အနက်ရောင် ကုဒ်အကျီလက်ရှည် ကို ဆင်မြန်းထားတဲ့ ၅နှစ်အရွယ် ကလေးလေးက
သူထက် အရပ် မြင့်တဲ့ ကောင်လေး တစ်ယောက်ရဲ့ လက်ကို နွေးထွေးစွာ ဆုပ်ကိုင် လိုက်ပြီး.
ကိုကို...... ကိုကို
မခေါ်နဲ့ ငါမင်းအသံကို မကြားချင်ဘူး...
မားရဲ့ ဇာပနကိုတော့ အေးအေးဆေးဆေး လေးပြီးစေချင်တယ်...။
မင်းဟာ ငါတို့ မိသားစုအတွက် ဂြိုလ်ဆိုးပဲ...
ကိုကို ပြောတဲ့ စကားလုံးတှအေတှကျ ပြန်ဖြေရှင်းစရာ စကားတွေမပြောတက်ပေမဲ့..
တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ ဘာတစ်ခုမှ မရှိဘူးဆိုတာကိုတော့ ကိုကို ကိုယ်ပြောပြချင်တယ်..။
ကြောက်တယ်... ကိုကို မုန်းမှာ အကြောက်ဆုံးပါပဲ....
တစ်လုတ်လုတ် ဖြစ်နေတဲ့ မျက်ခွံတွေနဲ့ အလိုလို ဖြစ်တည်လာတဲ့ မျက်ရည်စ တွေက ခေါင်းအုံးပေါ်ကို ကျလာခဲ့တယ်..။
အခုလို အိမ်မက်ဆိုးတွေ မျက်ရည် စပ်လက်နဲ့ နိုးထခဲ့ရတဲ့ မနက်ခင်း တွေကတော့ ရိပေါ်ဆိုတဲ့ ကျွန်တော် ဘဝမှာ ပထမဦးဆုံး အကြိမ်လဲ မဟုတ်တော့ပါဘူး....
အိမ်မက်ဆိုး တွေက အရမ်းမွန်းကြပ်ပြီး ကျွန်တော်ဘဝ တစ်ခုလုံး ကို ချုပ်နှောင် ခံထားရတယ်။
လူဖြစ်လာကတည်းက မိဘတွေ စွန့်ပစ်ခြင်း ခံခဲ့ရတဲ့ ကျွန်တော်ကို
ကိုကို တို့မိသားစု လေးက မွေးစားခဲ့တယ်..။
ပါးပါး ရော မားမား ကပါ အရမ်းချစ်ကြပြီး ဂရုစိုက်ခဲ့တဲ့ အတွက် ကျွန်တော် ပျော်ခဲ့ရပါတယ်..။
ကျွန်တော်ချစ်တဲ့ မိသားစုလေးထဲမှာ ကိုကို ပါရှိနေပေးခဲ့တဲ့အတွက် ပြီးပြည့်ဆုံ ခဲ့ပါတယ်.။
ပျော်စရာ အချိန်လေးတွေက အကြာကြီးတော့ မရလိုက်ပါဘူး..
အဲ့လို ကံကြမ္မာဆိုး ကို ကျွန်တော်ကိုယ်တိုင်ကပဲ ဖန်တီးသလို ဖြစ်ခဲ့တယ်..။
မားဆုံးတာဟာ ကျွန်တော်ကြောင့်ပါ...
မားဆုံးခဲ့ရပြီး နောက်ပိုင်း ကျွန်တော် အကြောက်ဆုံး ကိုကို အမုန်းတွေက ..
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။