9 ⚠

895 30 0
                                    


[Unicode]

"ဒယ်ဒီ!...သားဝင်လာခဲ့လို့ရမလား!"

Taehyungတစ်ယောက် စာဖတ်ခန်းတံခါးကိုခေါက်ကာဝင်ခွင့်တောင်းလိုက်ပြီး...

"ဝင်ခဲ့!"

ဆိုသည့်ခွင့်ပြုချက်ကြားတော့ဝင်လာခဲ့လိုက်သည်။

"ဘာပြောမလို့လဲ...သား"

Jeonသခင်ကြီးကထိုသို့ပြောလိုက်တော့...

"ဟို စေ့စပ်ပွဲကိစ္စ..."

"သားသဘောပါပဲ...ဒယ်ဒီအတင်းမတိုက်တွန်းပါဘူး"

"သား...စေ့စပ်ပွဲကိုလက်ခံတယ် ဒယ်ဒီ"

"သေချာပြီလား! သား"

"သေချာပါတယ် ဒယ်ဒီ"

"အဲ့တာဆို...ဒယ်ဒီသန်ဘက်ခါလောက်စီစဉ်လိုက်မယ်"

အရမ်းမြန်လွန်းမနေဘူးလားလို့ Taehyungပြောလိုက်ချင်ပေမဲ့ ဒယ်ဒီ့ကိုသူအထွန့်မတက်ချင်တော့ပါ။

"ဟုတ်ကဲ့...ဒယ်ဒီ"

Taehyungတို့စကားပြောနေတာကို အခန်းတံခါးလေးကိုအသာလေးဟကာ ခိုးနားထောင်နေတဲ့ကောင်လေးတစ်ယောက်လဲရှိသတဲ့။

∆∆∆

"ဟ့!! ငါ့သမီးက ဒီလိုဆိုတော့လဲ ဘယ်ဆိုးလို့လဲ...အဲ့တော့သမီးက Kim Taehyungနဲ့စေ့စပ်တော့မယ်ပေါ့"

ဧည့်ခန်း sofaပေါ်တွင်ခြေချိတ်ထိုင်နေပြီး ဖုန်းဖန်သားပြင်အားပွတ်ဆွဲနေသော သမီးဖြစ်သူအား လှေကားပေါ်ကဆင်းလာတဲ့Mr.Leeကပြောလိုက်ခြင်းပင်။

"အဖေ့သမီးအကြောင်း အဖေသိပါတယ်"

"သိပါတယ်ဗျာ...သိပါတယ်။ပြောပါအုံး...ဘယ်နေ့တဲ့လဲ"

"သန်ဘက်ခါ"

"မြန်လှချည်လား!"

"သမီးကတော့ ခပ်မြန်မြန်ပဲ အဖေ...စေ့စပ်ပွဲပြီးမှ လက်ထပ်ဖို့စီစဉ်လို့ရမှာ။ပြီးတော့အနှောင့်အယှက်လေးတွေလဲရှိနေသေးတယ်လေ"

"ဘယ်ကအနှောင့်အယှက်တွေတုံးသမီးရဲ့...အဖေရှင်းပေးမယ်လေ"

Mr. Leeကသူ့သမီးထိုင်နေတဲ့မျက်စောင်းထိုးsofaမှာဝင်ထိုင်လိုက်ကာပြောလိုက်ကာပြောလိုက်သည်။
ထိုအခါ Lee HaeYoonကခေါင်းခါပြသည်။

JEON TAE is mine (Completed) Where stories live. Discover now