''ပါးပါး ကျွန်တော်ရောက်ပါပြီ..''
'' ရှောင်ရိ သားလာလေ..''
သူကို မျိုးရိုးနာမည်ထဲက ထုတ်ပါဆိုတော့လဲ မထုတ်ဘူး...
ဒီနာမည်ကို ကြားရတိုင်း ငါအသဲနာတယ်..။
ပါးပါး ကသာ သူရှေ့ကို ခေါ်မပြခဲ့ဘူး ဆိုရင် ရှောင်ကျန့် လဲ ရိပေါ်ကို ပြန်မှတ်မိဖို့ မသေချာဘူး..။
ရှောင်ကျန့် ''ကျစ်!! '' တစ်ချက်စုပ်လိုက်ပြီး မျက်မှောင်ကျုံ့သွားတယ်..။
ငါမုန်းတာ အဲ့လို ဟန်ဆောင်နေတာပဲ မသိရင် သူကပဲ အရမ်းအပစ်ကင်းနေတဲ့ ပုံစံနဲ့
'' ပါးပါး တို့နဲ့ မနက်စာ အတူလာစား''
''ဟုကဲ့.''..
ကျွန်တော် ဝင်ထိုင်လိုက်ပေမဲ့ ကိုကိုနဲ့ မျက်လုံးချင်းမဆုံမိအောင် ခေါင်းငုံ့ထားဆဲ..
လက်လေးနှစ်ဖက်ကို ယှက်ပြီး ဆုပ်ကိုင်ထားမိတယ်..။
ကျွန်တော်ဟာ ကုမ္ပဏီ တစ်ခုကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိပေမဲ့လဲ...
ကိုကို ရှေ့မှာ အဲ့ဒီအရည်အချင်းတွေက ဘာအသုံးဝင်မှာတဲ့လဲ..
အခုချိန်ထိ ကျွန်တော် ကိုကို ကိုရင်မဆိုင်ရဲသေးဘူး..။
ကိုကို မျက်နှာကို ရဲဝင့်စွာ မကြည့်ရဲပါဘူး..။
ပါးပါးက ကျွန်တော်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး
အဆင်ပြေမှာပါ ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကျွန်တော်ကို ပြုံးပြတယ်.။
''ဒီနေ့မနက် ပါးပါးတို့ မိသားစု ပျော်ပျော် ပါးပါး မနက်စာ စားကြတာပေါ့''....
''ပါးပါး ကျွန်တော်တို့နှစ်ယောက်ကို အကြောင်းမရှိပဲနဲ့တော့ မဆုံပေးလောက်ဘူး ထင်တယ်''
''ပါးပါး ပြောစရာရှိတာပြောပါ ကျွန်တော်အချိန်တွေကို ဘာမဟုတ်တဲ့ လူ တစ်ယောကျအ တွက် နဲ့ အကုန်မခံ နိုင်ဘူး''
''သား ရှောင်ရိလေးက ပါးပါး တို့ရဲ့ မိသားစုပဲလေ စကားကို ဆင်ခြင်ပြီးပြော''...
ကျွန်တော် အခုချိန်ထိ နားမလည်နိုင်သေးတဲ့ အကြောင်းအရာက အဲ့တာပဲ..
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။