အခန်း ၅
ဟန်တင်းယွီ ဘာလို့ လျိုအန်းဟိုင်ကို တစ်ယောက်တည်းမလွှတ်လိုက်ချင်လဲဆိုတာကို နားမလည်နိုင် စိတ်တွေလည်းဗလာဖြစ်နေပြီး ဘယ်ကိုမောင်းရမလဲမသိတာနဲ့ သူမအိမ်ကိုသာမောင်းလာခဲ့သည်။
သူမ အိမ်ထဲမှာ သူ အိမ်ပရိဘောဂတွေနဲ့ နူးညံ့တဲ့အရောင်တွေကိုမျှော်လင့်မထားခဲ့ အဲ့ဒါက တစ်ယောက်တည်းနေဖို့အတွက် အထဲမှာ တအားကြီးလို့နေသည်လေ ဧည့်ခန်းတစ်ခု ငါးအလှမွေးကန်တစ်ခု ဘားနဲ့ မီးဖိုချောင်က ပထမထပ်မှာပင် အပေါ်ထပ်မှာက အိပ်ခန်း ၃ ခန်းနဲ့ရေချိုးခန်းတွေရှိသည်လေ
"လာထိုင်" သူမ ဆိုဖာပေါ်ကနေ ပြောပြီး ကော်ဖီစားပွဲပေါ်က ဆေးအိတ်ကို ညွှန်ပြလာသည်။
ဆေးအိတ်? သူမ ဘယ်တုန်းက ဒီလောက်ထိစာနာတတ်လာလဲ သူမသိ သူမကားကိုသူမောင်းလို့လက်စားချေချင်တာများလား? လက်စားချေချေမချေချေ သူကတော့ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။
"လက်မောင်း"
သူ နှလုံးရောဂါများရနေသလားပင် သူမက တကယ်ကြီး သူ့ဒဏ်ရာကိုကုပေးနေတာ ပြီးတော့ ဒါက သူတို့ ပထမဆုံးအကြိမ် ဘေးချင်းကပ်ထိုင်ဖူးတာ ဘယ်လောက်ကပ်လဲဆို သူ သူမ မျက်တောင်ရှည်တွေကိုတောင် ရေ လို့ရတဲ့ထိ
သူ သူမကို စိုက်ကြည့်နေတုန်းမှာပဲ သူမက အနာကိုသန့်ပြီး ပတ်တီးကိုကိုင်ထားလို့နေသည်။
"ရှပ်ကိုချွတ်လိုက်" သူမပြောလိုက်သည်။
"ဘာလို့လဲ?" သူမေးလိုက်ပြီး ဆက်ကာ "တကယ့်လျိုအန်းဟိုင် အစစ်ကိုဘယ်မှာဖွက်ထားလိုက်လဲ?"
"မြန်မြန် ရှပ်ကိုချွတ်" သူမပြောလိုက်သည်။
သူမ ရေချိုးခန်းသွားတော့ သူ ရှပ်ကိုချွတ်လိုက်သည်။ သူမက တဘက်အစိုတစ်ထည်နဲ့ပြန်လာခဲ့သည်။
"နင့်နောက်ကျော ငါ့ကိုပြ" သူမပြောလိုက်သည်။
ကျောပြလိုက်တော့ သူမက သူ့အနာကိုဖွဖွလေးသန့်ရှင်းရေးလုပ်ပေးနေသည်။
"နင်ဘာလို့ ဒီလောက်ထိ တုံးရတာလဲ? ငါ ရေနွေးကြမ်းအပူအိုးကို ဘယ်လိုရှောင်ရမလဲ သိတယ်"
"ရေနွေးပူကကော? မင်းက မိန်းကလေးလေ မင်းအသားရေတွေလောင်သွားမှာ စိုးလို့"
"အရူးကောင်" သူမ ရေရွတ်လိုက်ကာ သူ့ကျောကို တဘတ်အစိုနဲ့ ပိုဖိပွတ်လိုက်သည်။
"အာ့ နာတယ်"
သူမက လက်စားချေတာပင်
"သူရဲကောင်းလုပ်ချင်မှတော့ နာတာလောက်က ဘာမှမဟုတ်လောက်ပါဘူး"
သူ့ကို သူမ လက်စားချေချင်ရင်တောင် သူဂရုမစိုက် သူ ဆယ်နှစ်တုန်းက သူမကို ကယ်ဖို့အရိုက်ခံခဲ့ပေမယ့် အခုလိုမျိုး ပတ်တီးမစီးပေးဘူးလေ
"ဦးလေးလျိုကိုဖုန်းဆက်လိုက်ဦး" သူပြောလိုက်သည်။
"သူရဲကောင်း လုပ်တာ မလုံလောက်သေးဘူး ဖျန်ဖြေသူပါလုပ်ချင်နေတာလား?"
