M-2

591 51 0
                                    

အခန်း ၂
လျိုအန်းဟိုင်က သူမ အဖေနဲ့ မိထွေးကို ဒုက္ခပေးနေရလို့ သူမ ကျောင်းတွင်းဘဝကို သိပ်အာရုံမစိုက်မိ သူမ ရဲ့ပထမ ဘဝမှာ ရင်းနှီးတဲ့ကျောင်းသူငယ်ချင်းဆိုတာ မရှိ ဒါမဲ့ သူမက ကျန်းမာတဲ့ဘဝမှာနေထိုင်ခဲ့တာ မူးယစ်ဆေးဝါးမသုံးဘူး အရက်မသောက်ဘူး ကလပ်မတက်သလို သူမကလူမိုက်လည်းမဟုတ်ဘူး
သူမက ကျောင်းမှာ အမြဲအဆင့် ၁ ရသည်လေ ဘာလို့လဲဆိုတော့ သူမရဲ့ ရှင်သန်မှုကြောင့် သူက သူမအမေရဲ့အလှပအကို အမွေရထားပေမယ့် ယောကျာ်းလေးတွေက သူမကိုကြောက်ပြီး သူမကို မလိုက်ရဲကြဘူး
ကျောင်းမှာ သူမ သူငယ်ချင်းမရှိဘူး ဒါမဲ့ သူမ အဖေရဲ့ သမီးဖြစ်နေတာမို့ ကျောင်းသူတွေက သူမကိုမဆန့်ကျင်ရဲကြဘူးလေ သူမက လျိုမိသားစုနဲ့ အဆက်သွယ်လိုချင်လို့ သူမကို လာဖားယားချင်တဲ့လူတွေနဲ့လည်းမပေါင်းချင်
အသက် ၃၀ မိန်းမက အသက် ၁၄ နှစ်အရွယ်ကိုယ်ထဲမှာ ပိတ်မိပြီး ကျောင်းသင်ခန်းစာတွေသင်နေရတာပဲ
နေ့လည်စာစားချိန်မှာ သူမ အိမ်ပြန်ဖို့တွေးပေမယ့် ဟန်တင်းယွီက ပေါ်လာပြီး သူမ စားပွဲပေါ်မှာ သူ့နေလည်စာဘူးကိုဖွင့်လိုက်သည်။
"ဘာလို့ဒီရောက်နေတာလဲ?" သူမမေးလိုက်သည်။
နောက်ဆုံး အကြိမ်သူမ စစ်ဆေးကြည့်တုန်းက သူက သူမကျောင်းက ကျောင်းသားမဟုတ်ဘူးလေ ဘယ်သူက သူ့ကို ကျောင်းထဲဝင်ခွင့်ပေးလိုက်တာလဲ? ကြည့်ရတာ သူမနဲ့တူတူနေ့လည်စာလာစားပုံပင်
"ကျောင်းက နေ့တဝက်ပဲ တက်ရတာ" သူပြောလာသည်။ "ငါ့အမေက နင်နဲ့တူတူနေ့လည်စာစားခိုင်းလို့ ပြီးတော့ နေ့လည်စာစားပြီးအိမ်ပြန်မှာ"
နေ့တဝက်? သူမ သူ့ကျောင်းက နေ့တဝက်ပဲတက်ရတာကို မမှတ်မိ ဒါမဲ့ အဲ့တုန်းက သူမ မေဖန်းလက်ထဲက ထမင်းဘူးတွေကို လွှင့်ပစ်ပစ်လို့ မေဖန်းက သူမနဲ့ တူတူ သူ့ကိုနေ့လည်စာစားခိုင်းမှာမဟုတ်ဘူးလေ အနိုင်ကျင့်ခံရမှာ ကြောက်လို့
သူမ မနက်က မေဖန်း နေ့လည်စာထမင်းဘူးကို လက်ခံလိုက်တာက ဘဝရဲ့ အချိုးအကွေ့တချို့ကိုပြောင်းပေးလိုက်တာပဲ
"မနက်ကကျ ကားထဲမှာ ဘာလို့ဒီလောက်တောင် မလိမ်မာတာလဲ?" သူမမေးလိုက်သည်။
ဘာလို့ သူရှိနေတာက သူမကို စကားများလာစေလဲ နားမလည်တော့
သူက သူ့နေလည်စာဘူးကိုဖွင့်လိုက်သည်။ အပေါ်ကန့်မှာ အသီးစိတ်တွေ အလယ်ထပ်မှာ ဟင်းသီးဟင်းရွက်နဲ့နံရိုး အောက်ထပ်မှာက ထမင်းနဲ့ ကြက်ဥမွှေကြော်ပင်
