ကျွန်တော် ရဲ့ ကိုကိုကလေ သူ့ဆန္ဒလေး အတိုင်းသာ ဘာမဆို ဖြည့်ဆည်းပေးနေရင်..
မျက်လုံးလေးတွေကစ အရည်လဲ့ပြီးပြုံးပျော်နေတာ..
နည်းနည်း လေးမျန်း စိတ်အလို မကျကြည့်ပါလား..
ဆူပုတ်ပုတ်နဲ့ စကားလဲ ကောင်းကောင်း ပြန်မပြောတော့ဘူး.။ဆေးရုံက ဆင်းပြီးကတည်းက ကိုကိုကလေ အရင်က ကျွန်တော် သိခဲ့တဲ့ ကိုကိုနဲ့ မတူတော့တာ..
တစ်ခြား လူတစ်ယောက်နဲ့ လိပ်ပြာများ လဲထားသလားပဲ..။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်တော်ဘေးနားမှာ ရှိနေတာ ကိုကို ဆိုတဲ့ လူသားလေး ဖြစ်နေရင် ရပြီ..။
''ဒါ မင်းနေတဲ့ ကွန်ဒိုတိုက်ခန်းလား ''
ရိပေါ် ကားပါကင်ထိုး နေရင်းကနေ
'' ဟုတယ်လေ ဒါ ကျွန်တော်တို့ ကုမ္ပဏီ ကနေပဲ ဆောက်ထားတာ
ကျွန်တော်က အပေါ်ထပ် ၃လွှာမှာနေတာ..''
ရှောင်ကျန့် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး..
''အဲ့တာဆိုလဲ သွားမယ်လေ မိုးရွာ တော့မယ်နဲ့တူတယ်..''
ကျွန်တော် အခန်းထဲ ဝင်ဖို့ အရမ်းကို တက်ကြွနေတဲ့ ကိုကိုပါလေ..
ရိပေါ်မှာတော့ အကျန်အိုက်နေတုံး.
ကိုကို ကိုယ် ပစ္စည်းတွေ သိမ်းပြီးမှပဲ အခန်းထဲကို အဝင်ခံလို့ရမယ်..။'' ရိပေါ် ဘာလို့ သော့ဖွင့်တာ အဲ့လောက်ကြာနေတာလဲ..
ငါဖွင့်ပေးရမလား..''
'' ရတယ် ကိုကို ကျွန်တော် ဖာသာ ဖွင့်ပါမယ်..
ကိုကို ခဏနော်..''
ရိပေါ်ပြောပြော ဆိုဆို သူတစ်ကိုယ်စာ တံခါးလေး လှပ်ပြီး အခန်းထဲကို အပြေးဝင်သွားတယ်..။
ရှောင်ကျန့် ကတော့ ရုပ်တစ်ရပ်ဖို့ အပြင်မှာ ကြောင်တောင်တောင်လေး ကျန်ခဲ့တယ်..။
သူပြန်ပြီး အသိဝင်လာမှ တံခါးခေါက်ပြီး သောင်းကျန်းတော့တာပဲ.
'' ရိပေါ် ဒါဘာလုပ်တာလဲ အခုတံခါးဖွင့် ''
'' ကိုကို ခဏလေးနော် ၅မိနစ်လောက်ပဲ အရမ်းရှုတ်ပွနေလို့..''
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။