန်းဟိုင် မေးခွန်းထုတ်လာတော့သည်။ ဟန်တင်းယွီ ခနလောက်တွေးပြီးမှ သူနဲ့လျိုအန်းဟိုင် သူတို့ဆက်ဆံရေးကို အတည်ပြုလိုက်တဲ့အချိန်ကိုပြောပြလိုက်သည်။
"မနေ့ကပါ"
"မနေ့က?!" လျိုချန်းဟိုင်ကြောင်သွားကာ "အာ့ဆို သိပ်မကြာသေးဘူးပဲ မင်းတို့နှစ်ယောက် လမ်းခွဲလိုက်တော့"
"မရဘူး....တောင်းပန်ပါတယ် ဦးလေးလျို ကျွန်တော်မလုပ်နိုင်ဘူး" ဟန်တင်းယွီက ခိုင်မာစွာ ငြင်းလာသည်။ သူက လျိုချန်းဟိုင် မျက်လုံးထဲ တည့်တည့်ကြည့်ပြီး လေးနက်စွာ "ဦးလေးလျို ကျွန်တော်လျိုအန်းဟိုင်နဲ့ လမ်းမခွဲနိုင်ဘူး သူမနဲ့တူတူရှိချင်တာ"
"အပိုတွေ!" လျိုချန်းဟိုင် အော်တော့သည်။ "မင်းတို့နှစ်ယောက်က မောင်နှမတွေလေ! !"
"မဟုတ်ဘူး" သူ လျိုအန်းဟိုင်ကို သူ့အစ်မလို့ တစ်ခါမှမတွေးဖူးပင် "ကျွန်တော်နဲ့ လျိုအန်းဟိုင်က ဘာသွေးသားမှမတော်စပ်ဘူး"
"ဒါမဲ့ မင်းနဲ့ သူက အမည်ခံအရ မောင်နှမပဲ ဒါကို ဟာသထင်နေတာလား? မနေ့ညက ကပွဲမှာ ဖြစ်ခဲ့တာတွေက သတင်းမှာတက်လာလို့ လူတိုင်းက မင်းတို့ဆက်ဆံရေးကို သံသဃဝင်နေကြပြီ!"
လျိုချန်းဟိုင် မဂ္ဂဇင်းက အတင်းပြောထားတာတွေကြည့်ပြီး အဲ့ဒါကြောင့်လည်း သူနဲ့မေဖန်း လျိုအန်းဟိုင် အိမ်ကိုရောက်လာကြတာပင်
မဂ္ဂဇင်းထဲမှာ ပုံတွေက လျိုအန်းဟိုင်နဲ့ဟန်တင်းယွီက ဖက်နေကြပြီးတော့ သူတို့ကြည့်ရတာ မောင်နှမဆိုတာထက် ချစ်သူစုံတွဲလိုပင်
တူညီတဲ့ စာမျက်နှာမှာပဲ သေချာရေးထားတာက လျိုအန်းဟိုင်ရဲ့ အရင်က တွဲခဲ့ဖူးတဲ့လူတွေကိုဖော်ပြထားသလို အဲ့လူတွေအကုန်လုံးက သူမနဲ့ သူမ မောင်ရဲ့ဆက်ဆံရေးကို ကာဗာလုပ်ဖို့ တွဲတာဆိုပြီပင်
လျိုချန်းဟိုင် မျက်နှာပျက်ရသလို သူတို့က သွေးသားမတော်စပ်တောင် အမည်ခံအရ မောင်နှမ ဖြစ်သလို လျိုမိသားစု မျက်နှာပျက်အောင်လုပ်ခွင့်ပေးမှာမဟုတ်ပေ
ဟန်တင်းယွီ မနေ့ညက ကိစ္စကို မဂ္ဂဇင်းမှာ ဖော်ပြခံရမယ်ဆိုတာ သိပြီးသားမို့ လျိုချန်းဟိုင်ကို မျက်နှာချင်းဆိုင်ဖို့ပါ ပြင်ဆင်ထားပြီးသားပင် လျိုချန်းဟိုင် ဘာပြောပြော သူ လျိုအန်းဟိုင်ကို လက်လျှော့မှာမဟုတ်
"ဦးလေးလျို ကျွန်တော်နဲ့ လျိုအန်းဟိုင် အချစ်ကို ဟာသတစ်ခုလို မထင်ပါနဲ့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ချစ်တာက အမှန်တရားဖြစ်သလို သူများတွေဘာပြောပြော ကျွန်တော်ဂရုမစိုက်ဘူး"
"မင်း!" လျိုချန်းဟိုင် တုန်လာကာ "ရှောင်ယွီ မင်းက အန်းဟိုင်ကို ရနေပြီဆိုတော့ ငါပြောတာကိုတောင်မနာခံတော့ဘူးပေါ့လေ?"