"လျိုအန်းဟိုင် ကျိုးကြောင်းဆီလျော်တယ်ဆိုတာ ဘာကိုဆိုလိုလဲသိလား?" သူမေးလိုက်သည်။
သူမ လက်ပိုက်ကာ "ပြောချင်တာကို ပြော"
"မင်း ဦးလေးလျိုကိုပေးသမျှ မွေးနေ့လက်ဆောင်တိုင်း သူ သေချာသော့ခတ်သိမ်းထားတယ် နေ့တိုင်း မင်းသူ့ကိုပေးတဲ့ သဘေင်္ာမော်ဒယ်တွေကို ထုတ်ကြည့်တယ် အစင်းတွေဘာတွေထင်မလားဆိုပြီး"
သူမ အဖေရဲ့အကျင့်ကို သူမ ဘာပြောရမှန်းမသိခဲ့
"မင်းထွက်သွားကတည်းက ဦးလေးလျိုက ညစာကိုနောက်ကျမှ စားတယ် ဧည့်ခန်းမှာပဲထိုင်ပြီး ရှေ့တံခါးကို ငေးနေတာ ငါတို့ကိုထုတ်ပြောစရာမလိုဘူး သူက မင်းပြန်လာပြီး ညစာစားမှာကိုစောင့်နေတာ မင်းအဖေက မင်းကိုဂရုစိုက်တယ် ဘယ်လိုဖော်ပြရမလဲပဲမသိတာ ပြီးတော့ မင်းကလည်း မင်းအဖေကို အခွင့်ရေးတစ်ခုတောင်မပေးဘူး"
"တော်ပြီ" သူမပြောလိုက်သည်။
"လျိုအန်းဟိုင် မင်း ငါနဲ့ငါ့အမေကို မုန်းလို့ရတယ် ဒါမဲ့ မင်းအဖေက မင်းရန်သူမဟုတ်ဘူး သူ အသက်ကြီးနေပြီ"
"ပါးစပ်ပိတ်ထား နင်ဘာသိလို့လဲ နင်ဘာမှမသိဘူး ထွက်သွားလိုက်တော့"
သူမ ဆိုဖာပေါ်က ဆင်းကာ အပေါ်ထပ်က သူမ အိပ်ခန်းစီသွားပြီး တံခါးကိုဆောင့်ပိတ်လိုက်သည်။
သူက သူမရဲ့ပိတ်ထားတဲ့အိပ်ခန်းတံခါးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
သူမ အိပ်ခန်းထဲမှာ သူမအမေ သူမကိုခြောက်လှန့်ခဲ့တာတွေကို အိပ်ရာပေါ်မှာလှဲပြီးပြန်တွေးနေမိသည်။ သူမအမေ သူမကိုယ်သူမ ဖျက်ဆီးနေတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရတာကိုလည်း မှတ်မိသေးသည်။ သူမ အမေက အကုန်လုံးကိုဖျက်ဆီးပစ်ခဲ့တာ
"ဘာလို့ နင့်အဖေက ငါ့ကို ဒီလိုမျိုးဆက်ဆံရတာလဲ အန်းဟိုင် ငါ့မှာ နင်ပဲရှိတော့တာ နင့်အဖေက ငါတို့ကိုမလိုတော့ဘူး ငါနင့်အဖေကို ဒီလောက်ချစ်တာကို နင့်အဖေက ဘာလို့ ငါ့ကိုမချစ်ရတာလဲ?"
