နွေရာသီ ကုန်ဆုံးပြီ ဖြစ်၍ မိုးဦးကျရာသီ မြေသင်းရနံလေးက နှာခေါင်းထဲ တိုးဝင်လာပြီး
မိုးရာသီမို့ သစ်ပင်လေးတွေကလဲ ပျော်ရွှင်နေသရောင်...
မှိန်ဖျဖျ လရောင်အောက်မှာ ကြယ်ရောင်စုံ အလှကို ငေးမောနေတဲ့ ကောင်လေး တစ်ယောက်..
'' ကိုကို ''
ခေါ်လိုက်ရင်ပဲ အပြုံလေးနဲ့ ပြန်ထူးလာတဲ့ ကျွန်တော်ချစ်ရတဲ့ ကိုကို..
'' ထမင်းစားပြီးတာနဲ့ ခြံထဲဆင်းခဲ့ပါ လို့ပြောထားတာကို ဘာလို့ ဒီလောက်ကြာနေတာလဲ..''
'' ပါးပါး နဲ့ အလုပ်ကိစ္စလေး ပြောနေလို့ပါ
ကိုကို အတွက် အကျီလက်ရှည်နဲ့ ဆေးပါယူလာပေးတယ်..''
ကိုကိုက ချက်ချင်း ဆိုသလို နှုတ်ခမ်းလေး ထော်သွားရပြန်တယ်။
'' ငါက လူနာကြီး ကျနေတာပဲ အဲ့ဒီဆေးတွေလဲ မသောက်ချင်တော့ပါဘူးဆိုတာ အတင်းတိုက်နေကြတယ်
ဆေးရုံကသာ ဆင်းလာရတယ် ဆေးဆိုတာ သောက်လို့ကို မပြီးနိုင်တော့ဘူး..''
'' ကိုကိုက ကလေးလဲ မဟုတ်ပဲနဲ့ ဘာလို့ ဆေးသောက်တာ ကြောက်ရတာလဲ.. ''
ပြောလိုက်ကာမှ မျက်စောင်းလေးထိုးပြီး ခုံတန်းလေးပေါ် သွားထိုင်နေလိုက်သေးတယ်..။
ကိုကိုရှေ့ ဆေးဗန်းလေးချပြီး အက်ျီလက်ရှည်လေးကို ကိုကို ပခုံးပေါ်ခြုံပေးလိုက်တယ်။
'' အခုလို မိုးရာသီ မှာ အအေးမိပြီး ဖျားမှာ ဆိုးလို့ပါ ကိုကိုရဲ့..
ဆေးဆိုတာကတော့ သောက်ရမှာပေါ့ ကိုကိုမှ အတိတ်ကို ပြန်သတိ မရသေးတာ.. ''
'' ငါပြန်ပြီး မမှတ်မိချင်တော့ဘူး''
ကိုကို စကားကြားတော့ ကျွန်တော်မှာ အထူးအဆန်းဖြစ်ရတယ် ။
တစ်ချိန်လုံး သူမေ့နေတဲ့ အကြောင်းအရာတွေကိုပဲ အမြဲစဥ်းစားနေတဲ့ ကိုကိုက ဘာလို့ အခုကျမှ ပြောင်းလဲ သွားရတာလဲ..။
'' မင်းဒူထောက် တောင်းပန်တဲ့နေ့ကပေါ့ အရင်က ဖြစ်ဖျက်တစ်ချို့ ငါပြန်မှတ်မိလာတယ်..''
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။