"ဦးလေးလျို ကျွန်တော်.."
"အဖေ့မျက်နှာက သမီးထက်တောင် ပိုအရေးကြီးတဲ့ပုံပဲ...."လျိုအန်းဟိုင် အပြင်မှာ တော်တော်ကြာနားထောင်နေကာ နောက်ဆုံးကျ မနေနိုင်ဘဲ ဝင်ချလာတော့သည်။ မေဖန်းကလည်း စိုးရိမ်တဲ့မျက်နှာထားနဲ့ အန်းဟိုင်ဘေးမှာရပ်လို့နေသည်။ သူနဲ့ လျိုအန်းဟိုင်က ခုတင် ဆရာဝန်ပြောတာ နားထောင်ပြီ ပြန်လာတာပင် အမျိုးသားနှစ်ယောက်ပြောနေကြတာတွေ ကြားရမည်မထင်ထား
လျိုအန်းဟိုင် မျက်နှာသုန်မှုန်လာတာမြင်တော့ မေဖန် အဖေနဲ့သမီးထပ်ရန်ဖြစ်ကြမှာကို စိုးရိမ်လာသည်။
"အန်းဟိုင်!" ဟန်တင်းယွီက သူမကိုကြည့်ပြီး စိတ်မဆိုးဖို့ ခေါင်းခါပြလာသည်။ သူ့မျက်လုံးတွေက သူမကို စိတ်ငြိမ်ငြိမ်ထားဖို့ ပြောနေတာမြင်တော့ သူမလည်း ဒေါသကိုဖိနှိပ်ထားလိုက်သည်။
သူမ အဖေ မူးလဲသွားတုန်းက သူမ နှလုံးသား တစ်ခုလုံး ပြုတ်ကျမတတ် ထိတ်လန့်သွားခဲ့တာပင် ဆရာဝန်က သွေးတိုးပြီး ဖြစ်တာ ကောင်းကောင်းနားလိုက်ရင် ရတယ်ဆိုတော့မှသာ သူမ စိတ်အေးသွားတာပင်
ဒါမဲ့ ဟန်တင်းယွီနဲ့ သူမ အဖေ ပြောတဲ့စကားတွေကြားတော့ သူမ စိတ်တိုလာရော လျိုချန်းဟိုင် ထပ်ပြီး စိတ်မလှုပ်ရှားအောင်လို့ သူမ မျက်နှာထား တောင့်တောင့်ကြီးနဲ့ အေးစက်စွာ "ဆရာဝန်က သွေးတိုးတယ်ပြောတယ် အစားသောက်သေချာဂရုစိုက်ပြီး တအားစိတ်မလှုပ်ရှားစေနဲ့" ဒါမဲ့ သူမ တံခါးကနေ ဝင်လာတုန်းက ပြောတဲ့စကားနဲ့ သူမလက်ရှိ သဘောထားက လျိုချန်းဟိုင်ကို ဒေါသထွက်နေစေပြီးပြီပင်
"ငါသွေးတိုးတာ ညည်းကြောင့်ပဲ! ညည်းတကယ်ပဲဘာလိုချင်တာလဲ အရက်ဆိုင်မှာ ပြဿနာရှာတယ် ဟန်တာနဲ့ လမ်းခွဲတယ် အခု ရှောင်ယွီနဲ့လည်း ပက်သက်နေပြန်ပြီ ငါ့ကို ဒေါသထွက်ပြီးသေစေချင်နေတာလား!"
"ကိုယ်ဘာကိုယ်လည်း ပြန်ကြည့်ဦး! အဆုတ်တွေက ဒိလောက်သန်မာနေတာ အသက်အရှည်ကြီးနေရဦးမှာ!" လျိုအန်းဟိုင် ပြန်ပြောတော့သည်။
"အသုံးမကျတဲ့သမီး!ဘာပြောလိုက်တာ?! ညည်း...." လျိုချန်းဟိုင် အသက်ရှုရခက်လာတော့သည်။ မေဖန်း လန့်သွားကာ အမြန် သူမခင်ပွန်းကျောကိုပုတ်ပေးလိုက်သည်။
"ချန်းဟိုင် စိတ်အေးအေးထား! ဒေါသမထွက်နဲ့!"