သူ ကြက်ဥမွှေကြော်စားတာကို သူမ သရေတမြားမြားနဲ့ကြည့်နေရသည်။
တဖက်မှာတော့ သူလည်း သူ့အမေက ဦးလေးလျိုရဲ့ကားသမားကို နေ့လည်စာ လျိုအန်းဟိုင်နဲ့တူတူစားဖို့ လွှတ်တော့ သူ့မှာရွေးချယ်စရာမရှိပင်
သူစားနေတဲ့မြင်ကွင်းက သူမကိုဗိုက်ဆာစေသည်လေ သူမ မေဖန်း သူမအတွက်ပြင်ပေးတဲ့ နေ့လည်စာဘူးကိုဖွင့်ကြည့်လိုက်သည်။ သူမ နေ့လည်စာဘူးက အသီးစိတ်တွေရယ် နွားနို့ဘူးလေးရယ် ကြက်ဥကိုတိုဟူးဟင်းသီးဟင်းရွက်နဲ့မွှေချက်ထားပြီး ခေါက်ဆွဲတွေနဲ့ရောချက်ထားတာပင် မေဖန်းက သူမ အကြိုက်ဆုံးဟင်းကို ဘယ်လိုသိတာလဲ
"မနေ့ညက ငါ့အမေက Mrs.ချန်ကို နင်အကြိုက်ဆုံးဟင်းတွေက ဘာလဲဆိုပြီးမေးထားတာ" သူပြောလာသည်။
သူ့မွေးစားအမေက Mrs.ချန် ရဲ့ အေးတိအေးစက်ဆက်ဆံမှုတွေကို လျစ်လျုရှုကာ Mrs.ချန်က လျိုအန်းဟိုင်အကြိုက်ဆုံးဟင်းကိုပြောတဲ့ထိ လိုက်တွယ်ကပ်နေတာပင် သူ့မွေးစားအမေက အပြာရောင်နေ့လည်စာဘူးလေးကိုတောင် လျိုအန်းဟိုင်အတွက်ဝယ်လိုက်သေးသည် ဘာလို့လဲဆိုတော့ လျိုအန်းဟိုင်က အပြာရောင်ကို အကြိုက်ဆုံးမို့လို့ပင်
သူမ နေ့လည်စာဘူးကို ကြည့်ကာ Mrs.ချန်က မေဖန်းကို ခက်ခဲတဲ့အချိန်တချို့ပေးခဲ့မယ်ဆိုတာ သူမ သိသည်လေ ဒါမဲ့ မေဖန်း အပြုအမူကြောင့် သူမ စိတ်မလှုပ်ရှား
"နေ့လည်စာဘူးနဲ့ဆို ငါ့ခွင့်ပြုချက်ကိုရမယ်ထင်နေတာလား နင့်အမေက" သူမ မေးကာ ခေါက်ဆွဲကို ဝါးရင်း "နင့်အမေကို စိတ်ကူးယဉ်နေလိုက်လို့ ပြောလိုက်"
မေဖန်းအစားအစာက ဘယ်လောက်အရသာရှိရှိ သူမ မေဖန်းကို အမြဲမုန်းနေမှာ
သူက တိတ်တိတ်လေးသာ စားလို့နေသည် ဘာလို့လဲဆိုတော့ သူဘာပြောပြော သူမကိုလောင်စာထည့်ပေးသလိုပဲဖြစ်မှာလေ
ကျောင်းမှာ ဘယ်သူမှ သူမကိုရန်မစရဲပေမယ့် သူတို့က သူ့ကိုတော့ သားကောင်လေးလို့ မြင်ကြသည်လေ
"ငါဘာတွေမြင်နေရတာလဲ?" လီက မေးလာသည်။ "လျိုအန်းဟိုင် နင်က အိမ်လုပ်နေ့လည်စာကိုစားနေတာလား? ပြီးတော့ ဒီကောင်လေးက ဘယ်သူလဲ? နင့်ကျောင်းမှာ ဆွေမျိုးရှိတာ ငါမသိပါဘူး"
သူက ဆယ်ကျော်သက် ငတုံးလေးကို ပြန်ဖြေဖို့ စိတ်မဝင်စား ဒါမဲ့ သတင်းတွေက ပြန့်တာ မြန်သည်လေ သေချာပေါက် လူတိုင်းက သူ့အမေက သူ့အဖေရဲ့ဇနီးသစ်ဆိုတာ သိမှာပဲလေ ငတုံးလေးက ကစားချင်မှတော့ သူမလည်း ကစားပေးရမှာပေါ့
