ရှောင်ကျန့် လေးလန်နေတဲ့ မျက်လုံးတွေကို အားယူပြီး မဖွင့်နိုင်သေးပေမဲ့..
ဆေးအနံ့တွေနဲ့ အရက်ပြန်အနံတွေကြောင့် သူကိုယ်တိုင် ဆေးရုံရဲ့ ကုတင်ပေါ်မှာ ရောက်နေတယ် ဆိုတာ ရိပ်စားမိတယ်..။
'' အား... ငါဘာဖြစ်သွားတာလဲ..''
သူကိုယ်သူ ကားaccident ကြောင့်ပဲ ဆေးရုံပေါ်ရောက်နေတယ်လို့ ထင်နေမိတာ..
ခေါင်းတွေလဲ မူးနေသလိုပဲ အနည်းဆုံးတော့ ခေါင်းမှာ ပတ်တီးရှိနေသင့်တယ်လေ..
ခေါင်းကိုထိကြည့်တော့လဲ ပတ်တီးရှိမနေ လက်တွေ ခြေထောက်တွေ ကြည့်တော့လဲ ပွန်းပဲ့ဒဏ်ရာ ဆိုတာ ဘယ်ဆီနေမှန်း မသိ..
ဒါက ဘယ်လို အခြေအနေ မျိုးကြီးလဲ..
'' ကိုကို သတိရလာပြီလား..''
ကိုကို ကသူကိုစိတ်ဆိုးပြီး အကပ်မခံရင်တောင် ကိုကို အနားမှာ တစ်ယောက်ယောက် ရှိနေမှ ဖြစ်မှာမို့ ရိပေါ် ယွီပင်း ကို ဆေးရုံလိုက်ခဲ့ဖို့
ဖုန်းဆက်ခေါ်ထားရသေးတယ်။
ရိပေါ် ဖုန်းထွက်ဆက်နေတုံး သတိရလာတာကြောင့် ..
ရှောင်ကျန့် သတိရရချင်း ရိပေါ်အနားမှာ ရှိမနေခဲ့ဘူး..။
ရိပေါ်ရဲ့ အမေးကို မဖြေပဲ မသိသလို မမြင်သလို မျက်နှာလွှဲနေသော ရှောင်ကျန့်..
မျက်နှာမှာတော့ တင်းထောင်နေတဲ့ မေးရိုးတွေနဲ့ ခတ်ထန်မှု့က အပြည့်
'' ကိုကို..''
ရိပေါ် ရှောင်ကျန့် လက်လေးကို ဆုတ်ကိုင် လိုက်ပေမဲ့...
'' ဘာလုပ်တာလဲ.. ဘာလို့ငါလက်ကို လာကိုင်တာလဲ..
ဦးလေးချန် ကို ဖုန်းဆက်ပေး အခုချက်ချင်း ငါကို လာခေါ်ပါလို့..''
'' ကိုကို စိတ်ဆိုးနေရင်တောင် အိမ်ကျမှ အေးဆေးရှင်းပြပါမယ်..
ဘာလို့ ရှောင်အိမ်တော်ကို ပြန်မှာလဲ
ကျွန်တော်တို့ နှစ်ယောက် အိမ်ကိုပဲပြန်ရအောင်ပါ ကိုကိုရယ် နော်..''
'' မင်းဘာတွေ လာပြောနေတာလဲ.''
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။