သူမ အမေက သူမကို တင်းတင်းဖက်ပြီး နာရီပေါင်းများစွာ ငိုခဲ့သည်လေ
သူမ အဖေရဲ့အစေခံတွေကလည်း သူမ အမေကို သနားခဲ့ကြတာ
"ငါကြားတာ Mr.လျိုမှာ မယားငယ်ရှိနေပြီးတော့ Mrs.လျိုကို ကွာရှင်းချင်နေတာတဲ့" အစေခံတစ်ယောက်က ဆိုသည်။ "ငါ Mrs.ကိုသနားလိုက်တာဟယ်"
"သူတို့ရဲ့ အိမ်ထောင်ရေးက လူကြီးတွေစီစဉ်တာဆိုတော့ သူတို့မိသားစု စီးပွားရေး အမြတ်ရတယ်လေ" နောက်ထပ်အစေခံက ဆိုသည်။ "ဘယ်သူကမှ Mrs.လျိုက Mr.လျိုကို ကြိုက်သွားမယ်လို့ မထင်ထားဘူး"
သူမ သူမမိဘတွေရဲ့ရန်ပွဲတိုင်းကိုမြင်တွေ့ခဲ့ရသည်။
"လျိုချန်းဟိုင် ရှင်ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံရတာလဲ?" သူမအမေက မေးသည်။ "ကျွန်မက ရှင့်ကို ကွာရှင်းပေးမှ ရှင်အဲ့ကောင်မနဲ့လက်ထပ်လို့ရမှာမလား ကျွန်မ ရှင့်ကို ဘယ်တော့မှ ကွာရှင်းမပေးဘူး"
"ကွာရှင်းစာချုပ်မှာလက်မှတ်ထိုး" လျိုချန်းဟိုင်က ပြောသည်။
"လုံးဝပဲ" သူမ အမေက ပြောသည်။ "ကျွန်မ ရှင့်ကို ချစ်တယ် အန်းဟိုင် သမီးအဖေကို အမေတို့နဲ့ပဲနေဖို့ ပြောပါဦး"
သူမ သူမ မိဘတွေ အိမ်ထောင်ရေးပြိုကွဲတာကို ကြည့်နေခဲ့ရသည်။ သူမအမေက အထီးကျန်တဲ့ နှလုံးသားနဲ့ သေသွားရပြီး သူမအဖေက မေဖန်းနဲ့ ဟန်တင်းယွီကို သူမ အမေသေပြီး ၃ လကြာတော့ အိမ်ခေါ်လာသည်လေ
ဘာလို့ သူမ အဖေက သူမ သေသွားတော့ တအား ဝမ်းနည်းနေရတာလဲ? ဘာလို့ ဟန်တင်းယွီက သူမ သေပြီးသွားတော့ သူကမ္ဘာကြီးပျက်စီးသွားသလိုဖြစ်နေရတာလဲ? သူမ ဟန်တင်းယွီ သူမကိုမချစ်စေချင်ဘူး ဘာလို့ ဟန်တင်းယွီက သူမကို ချစ်ရတာလဲ သူမကတော့ သူမ ပိုင်ဆိုင်သမျှ သူယူသွားလို့ သူ့ကို အမုန်းဆုံးဖြစ်နေတာကိုလေ ဘာလို့ ဟန်တင်းယွီက သူမ အမေ သူမအဖေကိုချစ်သလိုမျိုး သူမကိုချစ်နေရတာလဲ ဘာလို့ ဟန်တင်းယွီက သူမအမေလို အထီးကျန်တဲ့နှလုံးသားနဲ့သေသွားရတာလဲ သူမ ဟန်တင်းယွီ သူမကိုချစ်မှာကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး
သူမ ဘယ်တုန်းက အိပ်ပျော်သွားမှန်းမသိလိုက်ဘဲ သူမ အိပ်ပျော်နေရင်း ဟန်တင်းယွီနာမည်ကိုရေရွတ်နေခဲ့သည်
"ဟန်တင်းယွီ.."
"လျိုအန်းဟိုင် ထ" သူပြောလာသည်။
"ဟန်တင်းယွီ.."
