နောက် ၁၅ မိနစ်လောက်နေရင်ကိုကိုနဲ့တွေ့ရတော့မယ်..။
၅နှစ်လောက် ဝေးကွာနေတဲ့ အစ်ကိုတစ်ယောက်ကို ညီတစ်ယောက်အနေနဲ့ ပွေ့ဖက်ပြီး နှုတ်ဆက်ချင်တာပေါ့....
ဒါပေမဲ့ ကျွန်တော်မှာ အဲ့ဒီလိုမျိုးအခွင့်အရေးမှ မရှိတာ..
ကိုကို ကိုယ်ပေးခဲ့တဲ့ ကတိကိုလဲ ကျွန်တော်တည်အောင် ကြိုးစားနေပါတယ်..။
ကိုကို ပြန်လာရင် ကျွန်တော်အဝေးကို ထွက်သွားဖို့ပါပဲ..
ကားဘတ်မှန် ထဲကနေ ပါးပါးတို့ကို လှမ်းမြင်လိုက်တော့ မျက်နှာမပေါ်အောင် ဦးထုပ်ကို နည်းနည်း လေးငုံ့ဆောင်းလိုက်တယ်..။
ကိုကိုနဲ့ ပါးပါး ကားထဲဝင်လိုက်ပြီဆိုတာနဲ့ ကား စက်နိုးပြီး စမောင်းလိုက်တယ်..။
ကျွန်တော်ကသာ ကိုကို သိမှာဆိုးလို့ စိတ်မလုံမလဲ ဖြစ်နေရတာ ကိုကိုကတော့ သတိထားမိပုံမပေါ်ပါဘူး...။
နောက်ကြည့်မှန်ထဲက ကိုကို ကိုယ် ခိုးကြည့်မိတယ်..။
ခြေချိတ်ထိုင်ပြီး ကားမှန်ကနေအပွငျကို ငေးကြည့်နေပုံ
မျက်နှာကျောတင်းပြီး အရင်ကလို မပြုံမရီတော့တဲ့ ကိုကို
မျက်နှာက တည်ကြည်ပြီး ခန့်ညားနေတဲ့ ကိုကိုက
အရင်ကထက်
ပိုပြီး smart ကျလာတယ်..။
ရိပေါ်မောင်းလာတဲ့ ကားလေး ခြံထဲ ကိုဝင်လာပြီ ဆိုရင်ပဲ..
သားကြည့်ပါအုံ ပါးပါးတို့စံအိမ်က အရင်ကနဲ့ ဘာတွေပြောင်းလဲ သွားလဲဆိုတာ...
ရှောင်ကျန့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး မားမရှိတော့တာကလွှဲလို့ ကျန်တာကတော့ အရင်လိုပါပဲ...
ရှောင်ကျန့် ပြောပြီးတာနဲ့ အိမ်အပေါ်ထပ်က သူ့အခန်းဆီကိုသာ တက်လာလိုက်တော့တယ်..။
အရင်အချိန်တွေကို ပြန်တွေးရင်း ဒေါသ တွေနဲ့ ဘဝ ရဲ့ နာကျင် မှု့တွေကအထွတ်အထိပ်
အပြင်ပိုင်းမှာသာ မာကျောချင်ရောင်ဆောင်နေခဲ့တာ...
တစ်ကယ်တမ်းကျ တော့ နုနယ် တဲ့ နုလုံးသားနဲ့ ဝမ်းနည်းမှု့တွေဟာ ရှောင်ကျန့် ရင်ထဲမှာ ကိန်းအောင်း နေတုံး..
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။