[Unicode]Taehyungရေချိုးခန်းထဲကပြန်ထွက်လာတော့ Jungkookမရှိတောပေ။
သူ့အခန်းသူပြန်သွားတာနေမှာပေါ့...
Taehyungလဲအဝတ်အစားလဲပြီး ခါးနာနာနဲ့ပင်ထမင်းစားခန်းဆီဆင်းလာခဲ့လိုက်သည်။
မီးဖိုချောင်ထဲတွင် အိမ်တော်ထိန်း Choiနှင့်အတူ မနက်စာပြင်နေသည့် အမေ့ကိုတွေ့ရသည်။
အမေကသူ့ကိုမြင်တော့...
"ဟယ်!...သား မင်းမျက်နှာကဘယ်လိုဖြစ်တာလဲ"
Taehyungမှာညကကိစ္စကိုရိပ်မိသွားမှာစိုး၍ ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်တွေကိုတောင် အင်္ကျီလက်ရှည်ကော်လံထောင်ဝတ်ပြီးဖြေရှင်းခဲ့ရသည်ကို မျက်နှာကဘာဖြစ်ရပြန်ပြီးတုံး။
"ဟမ်...ဗျာ။ မျက်...မျက်နှာကဘာဖြစ်နေလို့တုံးဟင်"
"မျက်နှာက နဲနဲများဖောင်း..."
"အာ...အိပ်ရေးဝလို့ဖြစ်မယ်။ဒီမှာက အိပ်ရာက နဲနဲသက်သောင့်သက်သာဖြစ်တယ်လေ အဲ့တာကြောင့်မို့နေမှာပါ...ဟီး"
မျက်နှာကငိုထား၍ နဲနဲမို့အစ်နေသည်။
"အေးပါကွယ်...အမေက မတည့်တာတွေစားပြီးအလက်ဂျစ်တွေဘာတွေများထနေတာလားလို့...ကဲပါ အိပ်ရေးဝတယ်ဆိုလဲပြီးတာပါပဲ။ ထိုင်ခုံမှာသွားထိုင်နေ မေမေတိုးပြီးရင်မနက်စာစားကြမယ်"
"ဟုတ်!မေမေ"
ထိုအချိန် ထမင်းစားခန်းထဲဝင်လာသော Jeonသခင်ကြီး...
"မနက်စောစောစီးစီး သားအမိတွေဘာတွေပြောနေကြတာလဲ"
ထိုအခါ အမေက...
"အော်...ဒီလိုပါပဲအကိုရယ်...ဟိုဟိုဒီဒီပေါ့"
မနက်စာစားဖို့လူစုံနေချိန်တွင် Jungkookတစ်ယောက်ရှိမနေပေ။
"အကို! Jungkookလေးရောဟင်"
"ဟေ...ဟုတ်သားပဲ။အိမ်တော်ထိန်း Choi! Jungkookကိုသွားခေါ်ချေ။"
"ကျနော်ရောက်ပါပြီ"
အသံမပေးဘာမပေးနဲ့ရောက်လာတဲ့ Jungkookကြောင့် မနက်စာစားရန်သာပြင်လိုက်ကြသည်။
အခန်းအတွင်းရဲ့တိတ်ဆိတ်မှုက အခုချိန်သာ အပ်သေးသေးလေးတစ်ခုပြုတ်ကျမည်ဆိုလျှင်တောင်အပ်ပြုတ်ကျသံကြားနိုင်လောက်မည့်အခြေအနေပင်။