"မင်းအိမ်မက်မက်နေတာ ထတော့"
သူမ စကားပြောနေတာကို မီးဖိုချောင်ထဲကနေ ကြားလိုက်ရတာပင် သူမ အိပ်ခန်းထဲ ဝင်ကြည့်တော့ သူမက ငိုပြီး သူ့နာမည်ကို အော်ခေါ်နေမယ်လို့ သူ မထင်ထား
သူမ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာကာ သူမရဲ့အားနွဲ့တဲ့အမူအရာက သူ့နှလုံးသားကို ဖြတ်တောက်သွားသလိုပင်
"ဘာလို့ ဒီရောက်နေတာလဲ?" သူမ မေးပြီး အိပ်ရာကနေ ထထိုင်လိုက်သည်။
သူ သက်ပြင်းချလိုက်သည်။ ရေခဲ ဘုရင်မ က ပြန်လာပြီပင် သူ ရေချိုးခန်းကို သွားပြီး တဘက်စို တစ်ခုနဲ့ပြန်လာခဲ့သည်။
"သွားရည်တွေသုတ်လိုက်ဦး" သူပြောကာ သူမပေါင်ပေါ်ကို တဘက်ပစ်ပေးလိုက်သည်။
"ထွက်သွား ငါနင့်ကို မလိုဘူး"
"ငါညစာလုပ်ထားတယ် မျက်နှာက သွားရည်တွေသုတ်ပြီးရင် ဆင်းလာခဲ့"
သူက သူမ အိပ်နေရင်း ငိုတာတွေ အိမ်မက်ဆိုးတွေအကြောင်းမမေးဘဲ သူမ အိပ်ခန်းကနေထွက်လာခဲ့သည်။ ဘာလို့ သူတို့ ရန်ဖြစ်နေတာတောင် သူမကို ကာကွယ်ပေး ဂရုစိုက်နေရတာလဲ? သူမ သူမရဲ့ပထမ ဘဝမှာကော ဒုတိယဘဝမှာပါနားမလည်နိုင် သူမ သူနဲ့ဆက်ရန်ဖြစ်နေရင် အားကုန်သွားမှာလို့တောင် ခံစားနေရပြီ
အိပ်ရာပေါ်ကဆင်း လှေကားကနေ မီးဖိုချောင်နားက ဘားမှာထိုင်လိုက်သည်။
"သားဒီမှာပဲ" ဖုန်းပြောလို့နေသည်လေ "လျိုအန်းဟိုင်က သားညာဘက်လက်ကို ပတ်တီးစီးပေးတယ်"
မီးဖိုချောင်ထဲကနေ သူ လျိုအန်းဟိုင်ကို မြင်တာကြောင့် ဖုန်းကို စပီကာဖွင့်လိုက်သည်။
"ရှောင်ယွီ ဘာလို့ တအား ခေါင်းမာရတာလဲ ခုထိ အန်းဟိုင်ကို မမကြီးလို့ မခေါ်သေးဘူး အန်းဟိုင်ကော ဘယ်လိုနေလဲ အန်းဟိုင်နဲ့ရန်ဖြစ်မနေနဲ့နော်"
"အမေ စိတ်မပူပါနဲ့ အန်းဟိုင်အဆင်ပြေပါတယ် သားတို့ ရန်လည်းမဖြစ်ဘူး" သူ ပန်းကန်လုံးကို ဘားကိုသယ်လာရင်းပြောလိုက်သည်။
သူမ ငါးချိုချဉ်စွတ်ပြုတ်ခေါက်ဆွဲကို ကြည့်လိုက်သည်။ သူက သူမ ငါးချိုချဉ်စွတ်ပြုတ်ကို ကြိုက်မှန်း ဘယ်လိုသိလဲ လျိုစံအိမ်မှာ ဘယ်တော့မှ မစားတာကိုလေ? သူမ တုံ့ဆိုင်းနေပြီးမှ ညစာကို စစားတော့သည်။
"ဦးလေးလျိုကို စိတ်မပူဖို့ပြောလိုက်ပါ" သူပြောပြီး ဘားက သူမဘေးမှာထိုင်လိုက်သည်။
သူမ အဖေ အကြောင်းပြောတာကြားတော့ သူမစားတာရပ်သွားတော့သည်။
"အင်း အမေ သားသူ့ကို ဂရုစိုက်လိုက်ပါ့မယ်"
သူမ ပန်းသီးဖျော်ရည်ခွက်ကိုယူပြီး သောက်လိုက်သည်။
"အမေ ပေါလ်ကို သားခရီးဆောင်အိတ် ဒီကိုယူလာခိုင်းပေးပါဦး ဘိုင့်"
ခရီးဆောင်အိတ်? သူညစာစားနေတုန်း သူ့ကို ဒေါသတကြီးကြည့်လိုက်သည်။
"ဘာလို့ ပေါလ်က ဒီကို ခရီးဆောင်အိတ်ယူလာမှာလဲ?"သူမမေးလိုက်သည်။
"ဦးလေးလျိုက မင်းရဲ့ အရိုင်းဆန်တဲ့ ညဘဝကို စိတ်ပူနေလို့ ငါ့ကို မင်းကိုစောင့်ကြည့်နေစေချင်တာ"
"ဘာ?"
