အားအင်တွေကုန်ခမ်းသွားပြီး ပင်ပန်းသွားပြီ ဖြစ်တဲ့ကိုကိုက ကုတင်လေးပေါ်မှာ အခုချိန်ထိ သတိရမလာသေး..
ပန်းနုရောင် ဆေးရုံဝတ်ဆုံလေးနဲ့ ဖြူဖျော့နေတဲ့ ခန္တာကိုယ်လေးက ပနံသင့်စွာ...
သွေးရောင်ရော့နေတဲ့ နှုတ်ခမ်းသားလေးမှာ မှဲ့နက်လေးကသာ အထင်သား..
'' ကိုကိုအရမ်း ပင်ပန်းသွားပြီ ကျွန်တော်အတွက် သားလေး မွေးပေးလို့ ကျေးဇူးတင်ပါတယ်.. ''
ပွင့်မလာသေးတဲ့ မျက်လုံးလေးကို စူးစိုက်ကြည့်ရင်း ပြောနေတဲ့ ကျွန်တော်စကားတွေမှာ ဝမ်းနည်းရိပ်တွေနဲ့..
တစ်ကယ်ဆို ကျွန်တော် ပျော်နေသင့်တာ..။
ဦးလေးချန်ကတော့ သားလေးကိုကြည့်ပြီး ပြုံးပျော်နေတာ..
သားလေးက ပါးဖောင်းဖောင်း လေးနဲ့အရမ်းချစ်ဖို့ကောင်းပြီး ကျွန်တော်နဲ့ တစ်ပုံစံတည်းပဲတဲ့..
ကျန်းချန် နဲ့ ယွီပင်း ကို ဖုန်းဆက်ပြောတော့ ဆေးရုံကို ချက်ချင်းလိုက်လာကြတယ်..။
'' ရိပေါ် ကလေးလေးက ချစ်စရာလေး ကွာ မင်းနဲ့ တစ်ပုံစံတည်းပဲ..''
ကိုကိုက ကျွန်တော်ကို ချစ်နေသေးလို့သာ ကျွန်တော်နဲ့တူနဲ့ သားလေးမွေးပေးတာများလား..။
ကျန်ကျန်ဖန်ဖန် တွေးမိနေတာ ကျွန်တော် သွေးသားနဲ့ဖြစ်တည်လာတာပဲ တူမှာပေါ့...
ပုခတ်လေးထဲမှာ အိပ်နေတဲ့ ကလေးသေးသေးလေးကို ဦးလေးချန်ရော အကိုကျန်းချန် တို့ပါ ဝိုင်းအုံကြည့်ပြီး ချီးမွမ်းခန်းဖွင့်နေကြတာ..
ကျွန်တော်ကတော့ သားကိုတောင်မကြည့်နိုင်ပဲ ကိုကိုနားကနေမခွာနိုင်..
ကိုကို မျက်နှာကို တစ်စိမ့်စိမ့်နဲ့ အဝထိုင်ကြည့်နေတာဆို ပိုမှန်လိမ့်မယ်။
ကိိုကို ရဲ့မျက်နှာနားကို တိုးသွားပြီး ဆံပင်လေးဝဲကျနေတဲ့ နဖူးပြင်လေးကို အသက်အောက်ပြီး ဖွဖွလေး နမ်း လိုက်တယ်..။
ကျွန်တော် ရဲ့ဝင်သက် ထွက်သက်တိုင်း အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းစေချင်တယ်..။
YOU ARE READING
ကိုကိုအမုန်းမှ လွန်၍
Fanfictionနောက်ဆုံးဆန္ဒအနေနဲ့ ဆုတစ်ခုသာတောင်းခွင့်ရမယ်ဆိုရင် ကိုကို အမုန်မှ အမြန်ဆုံး လွန်မြောက်ပါစေ...။