'' ပါးပါး က ေမွးစားသားလေးနားမှာ တစ်ချိန်လုံး ဆေးရုံဆောင့်ပေး နေရလို့ အရမ်းပင်ပန်းနေမှာပဲနော်..''
အိမ်ထဲဝင်လာတာနဲ့ ရှောင်ကျန့် ရဲ့
ခနဲ့တည့်တည့် စကားသံကြောင့် ရှောင်ပါး ဒေါသ ထွက်သွားတယ်။'' ဘာလို့ ဒီလိုလုပ်ရတာလဲ ရှောင်ရိလေးမှာ တစ်နေ့နဲ့ တစ်ညလုံး သတိမေ့နေခဲ့တာ
ပါးပါးဆေးရုံပြန်သွားရင် လိုက်ခဲ့ မင်းရှောင်ရိကို တောင်းပန်ရမယ်''
''ဗျာ... တောင်းပန်ရမယ် ဟုလား တစ်ကယ်တန်းတောင်းပန်သင့်တဲ့သူက သူပါ
သူလုပ်ရက်ကြောင့် ကျွန်တော်ကို သေအောင်တောင်းပန်ရင်တောင် မားမားရဲ့ အသက်ကို ပြန်မရနိုင်တော့ဘူး..''
'' သားကိုလေ လက်ရှိဘဝမှာပဲရှင်သန်စေချင်တယ် ။
အတိတ်မှာ ပိတ်လှောင်ပြီးသော နှစ်ယောက်လုံးမနာကိင်စေချင်တော့ဘူး''
'' ပါးပါးက သူ့အပေါ်ဆို ငယ်ငယ်ကတည်းက အမြဲဂရုစိုက်တယ် ဦးစားလဲပေးတယ်''
'' အဲ့တာသား အထင်လွှဲနေတာပါ သားနှစ်ယောက်လုံးအပေါ် ပါးပါးရော မားမားကပါ ဘယ်တုံးကမှ မေတ္တာ မပျက်ခဲ့ပါဘူး ''
'' ပါးပါးအပေါ် မှာ သံသရဝင်မိတယ်
ပါးပါးရဲ့ နောက်မိန်းမနဲ့ ရတဲ့သားကိုများ မွေးစားထားသလား...''
''ခွပ်''
ရှောင်ကျန့် စကားမဆုံးလိုက်ခင်မှာပဲ မျက်နှာပေါ်ကျရောက်လာတဲ့ လက်သီးချက်ကြောင့် ကြမ်းပြင်ပေါ် လဲကျသွာတယ်။
နှုတ်ခမ်းထောင့်နားက သွေးအချို့ကို လက်ခုံနဲ့ ခပ်ပြင်းပြင်းဖိသုတ်ရင်း
'' သူအတွက်ကြောင်နဲ့ ပါးပါးက ကျွန်တော့်အပေါ်မှာ အခုလိုလက်ပါတာ အသဲအနာဆုံးပဲ ''
ရှောင်ကျန့် ဒေါသ တကြီးနဲ့ အိမ်ထဲကနေ အရှိန်နဲ့ကားကိုမောင်းထွက် သွားတယ်။
ရှောင်ရိ အရွယ်ရောက်ရင် မင်းနဲ့လက်ထပ်ဖို့ မွေးစားခဲ့တာဟာ ပါးပါးဆန္ဒတင်မဟုတ်ပဲ..
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။