လျိုအန်းဟိုင် နှုတ်ခမ်းကိုက်ကာ ဘာမှမပြောတော့
ဟန်တင်းယွီ သူမ မျက်လုံးထဲ နောင်တတွေကိုတော့မြင်လိုက်တော့ သူမ လက်ကို ဖွဖွလေးကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် လျိုချန်းဟိုင်ကိုကြည့်ပြီး "ဦးလေးလျို စိတ်မဆိုးပါနဲ့ အန်းဟိုင် တမင်လုပ်တာမဟုတ်ပါဘူး"
"တမင်လုပ်တာ!ငါ့ကို သူက ဒေါသထွက်ပြီးသေစေချင်နေတာ!" လျိုချန်းဟိုင် အသက်ရှုရင်း တချိန်တည်း ကျိန်ဆဲနေတော့သည်။
"ဦးလေးလျို.." ဟန်တင်းယွီ ထပ်ပြောချင်ပေမယ့် လျိုအန်းဟိုင်က သူ့ကိုပြန်ဆွဲကာ မေးကိုမော့ပြီး လျိုချန်းဟိုင်ကို ခေါင်းမာစွာကြည့်လိုက်သည်။
"အဖေ့ရင်ထဲမှာ သမီးဘာလုပ်လုပ်မှားနေတာလား? သမီးဘာလုပ်လုပ် အကုန်လုံးကို အဖေသဘောမကျဘူး သမီးဘာလုပ်လုပ် အဖေက သမီးကို အမြဲဆူနေတာ...အဖေ သမီးကို အဲ့လောက်တောင်မုန်းတာလား?"
လျိုချန်းဟိုင် ဘာပြောရမှန်းမသိတော့ ဒါက လျိုအန်းဟိုင် ပထမဆုံးအကြိမ် သူ့ကိုအဲ့လိုပြောဖူးတာပင် သူ့သမီးရဲ့ခေါင်းမာတဲ့မျက်နှာကိုကြည့်ပြီး သူမ အသံထဲက ဝမ်းနည်းမှုတွေကို သူကြားလိုက်ရသည်လေ
ရုတ်တရက် သူတိတ်သွားတော့သည်။
သူမက သူ့ရဲ့တစ်ဦးတည်းသော သမီးပင် သူမကို သူဘယ်လိုလုပ်မုန်းမှာလဲ တကယ်တန်း တခြားလူတွေရှေ့မှာ သူက သူ့သမီးကိုအမြဲဂုဏ်ယူပေမယ့် သူ့သမီးအပေါ်ကိုကျ အမြဲကြမ်းတမ်းနေခဲ့တာ
အခုပြောလိုက်တာကလည်း သူစိတ်တိုနေလို့သာသေချာတာပေါ့ သူ့သမီး ပျော်ရွှင်ဖို့က သူ့မျက်နှာထက်ပိုအရေးကြီးတယ်လေ
ဒါမဲ့ ဒီလူငယ်နှစ်ယောက်က သွေးသားမတော်စပ်တောင် သူတို့က မောင်နှမတွေကို အခုကျ ချစ်နေကြတာတဲ့ တကယ်လို့ မချစ်တော့ရင်တော့ နောင်ကျဘယ်လိုလုပ်မှာလဲ?
ပြီးတော့ အန်းဟိုင်က အမြဲ ရှောင်ယွီကိုမုန်းနေတာကို အခုကျ ဘာလို့ ကြိုက်တာလဲ သူဒီကိစ္စကိုမတွေးချင်ပေမယ့် အတွေးတွေကို ထိန်းမရ
မေဖန်း သူမ ခင်ပွန်းကို နားလည်သည်လေ သူ့လက်ကိုပုတ်ကာ အန်းဟိုင်ကို ကြည့်ပြီး "အန်းဟိုင် သမီး ကို အန်တီ တစ်ခုပဲမေးချင်တယ် ရှောင်ယွီနဲ့ တူတူရှိချင်တာက အန်တီ့ကိုလက်စားချေချင်လို့လား?"