"Miss လီ ဒါက ငါ့အဖေရဲ့ သွေးဝေး ဆွေမျိုး Mr.ဟန်" သူမ ပြောလိုက်သည်။ "ငါတို့ မိသားစု နာမည်မတူဘူး"
ထိုကျောင်းသူလေးက လျိုအန်းဟိုင်သတိပေးတာကြားတော့ လန့်ပြီး ထွက်ပြေးသွားတော့သည်။
"ကောင်စုတ်လေး ဘာကိုကြည့်နေတာလဲ?" သူမမေးလိုက်သည်။
"ကြည့်ရတာ နင့်မှာ နင့်ကိုကြောက်တဲ့လူကော မုန်းတဲ့သူကော ရှိတဲ့ပုံပဲ" သူပြောလာသည်။
သူက ငကန်းမဟုတ် သူမ အတန်းဖော်တွေ သူမနဲ့ခပ်လှမ်းလှမ်းမှာနေကြတာကိုသတိထားမိသည်လေ
"နင်မှားတယ်" သူမပြောသည်။ "ငါ့မှာ ငါ့ကိုမုန်းတဲ့အတန်းဖော်တွေအများကြီးပဲ"
"နင်က တစ်ယောက်တည်းနေရတာကိုကြိုက်တာလား?" သူမေးလာသည်။
"အင်း ငါမုန်းတဲ့လူတွေ ငါ့နားမှာရှိနေမှာထက် တစ်ယောက်တည်းနေရမှာ ပိုသဘောကျတယ်" သူမပြောလာသည်။
"အထူးသဖြင့် ဟန်မိသားစု နာမည်နဲ့လူလေ"
သူမ သူနဲ့မပက်သက်ချင်
"ငါ ဆရာမပြောတာ ကြားတာ အချစ်နဲ့အမုန်းကြားမှာ အလွှာပါးလေး တလွှာပဲ ခြားတာတဲ့ နင် အဲ့ဒါအမှန်လို့ထင်လား?"
သူမ မျက်နှာရဲသွားသလို စားချင်စိတ်လည်းမရှိတော့ ဘာလို့ အသက် ၃၀ အရွယ်မိန်းမက ဒီကောင်စုတ်လေးစီမှာ ခံနေရတာလဲ?
"ကောင်စုတ်လေး အမုန်း ဒီဂရီကွာခြားမှုဆိုတာ ကြားဖူးလား? ငါ့အမုန်းဆုံးက အပြစ်ကင်းချင်ယောင်ဆောင်တဲ့လူတွေပဲ အထူးသဖြင့် ချမ်းသားတဲ့လူတွေကို ပိုင်းလုံးလုပ်ချင်တဲ့လူတွေလေ"
သူမသေပြီးနောက်ပိုင်း သူဘာလို့ တအားသနားစရာကောင်းနေတာလဲ သူမ နားမလည် သူ သူမနဲ့ပက်သက်ပြီး အကုန်မေ့ပစ်သင့်တာ သူမ နာမည်ကိုပါမေ့ပြီး ဘဝကို ရှေ့ဆက်သင့်တာ ဘာလို့ ငတုံးလိုလုပ်နေတာလဲ? သူမ သူနဲ့ အခန်းတစ်ခန်းထဲမှာတောင် တူတူမရှိချင်လို့ အတန်းအပြင်ကိုပြေးထွက်လာတော့သည်။
ကျောင်းဂိတ်ရောက်တော့ သူမနောက်က ပြေးလိုက်လာတဲ့ခြေလှမ်းတွေကိုကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်တော့ သူ သူမစီပြေးလာတာကိုမြင်လိုက်ရသည်။
"ဘာလို့ ငါ့နောက်လိုက်လာတာလဲ?" "အိမ်ပြန်တော့" သူမပြောလိုက်သည်။
"နင်ဝမ်းနည်းအောင် တစ်ခုခုပြောမိရင်တောင်းပန်ပါတယ်" သူတောင်းပန်လာသည်။
သူလျိုအန်းဟိုင်ကို ဝမ်းနည်းအောင် ဘာလုပ်မိမှန်းတော့မသိ ဒါမဲ့ သူ့အမေ ပြောတာက သူ လျိုအန်းဟိုင်ကို ဝမ်းနည်းအောင်လုပ်မိရင်တောင်းပန်ရမယ်တဲ့
