ရှောင်မား ဆုံးပြီး ကတည်းက ရှောင်ရိလေးဘေးနားမှာ အဖော်ပြုပေးမဲ့ သူဆိုတာ မရှိခဲ့...
ပါးပါးကတော့ အလုပ်အားရင် အားသလို သူနဲ့ ကစားပေမဲ့..
သူလဲ ကျောင်းတက်လာရတော့ ပါးပါးနဲ့ တွေ့ဖြစ်တဲ့ အချိန်ဆိုတာလဲ မရှိသလောက်..ဦးလေးချန်ကတော့ အိမ်အလုပ်တစ်ဖက်နဲ့ သူကို ထိမ်းကြောင်းပေးခဲ့ရတယ် ။
ရှောင်ရိလဲ ကြာလာတော့ အေးစက်လာတဲ့ ဆက်ဆံရေးနဲ့ မာကြောမှု့ရဲ့ ထိတွေ့မှု့ဒဏ်ကို အသားကျလာခဲ့တယ်။
ကျောင်းပိတ်ရက်တိုင်း အိမ်အကွယ် တံခါးလေးကနေ ရှောင်ကျန့် ပြန်လာမဲ့ အချိန်ကို မျှော်နေခဲ့ရသူပေါ့..
ညအိပ်လို့ တစ်ယောက်တည်း ကြောက်ပေမဲ့ သူ့ဘေးမှာ အဖော်ပြုပေးမဲ့ သူဆိုလို..
ကိုကို ရဲ့ကိုယ်ပွား ယုန်ရုပ်လေးပဲရှိခဲ့တာ ဒါဟာ သူရဲ့တစ်ဦးတည်းသောအဖော် ဖြစ်သလို အားကိုးရာလဲ ဖြစ်ခဲ့တယ် ။
ည၁၀ နာရီ ဆိုတာ ကလေးတစ်ယောက် အိပ်မောကျတဲ့အချိန်ပေါ့..
တိတ်ဆိတ်နေတဲ့ အခန်းလေးထဲမှာ မိန်ဖျဖျ အလင်းရောင် လေးကိုအားပြုလို့..
ယုန်အရုပ်ကလေး ကိုရင်ခွင်ထဲ ပိုက်ပြီး အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်..
ငါထင်တဲ့အတိုင်းပါပဲ ဒီအရုပ်ကအခုချိန်ထိ မင်းလက်ထဲမှာ ရှိနေသေးတာပဲ..
'' ပေးစမ်း..''
အိပ်နေရင်းကနေ အရုပ်လေးဆွဲလုခံလိုက်ရတာကြောင့်..
နိုးလာခဲ့တဲ့ ကလေးလေး..မျက်လုံးလေး မပွင့်တစ်ပွင့်ကို အတင်းပွတ်သတ်ဖွင့်ရင်း..
'' ကိုကို ဘာလုပ်တာလဲ သားအရုပ်ပြန်ပေးပါ..''
'' ဒါမင်းအရုပ်မှ မဟုတ်တာ.. ''
'' ဒါပေမဲ့ ကိုကို သားကိုပေးထားပြီးသားပဲကို..''
'' အဲ့တာအရင်တုံးကလေ အခုငါပိုင်သမျှ မင်းဆီက အကုန်ပြန်ယူမယ်..''
ရှောင်ကျန့် သူလက်ထဲက အရန်သင့် ယူလာတဲ့ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်တယ်...။
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။