ကလေးနှစ်ယောက်ကို တူတူမြင်ရတာကို မေဖန်းမအံဩ သူမ နောက်ဆုံးတော့ သူမ သားကို အန်းဟိုင်ကို "အစ်မ" လို့ဘာလို့ ခေါ်ဖို့ အမြဲငြင်းခဲ့လဲဆိုတာ နားလည်သွားပြီပင်
သူမ သားကိုလည်း သူမ နားလည်သည် ဟန်တင်းယွီက သစ္စာရှိတဲ့သူပင် လူတစ်ယောက်ကိုချစ်လိုက်ရင် အဲ့ဒါက တစ်ဘဝစာပင် အန်းဟိုင်ကကော မေဖန်း မသေချာ သူမအန်းဟိုင်က သူမကိုလက်စားချေချင်လို့ ရှောင်ယွီကို ရွေးချယ်တာဖြစ်မှာစိုးသည်လေ
လျိုအန်းဟိုင်ကြောင်သွားပြီး သူမ အဖေမျက်လုံးထဲကြည့်လိုက်ချိန် သူမ ချက်ချင်း နားလည်သွားခဲ့သည်။
"ခံစားချက် သို့ အချစ်တွေကို ဘယ်တော့မှ တုံ့ပြန်ဖို့ အတွက် အသုံးချမှာမဟုတ်ဘူး" သူမ အချစ်က ဘယ်လောက်ထိ နာကျင်စေနိုင်သလဲဆိုတာ သိတာမို့ သူများခံစားချက်ကို သုံးပြီး နာကျင်အောင်မလုပ်
ဟန်တင်းယွီပြုံးကာ သူမလက်ကို ဆုတ်ကိုင်လာသည်။ လျိုအန်းဟိုင် သူ့ကိုအေးစက်စွာကြည့်ကာ လက်ကိုရုန်းပေမယ့် သူက တင်းတင်းကိုင်ထားဆဲ ဟန်တင်းယွီ သူ့အမေကိုကြည့်ပြီး အပြုံးတစ်ခုနဲ့ "အမေ အခုစိတ်အေးသွားပြီလား?"
မေဖန်း သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ အန်းဟိုင်က လက်ကိုရုန်းနေပေမယ့် ရှောင်ယွီ လက်ထဲက ရုန်းမရတာကောလျိုအန်းဟိုင်က သူ့ကိုဒေါသ တကြီးကြည့်နေပြီးမှ မရုန်းတော့ဘဲ ကိုင်ခွင့်ပြုလိုက်တာကိုကောပင်
ဒါက ရိုးရှင်းတဲ့ အပြုအမူလေးတစ်ခုပဲကို သူမ ဘယ်လိုလုပ် သဘောတူရမှာတုန်း
မေဖန်းက အံဩသွားရသလို ဒီကောင်မလေးက ခေါင်းမာပြီး လက်မလျှော့တတ်ဘူးထင်နေပေမယ့် ဒီလိုအပြုအမူကိုတော့ မမျှော်လင့်ထား....သူမ နောက်ဆုံးတော့ စိတ်အေးသွားကာ သူမ သားကို ပြုံးပြပြီး မျက်လုံးထဲမှာလည်း အချစ်တွေအပြည့်
"မင်းသဘောပဲ ကိုယ့်လုပ်ရပ်ကို တာဝန်ယူနိုင်တဲ့အထိလည်း အသက်ကြီးနေပြီပဲဟာ" မေဖန်းသဘောတူမယ်မထင်ထားတာကြောင့် လျိုချန်းဟိုင် သူမကို အံဩတကြီးကြည့်လာခဲ့သည်။
"ဖန်းဖန်း မင်းဒါကို သဘောတူတယ်လား?"