"နင်ရဲ့ အတုအယောင်တောင်းပန်မှုကိုမလိုဘူး" သူမ ပြောလိုက်သည်။
သူ ဝမ်းနည်းနေတဲ့ ကောင်မလေးကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိ
"ဘာလုပ်ပေးရင် ဝမ်းမနည်းတော့မှာလဲ?" သူမေးလာသည်။
သူ့မေးခွန်းကြောင့် အံဩသွားကာ သူမလည်း နောင်ကျ သူမကို သူမေ့သွားအောင် ဘာလုပ်ရမလဲတွေးလိုက်သည်။
"ငါ့အိပ်ခန်းထဲ ဘယ်တော့မှမဝင်နဲ့" သူမပြောလိုက်သည်။
"ဟမ်?" သူမေးလာသည်။
"ငါ့အိပ်ခန်းထဲမှာ ငါမရှိတောင် ငါ့အိပ်ခန်းထဲ မဝင်နဲ့" သူမပြောလိုက်သည်။
"အို့"ဟု သူပြန်ပြောလာသည်။
သူမ အိပ်ခန်းကို သူစိတ်မဝင်စားဘူးလို့ပြောချင်ပေမယ့် စိတ်ကျေနပ်အောင် သဘောတူလိုက်ပါ့မယ်လေ
"ပြီးတော့ နင်.." သူမ ပြောပြီးမှ အနားက ကျောင်းက လူမိုက်ကောင်လေးတချို့ကို သတိထားမိကာ "နင်တို့ကောင်တွေ ဘာကြည့်နေတာလဲ?"
"နင်က ရေခဲအလှလေးလျို မလား?" လူမိုက်ခေါင်းဆောင်က မေးလာသည်။ "ငါ့သူငယ်ချင်းတွေနဲ့ အချိန်ကောင်းလေး မပိုင်ဆိုင်ချင်ဘူးလား?"
ဟန်တင်းယွီ မျက်မှောင်ကြုတ်ကာ လျိုအန်းဟိုင်ရှေ့မှာ သူမကို ကာကွယ်ပေးဖို့ရပ်လိုက်သည်။
လူမိုက်တွေက သူတို့ရှေ့မှာ လူပုလေး ဟန်တင်းယွီ ရပ်တာ မြင်တော့ ရယ်လိုက်ကြသည်။
"ကောင်စုတ်လေး သူရဲကောင်းလုပ်ချင်နေတာလား?" လူမိုက်ခေါင်းဆောင်က မေးလာသည်။ "ငါ့ရှေ့ကထွက်သွား မဟုတ်ရင် ငါမင်းကို ရိုက်မိလိမ့်မယ်"
ဟန်တင်းယွီ လူမိုက်ခေါင်းဆောင်ခြေထောက်ကို ကန်လိုက်သည်။
"အားး ခွေးကောင်လေးးး ငါ့ကောင်တွေ သူ့ကို ရိုက်စမ်း"လို့ လူမိုက်ခေါင်းဆောင်က ပြောတော့သည်။
ဟန်တင်းယွီက မပြေး သူက လူမိုက်တစ်ယောက်ရဲ့ မြှောက်နေတဲ့လက်ကို ဆွဲကာ လက်ကိုကိုက်လိုက်သည်။
"အားးးး လွှတ်စမ်း ခွေးကောင်" ထိုအကိုက်ခံရတဲ့ လူမိုက်က ပြောပြီး ဟန်တင်းယွီကို မြေပြင်ကိုတွန်းလိုက်သည်။
"ပြေး!" ဟန်တင်းယွီ လျိုအန်းဟိုင်ကိုအော်လိုက်သည်။
ဟန်တင်းယွီ မြေကြီးပေါ်က ထကာ လူမိုက်ခေါင်းဆောင်ဆီပြေးပြီး လျိုအန်းဟိုင်ပြေးလို့ရအောင် လုပ်ပေးလိုက်သည်။
"ခွေးကောင်လေး မင်းသေချင်နေတာကို ငါဖြည့်ဆည်းပေးမယ်!" လူမိုက်ခေါင်းဆောင်က ပြောပြီး အိတ်ဆောင်ဓားကိုထုတ်လိုက်သည်။