သူမ သူမထက်ငယ်တဲ့လူတစ်ယောက်ကို သူမကို မထိန်းနေစေချင်
"နင်ထွက်သွားတော့"
"မင်း မင်းအဖေကို ဖုန်းဆက်ရင် ငါထွက်သွားပေးမယ်" သူပြောပြီး သူ့ဖုန်းကိုသူမကိုပေးလိုက်သည်။
သူမ သူမ အဖေနဲ့ထပ်ရန်မဖြစ်ချင်တာနဲ့ ဟန်တင်းယွီဖုန်းကိုယူပြီး ဘားမှာတင် ဖျက်ဆီးပစ်လိုက်တော့သည်။
-
တနင်္လာမနက် လျိုအန်းဟိုင် ရဲ့စီမံခန့်ခွဲရေးလက်ထောက် အယ်လ် က တုံ့ဆိုင်းစွာနဲ့ လျိုအန်းဟိုင် ရုံးခန်းတံခါးကိုခေါက်လာခဲ့သည်။ ဒါမဲ့ လျိုအန်းဟိုင် လက်အောက်က ဝန်ထမ်းတွေက အယ်လ်ကို တောင်းပန်ထားကြတာ ရေခဲ ဘုရင်မကို ချော့ဖို့ အဲ့ဒါမှ သူတို့ အလုပ်မှာ သက်သောင့်သက်သာနေနိုင်မှာလေ ဘယ်သူကမှ ဘာလို့ လျိုအန်းဟိုင်က မနက်ခင်း အစည်းအဝေးလုပ်ပြီး နှစ်တိုင်းလူတိုင်းရဲ့ဖြန့်ဖြူးရောင်းချနိုင်မှုကိုမေးလာသည်လေ ပြီးတော့ နောက်လ ကျ အပြီးသတ်လုပ်ပေးဖို့လည်းတောင်းဆိုထားတာ
အယ်လ်က သူမ စားပွဲပေါ်က မြည်နေတဲ့ဖုန်းကိုကိုင်လိုက်သည်။
"အယ်လ် ဧည့်ကြိုကောင်တာမှာ ခပ်လန်းလန်းမော်ဒယ်လ်တစ်ယောက်ရောက်နေတယ်" လီလီပြောလာသည်။
"မော်ဒယ်လ်ကိုဒီလွှတ်လိုက်" အယ်လ်ပြောလိုက်သည်။
လီလီက ဟန်တင်းယွီကို စီမံခန့်ခွဲရေးအလွှာကို ခေါ်လာခဲ့သည်။
"ကြိုချိန်းထားတာရှိလား?" အယ်လ်မေးလိုက်သည်။
"ကျွန်တော်က ဒီကို.." ဟန်တင်းယွီပြောလိုက်သည်။
"အယ်လ် ငါ့ကိုယူလာပေး..."လျိုအန်းဟိုင် သူမရုံးခန်းတံခါးကနေ လှမ်းပြောလိုက်ရင်း "ဟန်တင်းယွီ နင်ဒီကိုဘာလာလုပ်တာလဲ?"
ဟန်တင်းယွီ နေ့လည်စာဘူးကိုမြှောက်ပြကာ "နေ့လည်စာထမင်းဘူး ယူလာပေးတာလေ"
-