"ကလေးတွေက သူတို့ ကောင်းချီး သူတို့ရသင့်တယ်လေ" မေဖန်းက သူမခင်ပွန်းလက်ကိုပုတ်လိုက်သည်။ လျိုချန်းဟိုင် ထိုခေါင်းမာတဲ့ အတွဲကိုကြည့်ကာ လက်ခါပြလာသည်။
"လုပ်ချင်သလိုသာလုပ် ငါက အသက်ကြီးပြီး မင်းကို ထိန်းချုပ်နိုင်တာလည်းမဟုတ်ဘူး ဒါမဲ့ ရှောင်ယွီ မင်း အိမ်ပြောင်းသွားတော့ အဲ့ဒါမှ ငါမင်းကိုမြင်တိုင်းဒေါသမထွက်မှာ" လျိုချန်းဟိုင် ဘာမှမမြင်သလိုသာ သဘောထားလိုက်တော့မည် မဟုတ်ရင် ဒေါသထွက်လို့သေရလိမ့်မည်။
လျိုအန်းဟိုင်လည်း စိတ်ထဲတွေးမိတာက အတင်းအဖျင်းမဂ္ဂဇင်းဆိုတာ သူမ ထိန်းချုပ်လို့ရတာမျိုးမဟုတ်ဘူးလေ သူအဲ့သတင်းတွေကြောင့် ဒေါသမထွက်ချင်ရင် မဖတ်နဲ့ပေါ့
"ဦးလေးလျိုက မင်းကိုဂရုစိုက်ပေမယ့် ဂရုစိုက်တာကိုဘယ်လိုဖော်ပြရမလဲမသိတာ" လျိုအန်းဟိုင်က နှာခေါင်းရှုံံလိုက်သည်။ သူမနဲ့ ဒီလူအိုကြီးဆက်ဆံရေးကဆိုးလည်းမဆိုးဘူး ကောင်းလားဆိုတော့လည်းမကောင်းဘူး
ဆေးရုံက ဖြစ်ရပ်ပြီးတော့ လျိုချန်းဟိုင် သူမကို အရင်ကလောက်မဆူတော့ သူတို့က အတိတ်ကိုဖြည်းဖြည်းချင်း ပြန်သတိရတတ်ကြပြီး မေဖန်းကသာ သူမကိုလာရှာတတ်တာ
မေဖန်းက အတိတ်ကို ပြန်ပြောပြတတ်ပြီး သူမ အဖေကို မမုန်းဖို့ မျှော်လင့်ကြောင်းနဲ့ မှားတဲ့သူက မေဖန်းဆိုတဲ့အကြောင်းပင် တကိုယ်ကောင်းဆန်တဲ့လူက မေဖန်းဖြစ်ပြီးတော့ သူမ သားကို ဆင်းရဲဒုက္ခတွေ မခံစားချင်ခဲ့လိုဖြစ်ကြောင့်နဲ့ သူမကသာ သူတို့မိသားစုရဲ့တတိယလူဖြစ်ချင်ခဲ့ကြောင့် မေဖန်းကသူမကိုတောင်းပန်ခဲ့သည်လေ
လျိုအန်းဟိုင် မေဖန်း တောင်းပန်တာကိုလက်မခံကြောင့် တိုက်ရိုက်ပြောခဲ့ပေမယ့် အရင်ကလောက်မမုန်းတော့သလို မုန်းတာကလည်း အန်းဟိုင်ကိုပင်ပန်းစေသည်လေ လျိုအန်းဟိုင် ထိုကဲ့သို့ ပင်ပန်းမှုမျိုးကို သိသလို သူမ ဘယ်သူ့ကိုမှဆက်မမုန်းချင်တော့
သူမ အဖေက မှားတယ်လို့မပြောနိုင်သလို သူမ အဖေအမှားလို့လည်းမပြောနိုင်ခဲ့ ပြီးတော့ လျိုချန်းဟိုင်က သူမ အဖေလေ သူ့ကိုမမုန်းချင်တော့သလို သူမအရင်ဘဝက အမှားမျိုးထပ်မလုပ်ချင်တော့
အဖေကော သမီးကောက အဆင်ပြေဖို့ကြိုးစားနေတာမို့ အရမ်းကြီးအကောင်းကြီးမဟုတ်တောင် မဆိုးသေးဘူးပေါ့ ဟန်တင်းယွီ မဂ္ဂဇင်းနဲ့စတင်လိုက်တာ ကောင်းမည်ဟုတွေးလိုက်သည်။
"မဂ္ဂဇင်းကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ" ဟန်တင်းယွီက သူမကိုမေးလာသည်။
သူနဲ့ လျိုအန်းဟိုင် တူတူရှိလာတာ ၆ လကျော်ပြီဖြစ်သလို နေ့တိုင်း မဂ္ဂဇင်းကလည်း သူတို့ရဲ့နောက်ဆုံးတိုးတက်မှုကိုတွေကိုဖော်ပြနေတာပင် နောက်ပိုင်း ပိုတောင်ဆိုးလာသေး
ဥပမာ ဟန်တင်းယွီက မယားပါသားက ဘုရင်မ နှလုံးသားကို လျိုမိသားစု ပိုင်ဆိုင်မှုကိုလိုချင်လို့ရအောင်ယူတာမျိုး မာနကြီးတဲ့ ဘုရင်မကလည်း အချစ်မှာကျရှုံးပြီး လျိုကော်ပိုရေးရှင်းရဲ့အောင်မြင်မှုကိုပေးပစ်တော့မှာမျိုး
မဂ္ဂဇင်းကိုဖတ်ပြီးတာနဲ့ လျိုအန်းဟိုင် အမှိုက်ပုံးထဲ တန်းပစ်လိုက်တာပင်
ဒီပါပါရာဇီတွေက လွန်လွန်းလာပြီပင်!