လျိုအန်းဟိုင် လူမိုက်ခေါင်းဆောင်လက်ကိုဆွဲကာ သူ့လက်မောင်းကို ဓားလွှတ်ချတဲ့ထိ လိမ်လိုက်သည်။ ဓားကို ကောက်ကာ ဓားကိုကိုင်ပြီး သူ့လည်ပင်းကိုထောက်လိုက်သည်။
သူမက အကူညီလိုနေတဲ့ မိန်းမပျိုလေးမဟုတ်ပင် ဒေါသကိုဖြေဖျောက်ဖို့ ကိုယ်ခံပညာလည်းသင်ဖူးသလို လက်နက်တွေနဲ့ ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာလည်း သိသည်လေ ကျောင်းကလူမိုက်ကြွက်စုတ်တွေလောက်ကို ကိုင်တွယ်ဖို့က သူမအတွက်မခက်
"ကြွက်စုတ်ကောင်တွေ နင်တို့ခေါင်းဆောင်မသေချင်ရင် နောက်ဆုတ်လိုက်" သူမပြောလိုက်သည်။
"ငါ့ကောင်တွေ ရပ်လိုက်ကြ!" လူမိုက်ခေါင်းဆောင်က လန့်နေတော့သည်။
ထိုကောင်လေးတွေက သူတို့ လူမိုက်ခေါင်းဆောင်စကားနားထောင်ပြီး ရန်ဖြစ်နေတာ ရပ်လိုက်ကြသည်။
"ကြွက်စုတ်တွေ မြေကြီးပေါ်ဒူးထောက်" သူမ အမိန့်ပေးလိုက်သည်။
"မမလေး လျို ချမ်းသာပေးပါ" လူမိုက်ခေါင်းဆောင်က "တောင်းပန်ပါတယ်" လို့ပြောလာသည်။
"နင့်ကိုချမ်းသာပေးရမယ်?" သူမ မေးလိုက်သည်။ "နင့်ကိုချမ်းသာပေးရင် နင် အဲ့ဓားကို သုံးတဲ့ညာဘက်လက်ကို ချိုးပစ်မှာလား"
လူမိုက်ခေါင်းဆောင်ကြောက်လွန်းလို့ ပြန်တောင်မဖြေနိုင်
"ဟေ့ ဟိုက ကြွက်ကြီး ကျောက်တုံးတစ်တုံးကောက်ပြီး နင်တို့ ခေါင်းဆောင်လက်ကိုလာထုစမ်း"
လူမိုက်ခေါင်းဆောင်တွေ ရေခဲအလှလေးကို တအားကြောက်နေကြပြီပင်
"လူရမ်းကားတွေ သီးသန့်ကျောင်းပိုင်နက်မှာဘာလာလုပ်တာလဲ?" အဝေးက သက်တော်စောင့်တစ်ယောက်က လှမ်းမေးသည်။
သူမ ဓားးကို မြေကြီးပေါ်ပစ်ချလိုက်သည်။ သက်တော်စောင့် ကျောင်းရှေ့ဂိတ်ကိုရောက်မလာခင်ပေါ့
"ကြွက်စုတ်လေး နင်နဲ့ နင့်ရဲ့အပေါင်းအပါတွေ ငါ့ကိုထပ်လာရှာရင် ငါနင့်လက်ကိုချိုးပစ်မယ်" "အခုထွက်သွားလိုက်တော့"
"ဟုတ်ကဲ့ပါ မမလေးလျို" လူမိုက်ခေါင်းဆောင်ပြောလာသည်။
လူမိုက်တွေက ကြောက်နေတဲ့ ကြက်လေးတွေလို ပြေးသွားကြတော့သည်။
ဟန်တင်းယွီက သူ့မျက်နှာက ရှရာတွေ ဒဏ်ရာတွေကိုလျစ်လျုရှုလိုက်သည်။ သူ့ရဲ့ညစ်ပတ်နေတဲ့အဝတ်စားတွေကိုခါကာ နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။
"မမလေး လျို Mr.ဟန် ထိခိုက်သွားကြသေးလား?" သက်တော်စောင့်ကမေးလာသည်။
သူနာပြုကာ Mr.လျိုရဲ့သမီး မျက်နှာမှာ ခြစ်ရာမရှိနေလို့ စိတ်အေးသွားတော့သည်။
"အသက်ရှင်သေးသားပဲ" သူမ ပြောပြီး ဟန်တင်းယွီကိုကျော်ကာ "ကောင်လေး နင့်ခွန်အားကို တိုင်းတာဖို့သတိရ"
လျိုစံအိမ်မှာ လျိုချန်းဟိုင်က သူ့သမီးကို ဟန်တင်းယွီဒဏ်ရာတွေကြောင့် အပြစ်တင်တော့သည်။ လျိုချန်းဟိုင်က သူ့သမီးက အတန်းချိန်လစ်လို့ ဖြစ်တာ မဟုတ်ရင်သူမနဲ့ ဟန်တင်းယွီလူရမ်းကားတွေနဲ့ မတွေ့ဘူးလို့ပေါ့
လျိုအန်းဟိုင် သူမ မမှားဘူးဆိုတာကို ဝန်မခံ သူမအဖေက သူမကို အခန်းထဲမှာပိတ်ထားပြီး တောင်းပန်လာတဲ့ထိ မထွက်ခိုင်း တကယ်လို့ သူမ ခေါင်းမာနေမယ်ဆို သူမ အဖေက အိမ်မှာစာသင်ပေးဖို့ဆရာငှားလိုက်မယ်တဲ့
သူမက သူမအဖေရဲ့ ခြိမ်းခြောက်မှုတွေကို မကြောက် ဘာဖြစ်ခဲ့လဲရှင်းပြရမယ့်အစား သူမ သီချင်းဖွင့်ကာ ရေချိုးနေလိုက်သည်။
ရေချိုးပြီး ဆံပင်လေမှုတ်ကာ တစ်ရေးအိပ်ဖို့ပြင်လိုက်သည်။
တံခါးကို တစ်ယောက်ယောက်လာခေါက်သည်။ ဖွင့်ကြည့်လိုက်တော့ လက်ထဲမှာ ပန်းသီးတပန်းကန်နဲ့ ဆေးစွတ်ပြုတ်ပန်းကန်ကိုင်ထားတဲ့ ဟန်တင်းယွီပင်
သူမက သူ့မျက်နှာက ရှရာတွေ ဒဏ်ရာတွေကြောင့် ရင်ထဲ မတုန်လှုပ် ဆေးနံ့ကသာ သူမ နှာခေါင်းဝထိ လာကျီစယ်နေတာပင်
"ငါ့အမေက ဦးလေးလျိုကို ဖျောင့်ဖျနေတယ်" သူက ပြောသည်။ "သူမက နင့်စီညစာခိုးယူလာခိုင်းလို့"
"နင့်အမေက လူတွေကို ကောင်းပေးတဲ့နေရာမှာတော့ တော်သားပဲ နင်က ဘာလို့ တံခါးမှာရပ်နေတာလဲ ဘာလို့ အိပ်ခန်းထဲ ဝင်မလာတာလဲ?"
"နင်ပဲ နင့်အိပ်ခန်းထဲ ငါ့ကိုဝင်ခွင့်မပြုဘူးဆို"
သူမ အသက်ပြင်းပြင်းရှုထုတ်ကာ "ဒီလိုအခြေအနေမျိုးမှာတော့ နင့်ကို ငါ့အိပ်ခန်းထဲ ဝင်ခွင့်ပြုတယ်"
သူက သူမ အိပ်ခန်းထဲဝင်လာပြီး ပန်းကန်ကို ကော်ဖီစားပွဲပေါ်တင်လိုက်သည်။
"အထိုးခံအိတ်ဖြစ်ရတာ ဘယ်လိုနေလဲ" သူမ ပန်းသီးဖျော်ရယ်ကိုသောက်ကာမေးလိုက်သည်။
"အနည်းဆုံးတော့ နင်မထိခိုက်ဘူးလေ" သူပြောလာသည်။
သူ အထိုးခံရတဲ့အိတ်ဖြစ်လည်း ဂရုမစိုက် ဘာလို့လဲဆိုတော့ သူက ယောကျာ်းလေးလေ ဒါနဲ့ မိန်းကလေးတစ်ယောက်ထိခိုက်မှာတော့ သူမမြင်ချင်
သူမ ပန်းသီးဖျော်ရည်ခွက်ကိုကိုင်ပြီး "ကောင်စုတ်လေး နင်ငါ့ကို ကာကွယ်ပေးတဲ့သူရဲကောင်းဖြစ်ပြနေစရာမလိုဘူး"
"သူစိမ်းဆိုလည်း ငါအဲ့လိုလုပ်ပေးမှာ" သူပြောလာသည်။
"ငါသိပြီ" သူမက ပြန်ကာ "နင် အရူးလိုလုပ်ချင်လည်း ငါ့ရှေ့မှာလာမလုပ်နဲ့ နားလည်လား?"