သူမ သူမလက်ကို ကိုင်ထားတဲ့ အမျိုးသားလက်ကိုကြည့်လိုက်သည်။ နှစ်ယောက်သားကအဝတ်စားစတိုင်လ်တူတူ ဝတ်ဆင်ထားပြီး လျိုအန်းဟိုင် ဒါကြီးက တကယ်တုံးလွန်းသည်ဟု ထင်နေမိသည်။ ဒါမဲ့ အယ်လ်ပြောတာက စုံတွဲတွေ ဒိတ်ရင် စုံတွဲပုံစံမျိုးဝတ်သင့်သည်တဲ့လေ သူမ ထိုအကြံကို ပယ်ပေမယ့် ဟန်တင်းယွီက သဘောတူတာမို့ လျိုအန်းဟိုင် ငြင်းမရဘဲ သူမပါ ထိုအဝတ်စားတွေဝတ်နေရတာပင်
"လျိုကော်ပိုရေးရှင်းရဲ့ဥက္ကဌနေရာကို တကယ်စိတ်မဝင်စားဘူးလား?" လျိုအန်းဟိုင် သူ့ကိုကြည့်ပြီး ပြုံးကာ "ငါနဲ့ တူတူရှိတဲ့အကြောင်းပြချက်က လျိုမိသားစု ပိုင်ဆိုင်မှုကို လိုချင်လို့မဟုတ်ဘူးပေါ့?"
ဟန်တင်းယွီ သူမကို "ဘာပြောလိုက်တာ?"
"ငါပြောတာက..." သူမရုတ်တရက်ရပ်ပြီး သူ့ကော်လံကို ကြမ်းကြမ်းဆွဲကာ မျက်ခုံးလေး မြင့်ပြီး "နင့်မှာအမြင်မရှိဘူးလို့!"
ဟန်တင်းယွီက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ခေါင်းငုံ့ပြီး "ကိုယ်မင်းနဲ့ ဘာလို့တူတူရှိလဲ သိလား?"
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့..."သူမ နားနားကို တိုးတိုးလေးရေရွတ်ကာ "မင်းကိုချစ်လို့"
လျိုအန်းဟိုင် အထင်သေးသလိုနှာခေါင်းရှုံံ့ကာ "ဒါပဲပေါ့? တခြားမရှိတော့ဘူးပေါ့?"
"အင်း..." လက်နှစ်ဖက်လုံးနဲ့ သူမကိုတင်းတင်းဖက်ကာ "အချစ်လေး ပါပါရာဇီတွေရဲ့ ပြဿနာကို ဘယ်လိုရှင်းဖို့ စိတ်ကူးထားလဲ?" လျိုအန်းဟိုင် ထောင့်မှာ ပုန်းနေတဲ့ ပါပါရာဇီကို တချက်ကြည့်ပြီး ဟန်တင်းယွီ မျက်နှာကိုဆွဲကာ
"ဒါက ဖြေရှင်းနည်းပဲ.."သူမ သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လာတော့သည်။
ထင်ထားသလိုပင် ထိုမြင်ကွင်းကိုပါပါရာဇီကလည်းဓာတ်ပုံရိုက်ပြီး မဂ္ဂဇင်းကာဗာဖြစ်သွားတော့သည်။
ဟန်တင်းယွီ မဂ္ဂဇင်းကာဗာကို လက်နဲ့ ပွတ်ကာ သူ့မျက်လုံးတွေက သူနဲ့မျက်နှာချင်းဆိုင်က မိန်းကလေးစီ ရောက်သွားပြီး ပြုံးလိုက်တော့သည်။
"ငါ နင့်နဲ့ ဘာလို့ တွဲလိုက်လဲသိလား?" သူမ မေးကို ဂုဏ်ယူစွာ မော့ကာ ရယ်လိုက်သည်။
"ဘာလို့လဲဆိုတော့ ငါနင့်ကို ချစ်လို့!"
မဂ္ဂဇင်းကတော့လား ဘာအတင်းရေးရေးပေါ့ ဘယ်သူက ဂရုစိုက်တာကျလို့?
သူ သူမကို ချစ်နေသရွေ့ ရပြီ
-