သူစိတ်ရှုပ်သွားသည်။ သူမ ဝမ်းနည်းအောင် သူဘာများလုပ်လိုက်မိပြန်တာလဲ
နင်ဘာကို ဝမ်းနည်းနေလဲတော့ ငါမသိဘူး နင် အကူညီမလိုတောင် ငါကယ်ပေးခဲ့တာ ငါက နင့်ကို အကူညီခေါ်ပေးစေချင်တာ နင်မထိခိုက်စေချင်လို့"
"ဟန်တင်းယွီ ငါ့ကို နင်ဆုံးမနေစရာမလိုဘူး!" သူမ ပြောလိုက်သည်။
သူမ အဖေဆီက ဆုံးမခံနေရတာတင် လုံလောက်ပြီပင်သူမ ကောင်စုတ်လေး စီကပါ ဆုံးမမခံချင်
"ငါလည်း နင့်ကိုမဆုံးမချင်ပါဘူး ငါက နင့်ကို ပိုဂရုစိုက်ပြီးနောင်ကျ အန္တာရယ်ရှိတဲ့အခြေအနေကနေ ဝေးဝေးနေစေချင်တာ"
"ငါ့ကိစ္စထဲ နင်ဝင်ပါစရာမလိုဘူး ကောင်စုတ်လေး နင့်ဘာနင်သာ အရင်ကာကွယ်နိုင်အောင်လုပ် ငါက အန္တာရယ်ရှိနေတောင် နင့်အကူညီမလိုဘူး နင့်ကိုယ်နင်ပြန်ကြည့်ဦး တကယ်လို့ ငါသာမကူညီရင် နင်က ပိုတောင်ဆိုးသွားမှာ နောင်ကျ အရူးလို လုပ်မနေနဲ့ ငါ့အိပ်ခန်းကနေ ထွက်သွား"
သူ ကျိုးကြောင်းမဆီလျော်တဲ့သူမနဲ့ မပြောချင်တော့တာတဲ့ အိပ်ခန်းအပြင်ကိုထွက်ကာ တံခါးရောက်တော့ လှည့်လိုက်သည်။
"အခု နင့်အတန်းဖော်တွေက နင့်ကိုမုန်းပြီး နင်နဲ့အဝေးမှာဘာလို့နေကြလဲဆိုတာ ငါသိသွားပြီ" သူပြောပြီး တံခါးကိုပိတ်လိုက်သည်။
သူ စော်ကားမော်ကားပြောတာကို သူမ ဂရုမစိုက် သူမ စိတ်ထဲပေါ်နေတာက သူ အဲ့ လူမိုက်တွေစီပြေးဝင်သွားတဲ့မြင်ကွင်းပင် ဘာလို့ သူ့ကိုယ်သူ အရိုက်ခံရတာလဲ ဘာလို့ သူ့ကိုယ်သူ မကာကွယ်တာလဲ ဘာလို့ သူမကိုပြေးခိုင်းတာလဲ? ဘာလို့ အရူးလို ကိုယ့်ဒုက္ခကိုယ်ရှာရတာလဲ? သူ့အရူးလို အပြုအမူက သူမကို သူမသေပြီးနောက်ပိုင်း အချိန်ဖြုန်းနေတာတွေကိုတောင် တားနိုင်စွမ်းမရှိအောင်လုပ်နေတာ ဘာလို့ သူ သူမကို မမုန်းးနိုင်တာလဲ တကယ်လို့ သူမကိုမုန်းရင် သူ့မှာ ဘဝကောင်းရမျာ ပြီးတော့ သူမလည်း သူ့ကိုကြည့်ပြီး ဝမ်းနည်းမိမှာမဟုတ်ဘူး သူ သူမကိုမုန်းအောင် ဘာလုပ်သင့်လဲ?

Love me again!Where stories live. Discover now